Crush Bar ပိုင်ရှင် ရဲတပ်သား ရာထူးမှ ထုတ်ပယ်ခံရပြီး ပြန်လည်လွတ်မြောက်

ရဲထဲကပါတခါတည်း ထွက်ခွင့်ရသွားတယ် ပိုင်လိုက်တာ Crush Bar ပိုင်ရှင် ရဲတပ်သား ရာထူးမှ ထုတ်ပယ်ခံရပြီး ပြန်လည်လွတ်မြောက်

COVID-19 ကာလအတွင်း သင်္ကြန်ပါတီ ကျင်းပမှုခဲ့သည့် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ဖြင့် ဖမ်းဆီးအရေးယူခံရသည့် တာချီလိတ်မြို့မှ Crush Bar ပိုင်ရှင် ရဲတပ်သားမှာ ရာထူးမှ ထုတ်ပယ်ခံရပြီး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။

သင်္ကြန်ပါတီတွင် ပါဝင်ခဲ့သည့် အရပ်သားများကို ဒဏ်ငွေ ၅၀၀၀ ချမှတ်ခဲ့ပြီးနောက် ရဲတပ်သားကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲတပ်ဖွဲ့မှထုတ်ပယ်ခဲ့ပြီး အချုပ်မှ ပြန်လည်လွတ်မြောက် လာပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောသည်။ “ရဲစည်းကမ်းအရ သူ့ကိုထုတ်ပယ်လိုက်ပါတယ်။

တရားရုံးကတော့ ဒဏ်ငွေ ၅၀၀၀ ပေါ့။ သူပြန်လွတ်တာ ၃ရက်၊ ၄ရက် ရှိပါပြီ” ဟု ၎င်းက ပြောသည်။ သင်္ကြန်ပါတီကျင်းပခဲ့သည့် Crush Bar ကို မူလက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားသော်လည်း ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ကူးစက်ရောဂါ

ဥပဒေဖြင့် ပြောင်းလဲ အရေးယူပြီး ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ၅၀၀၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ MeKongNews