ကြီးကျယ်လိုက်တဲ့လူနာဗျာ…ကိုဗစ်ဖြစ်လို့ ဆေးရုံလာတက်တာကို အပန်းဖြေခရီးသွားတယ် ထင်နေလားမသိဘူး …ဆေးရုံဗျ ခင်ဗျားအမေလင်အိမ်မဟုတ်ဘူး…ဘယ်သူလဲသိချင်ရင်ဖတ်သာကြည့်တော့

လူလို မသိတဲ့ လူနာ …. စောင်ကြီးစောင်ကျယ် Case တစ်ယောက်အကြောင်း၊သေချာဖတ်ရင် ဘယ်ကေ့စ်လဲ သိလိမ့်မယ်

ကျမဒီစာကို ရေးသင့်မရေးသင့် ချိန်နေရင်းနဲ့ ရေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုမဟုတ်ပါ၊ နံမယ်တော့တပ်မရေးတော့ပါဘူး၊ ခုလဲသူက ကျမfriends listထဲမှာ ရှိနေပါတယ်၊ ထားလိုက်ပါတော့၊ ဒါမှလဲ သူလုပ်ရပ် သူ့အပေါ်လူတွေရဲ့အမြင် သူ့ကြောင့် စိတ်ဆင်းရဲခဲ့ရတဲ့သူတွေရဲ့ခံစားချက်ကို သူသိနိုင်မှာပါ။

အခုက သူက ပိုးတွေ့ရှိလူနာစာရင်းထဲ ပါသွားပါပီ၊၊ အာ့စာရငိးထဲ မပါခင် သူက ပိုးတွေ့လူနာနဲ့ဆက်စပ်ပြီး သူတို့အုပ်စုကို ဆေးရုံရောက်သွားပါတယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ သူရောက်တဲ့ ဆေးရုံကြီးက အရမ်းညစ်ပါတ်ကြောင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းကြောင်း၊ ခလေးတွေက အများသုံးအိမ်သာ တက်ရတယ်ဆိုတဲ့အကြောင်း၊ ရေချိုးခန်းတွဲတက်ရတယ်၊

သူ့ကိုလဲပဲ တရားခံတယောက်လို စစ်ဆေးတယ်ဆိုပြီး ဆေးရုံကို check inဝင်ပီး သူ့အကောင့်ကနေ စာတင်လိုက်ပါတယ် အဲ့အထိပဲ ကိုယ်သိလိုက်ရပါတယ်…နောက်တနေ့ သူတို့အစုလိုက်အပြုံလိုက် positiveပြသွားပါတယ်၊ မနေ့ကတော့ သူငယ်ချင်းနာ့စ်က ဖုန်းဆက်တယ်၊ နင်တို့ခဝဲခြံက အဲ့ဒီတယောက်က တော်တော်ဆိုးတယ်၊

ဝုန်းဒိုင်းကြဲနေတာ ဆေးရုံကိုတဲ့၊ အဲ့ညမှာ ပူလွန်းလို့ဆိုပီး သူ့အိမ်က Air cooler,oven,etc. အကုန်ပြန်ယူခိုင်းတယ်တဲ့ ဆရာမတွေက တရက်ပဲသီးခံပေးပါ မနက်ဖြန် Negativeဆို အိမ်ပြန်ရမယ်၊ Positiveဆိုလဲ ဆေးရုံပြောင်းရမယ်ဆိုတာကို ပြောမရပဲ သူ့အိမ်ကလာပို့ပေးရတယ်တဲ့ နောက် ဆေးရုံအုပ်ကိုယ်တိုင် PPEဝတ်ပီးဆင်းလာပီး

သူ့စာကို ခုချက်ချင်းဖျက်ဆိုပီး လာပြောတယ်၊ ဟုတ်တယ်လေ အခကြေးငွေနဲ့တက်ရတဲ့ ဆေးရုံမှမဟုတ်တာ ရှိတဲ့ပုံအတိုင်းပဲ တက်ရမှာပေါ့၊ နောက်ဒီလိုလူနာမျိုးကို အအေးခန်းထားလို့မှမရတာ ၊ပိုးပိုပျံ့နိုင်တယ်လေ နောက်တရက် သူဆေးရုံပြောင်းရမယ်ဆိုတော့ ငါကလူနာ ငါ့အထုပ်ကိုဆွဲလို့ ပြောလို့ နာစ့်က နင့်မှာလဲခြေနဲ့လက်နဲ့ နင့်ဖာသာဆွဲလို့ ပြောလိုက်တယ်တဲ့၊

နောက်သူ့တပည့်တေခေါ်ဆွဲခိုင်းတယိ၊ ဝုန်းဒိုင်းကြဲသောင်းကျန်းပီး လူနာတင်ကားနဲ့ ဆေးရုံပြောင်းသွားတယ်ကြားတယ် ကျမပြောချင်တာခုမှစမှာပါ သူဟာပိုးတွေ့တဲ့ ၅၀အုပ်စုနဲ့ အစောပိုင်းကတည်းက တွဲပြီးတွေ့နေတဲ့ပုံတွေ လိုင်းပေါ်မှာကျမတွေ့ခဲ့တယ် အဲ့ဒီကတည်းက ကျမစိတ်ပူခဲ့သေးတယ်၊ ဒါပေမဲ့ ကိုယ့်အသိစိတ်နဲ့Qဝင်ခဲ့မယ်ပဲကျမထင်တာ၊

ခုတရက်နှစ်ရက်မှ အုံနဲ့ကျင်းနဲ့ သူတို့အုပ်စုပေါ်မှ သူအိမ်မှာပဲနေမှန်းကျမသိခဲ့ရတယ်၊ ခုဆို အသက်ကြီးတဲ့ရောဂါအခံရှိတဲ့ သူ့အမေ မနေ့က တောင်ဥက္ကလာဆေးရုံမှာ ဝမ်းလျောတာ ဘာဆေးပေးပေး မရပ်ဘူးဆိုတာ ကြားလိုက်ရတယ်၊ အရမ်းစိတ်မကောင်းဘူး ၊ဒီတောင်ကနေ ကျော်နိုင်ပါစေ ဆုတောင်းပေးပါတယ်၊

ဘုရားသခင် အလိုတော်အရဆိုပေမဲ့ ကိုယ့်ဟာကိုယ်လဲ ဦးနှောက်သုံးမှရမှာပါ၊ သူနံပါတ်က အရှေ့ကအဖွဲ့နဲ့ တရာကျော်ကွာတယ် သူရဲ့အတွေးအခေါ် သူလုပ်နေတဲ့အလုပ်ကို ကျမစဉ်းစားနေမိတယ်၊ သူကမ္ဘာတွေပါတ်လာခဲ့တာ ဘာအတွက်လဲ၊ သူ့အမြင်တွေက မကျယ်နိုင်တာ၊ တိုင်းပြည်ဆင်းရဲနေတာ ဆေးရုံက

သူဌေးဆေးရုံလို ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာရယ်၊ ရောဂါပိုးရှိတာကို အပြစ်တင်တာမဟုတ်ပေမဲ့ ရောဂါအစုလိုက်အပြုံလိုက် ဖြစ်ခဲ့တဲ့ သူလက်ပွန်းတတီးရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အရင်ကတည်းကကိုယ့်အသိစိတ်နဲ့ ဆေးရုံသွားခဲ့မယ်ဆိုရင် ဒီလိုတအိမ်တည်း တပြုံကြီး ပေါ်မယ်မထင်ဘူးလေ နောက်တခုက ကိုယ့်ကိုကုသပေးတဲ့သူတွေ

လာခေါ်ပေးတဲ့သူတွေက အရမ်းပူတဲ့ကြားက PPEတွေဝတ်ထားရတာကိုအားနာပဲ အဲကွန်းခန်းမဟုတ်လို့ဆိုပီး အတ္တကိုရှေ့တန်းတင်ပြီး အားမနာပဲ သောင်းကျန်းလာတာကိုလဲ အံ့ဩမိတယ် မြန်မာပြည်မှာသူဌေးကြီးတွေလဲလှူ၊ သူဌေးကြီးမဟုတ်တဲ့ သူဌေးလေးတွေလဲလှူ အလယ်အလတ်တန်းစားတွေလဲလှူ၊ အရမ်းမချမ်းသာတောင်မှ

ပရဟိတကို အသက်အရွယ်အရ မလုပ်နိုင်တော့လို့ နိုင်ငံသားတာဝန်ရှိတယ်ဆိုပီး ကိုယ်အသိစိတ်နဲ့ ကိုယ့်လိပ်ပြာကိုယ် လုံချင်လို့  လှူကြတဲ့ ကျမလိုသူတွေရော အများကြီးထဲမှာ သူရောမြန်မာပြည်အတွက်ဆိုပီး လူမျိုးမရွေး ဘာသာမရွေး ဘယ်ဘာသာဝင်အတွက်ဖြစ်ဖြစ်ဆိုပီး လှူခဲ့ဖူးပါသလား ကျမသိချငိပါတယ် ပိုက်ဆံမတတ်နိုင်လို့ပဲဖြစ်ဖြစ်၊

ပိုက်ဆံလဲလှူ လူလဲအားသွန်ခွန်ဆိုက်ကူညီတဲ့ခလေးတွေ၊ လူကြီးတေအကုန် အရမ်းပင်ပန်းကြပါတယ်၊ ခြေကုန်လက်ပန်းကျအောင် မလုပ်ကြပါနဲ့တော့လို့ပဲ တောင်းပန်ပါရစေ ၊ကိုယ်ပူနေတယ်ဆိုရင်တောင် ကိုယ့်တိုင်းပြည်အတွက် ကိုယ်တွေအတွက် လူသွားလမ်းမတွေ လူခြေနင်းဖတ်တွေမှာ မောပန်းပူလောင်ပြီး ကြုံရာနေရာမှာ

မောလွန်းလို့ လှဲနေကြတဲ့ အန္တရာယ်ကြားထဲက ကူညီပေးနေတဲ့ ထမင်းသိုးဟင်းသိုးတွေပါ စားနေကြရတဲ့ ပရဟိတသမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းစာပေးပါ လေးစားစွာဖြင့် ခရစ်ဒက် – Hnin Aye San

Add a Comment

Your email address will not be published. Required fields are marked *