ဖျာပုံမှာ အရက်မူးပြီး အိပ်ပျော်နေရာမှ နိုးလာသောအခါ ငါးဖမ်းလှေပေါ်ရောက်နေသော အဖြစ်
|ဖျာပုံမှာ အရက်မူးပြီး အိပ်ပျော်နေရာမှ နိုးလာသောအခါ ငါးဖမ်းလှေပေါ်ရောက်နေသော အဖြစ်
ဦးဇော်မင်းဦး အသက်(၄၇) (ဘ)ဦးလှမြင့်(မိ)ဒေါ်ရင်နု ဘုရားကြီးကုန်းကျေးရွာ၊ ပုသိမ်အရှေ့မြို့နယ် ဧရာဝတီတိုင်း။ ဖျာပုံမှာ အရက်သောက်ရာမှ (၃)ရက်ခန့် အိပ်ပျော်သွားပြီ ပြန်နိုးလာတော့ ကျိုက်ခမီမှ ဘုံကျောင်း(ငါးဖမ်းလှေ)ပေါ် ရောက်နေကြောင်းသိရ။
လာရောက်ပို့ဆောင်သူ ပွဲစားမခိုင်မှ ငွေ (၇)သိန်း ယူဆောင်သွားခဲ့ပြီး လှေပေါ်တွင် (၆)လ(၁၅)ရက် အလုပ်လုပ်ခဲ့ရပါသည်။ လှေနားသဖြင့် နေရပ်ပြန်ရန် လမ်းစာရိတ် တောင်းသော်လည်း ပွဲစားကြိုယူငွေ (၁)သိန်းကျော် မကျေသေးသဖြင့် လမ်းစာရိတ် မရရှိခဲ့ပါ။ ကျိုက်ခမီမှမော်လမြိုင်သို့ လမ်းလျှောက်ခဲ့။
ထမင်းမစားရသေးသဖြင့် မော်လမြိုင် RESCUE လူမူကယ်ဆယ်ရေးအဖွဲ့မှ ထမင်းကျွေး၊ အဝတ်အစားပေး၍ နေရပ်ပြန်နိင်ရေးအတွက် စီစဉ်ပေးသွားပါမည်။ မော်လမြိုင် RESCUE လူမူကယ်ဆယ်ရေးအဖွဲ့ 09 785 785 199 / 09 260 144 199 / 057 2021640
(အရေးပေါ်ဖုန်းတလုံးဖြစ်သော 09 784 784 199 မှာ တယ်လီနောရုံးမှ လိုင်းပိတ် ခံထားရပါသည်။ သွားပြောသော်လည်း ဘေမထည့်၍ ပိတ်လိုက် သည်ဟု ပြောပါ၍ ပြန်လည်ကြိုးစားဆောင်ရွက်ထားပါသည်။) လိုအပ်ပါက – ဦးမြင့်ဦး (ဥက္ကဌ – မော်လမြိုင် Rescue)
09 5322044 / 09 78000 2397 ကိုဇင်မိုး (ဒုဥက္ကဌ – မော်လမြိုင် Rescue) 09 442158281 / 09 968446565 တို့ထံလည်း အရေးပေါ်ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ လေးစားစွာဖြင့် crd