Mask ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တဲ့ မြန်မာ Zara အထည်ချုပ်စက်ရုံ

Mask ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တဲ့ မြန်မာ Zara အထည်ချုပ်စက်ရုံ

မြန်မာနိုင်ငံရှိ Zara အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို Mask တွေမပေးခဲ့ပဲ အလုပ်သမားတွေက တောင်းဆိုကြတဲ့အခါ အလုပ်ကထုတ်ပယ်ခဲ့တယ်လို့ နိုင်ငံတကာ MSN သတင်းစာမျက်နှာက မေလ ၉ ရက်မှာဖော်ပြပါတယ်။မြန်မာနိုင်ငံရှိ Zara ရဲ့ Myan Mode စက်ရုံက အလုပ်သမား ၅၀၀ လောက်ကို ကူးစက်ရောဂါချိန်မှာ ဒီအတိုင်းပစ်ချထားခဲ့တယ်လို့

သတင်းက ဆက်လက်ဖော်ပြပါတယ်။Zara ရဲ့လုပ်သားတွေဟာ လစာနည်းပါးပြီး မြန်မာနိုင်ငံမှာရှိတဲ့ Zara စက်ရုံက အလုပ်သမားတွေဟာ တစ်ပတ်ကို ၆ ရက် တစ်ရက်ကို ၁၁ နာရီအဆိုင်းနဲ့ အလုပ်လုပ်နေကြရပြီး သူတို့ကိုတစ်ရက်မှာ ၃ ဒေါ်လာခွဲကနေ ၅ ဒေါ်လာအထိပဲ လုပ်အားခပေးချေတယ်လို့ သတင်းကဆိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း Zara ဟာ

လူမည်းအလုပ်သမားတွေကို ခွဲခြားဆက်ဆံခဲ့တယ်လို့ အစွတ်ဆွဲခံခဲ့ရပြီး ဘရာဇီးနိုင်ငံက သူ့ရဲ့စက်ရုံတွေကိုလည်း ကျွန်စနစ်နဲ့ ခိုင်းနှိုင်းခဲ့ကြပါတယ်။ Zara ဟာ စပိန်နိုင်ငံမှာ စက်ရုံ ၁၃ ရုံရှိပြီး တခြားစက်ရုံတွေကတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တူရကီနိုင်ငံတွေမှာ ရှိပါတယ်။မတ်လမှာ Zara ဟာ တကမ္ဘာလုံးက သူ့စတိုးဆိုင် ၄၀၀၀ ခန့်ကို ခေတ္တပိတ်ခဲ့ပြီး စပိန်ကသူ့စက်ရုံတွေက

ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ မျက်နှာဖုံးတွေ၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေနဲ့ ဆေးကြောနိုင်တဲ့ ဆေးရုံသုံးဝတ်ရုံတွေကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။Zaraက PPE ဝတ်စုံ ၃ သန်းခန့်ကို ကမ္ဘာအနှံ့ဖြန်ချိခဲ့ပြီး စပိန်နိုင်ငံအတွက် အသက်ရှုစက် ၁၅၀၀ ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့စပိန်နိုင်ငံက အလုပ်သမားတွေဟာ လစာအပြည့်အဝရဖို့ အာမခံချက်ရှိခဲ့ပါတယ်။

စပိန်နိုင်ငံဟာပျော်ရွှင်ခဲ့ပြီး ကမ္ဘာကြီးကလည်း စပိန်ကိုကြိုဆိုဂုဏ်ပြုနေခဲ့ကြပါတယ်။အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ Amancio Ortega ဟာအလွန်ကောင်းမွန်တဲ့ PR စည်းရုံးလှုံ့ဆော်ရေးရဲ့ နောက်ကွယ်ကလူဖြစ်ပြီး စပိန်နိုင်ငံသားတစ်ယောက်ပါ။ သူဟာ Zara ရဲ့ မိခင်ကုမ္မဏီဖြစ်တဲ့ Inditex ရဲ့ပိုင်ရှင်ဖြစ်သလို ကမ္ဘာမှာ နံပတ် (၆) အချမ်းသာဆုံးလူလည်းဖြစ်ပါတယ်။

သူ့ရဲ့ဇာတိနိုင်ငံမှာ Zara ဟာ ပရဟိတလုပ် ငန်းတွေစတင်ပြီးတော့ အဆုံးသတ်ခဲ့ပါတယ်။အခြားနိုင်ငံတွေမှာ Zara ဟာ အထည်ချုပ်စက်ရုံတွေ အများကြီးဖွင့်ထားတာကတော့ လုပ်အားခဈေးပေါလို့ပါ။ ဒါပေမယ့် Zara ဟာဈေးပေါတဲ့ လုပ်အားခကို အမြတ်ထုတ်ဖို့အတွက် လွဲမှားစွာ အသုံးချခဲ့ပါတယ်။Zara ဟာ စပိန်နိုင်ငံမှာ ဆေးဝါးအထောက်အပံ့တွေလှုဒါန်းနေချိန်မှာ

မြန်မာနိုင်ငံက သူ့ရဲ့လုပ်သားတွေကို Mask တွေကိုတောင် ထုတ်မပေးခဲ့ပဲ တောင်းဆိုလာကြတဲ့အခါမှာတော့ အလုပ်က ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။၂၀၁၇ ခုနှစ်တုန်းကလည်း တူရကီနိုင်က Zara အထည်ချုပ်လုပ်သားတွေဟာ ငွေမပေးချေတဲ့အတွက် တိုင်ကြားခဲ့ကြပါတယ်။ Zara ရဲ့ မိခင်ကုမ္ပဏီ Inditex ဟာ အခွန်ရှောင်တိမ်းရှောင်မှုနဲ့ လည်း အစွတ်ဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

အထည်တိုင်းမှာ မျက်နှာစာနှစ်ဖက်ရှိပါတယ်။ တစ်ဖက်က ကမ္ဘာကြီးအတွက် ဘော်ကြယ်တွေနဲ့ ရွှမ်းလက်တောက်ပနေတဲ့ မြင်နိုင်တဲ့မျက်နှာစာဖြစ်ပြီး အခြားတစ်ဖက်ကတော့ ရှုတ်ထွေးပွေလီတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အလုပ်ခွင်တွေပါပဲ ဒီမျက်နှာစာကို လူတွေကမမြင်ရပါဘူး။ (MSN)