အသက် ၇၅ ငါးနှစ်ရှိပြီဖြစ်သော်လဲ စားဝတ်နေရေးအတွက် ရေခဲချောင်းရောင်းပြီး အသက်မွေးနေရသူအဖွားအား ကူညီ

(၇၅)နှစ်ရှိရေခဲချောင်းရောင်းနေသူ အဖွားအို အား ကျန်းမာရေးကိစ္စ၊ စား‌ကုန်များအပြင် ရာသက်ပန် လစဉ်(၆၀၀၀ဝိ/) ဦးသန်းဦး(ကောင်းသန့်ကုန်စုံဆိုင်) မိသားစု မှ လှူမည်

ဒလ မေ ၇ ရန်ကုန်ပေါက်ဈေး ကုန်ဈေးနှုံးအတိုင်း ရောင်းချနေသော ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနေ ဦးသန်းဦး(ကောင်းသန့်ကုန်စုံဆိုင်) ဇနီး ဒေါ်ဇင်ညိုလတ်၊ သမိး ရွှန်းလဲ့ဦး၊ သား မောင်အောင်မင်းခန့် မိသားစု မှ ဒလမြို့နယ်အတွင်း လှည့်လည်ကာ နေ့စဉ်ပုံမှန် ခက်ခဲ ပင်ပန်းစွာဖြင့်

ရေခဲချောင်းရောင်းကာ စား၊ ၀တ်၊ နေရေးအတွက် ရုန်းကန်နေရသော ဒလမြို့၊ ကျန်စစ်သားရပ်ကွက်နေ အသက်(၇၅)နှစ်အရွယ် အဖွားအို အား လစဉ်ပုံမှန် (၁)လလျှင် (၆၀၀၀ဝိ/)ကျပ်နှင့်အတူ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးပစ္စည်းများကို ရာသက်ပန် လှူဒါန်းမည့်အပြင် ကျန်းမာရေးဆိုင်ရာ

ကိစ္စအဝဝကိုလည်း ယနေ့ မေ ၇ ရက်၊ မွန်းလွဲ(၃)နာရီအချိန်မှစ၍ စေတနာ သန့်သန့် စိတ်ရင်းစေတနာဖြင့် တာဝန်ယူ ကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ကိုဂျိမ်း(ဒလ)