စာသင်ကျောင်းတွင် Quarantine ၂၁ ရက် နေထိုင်သူကို အစောင့်က မုဒိမ်းကျင့်ရန် ကြံစည်

စာသင်ကျောင်းတွင် Quarantine ၂၁ ရက် နေထိုင်သူကို အစောင့်က မုဒိမ်းကျင့်ရန် ကြံစည်

ဒီလှိုင်း မြိုင်၊ မေ ၉ ရက်။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် မန်းကျီးကန်အုပ်စု၊ ကန်ကြီးရွာ စာသင်ကျောင်းတွင် Quarantine ၂၁ ရက် နေထိုင်သူကို အစောင့်က မုဒိမ်းကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ Quarantine ၂၁ ရက်ဝင်နေသူကို မေလ ၆ ရက်နေ့က မုဒိမ်းကျင့်ရန် ကြံစဉ်သူကို ဆယ်အိမ်ခေါင်းကို အမှုဖွင့်ခွင့်မရသေးကြောင်း၊

Quarantine ၂၁ ရင်နေ့ ထိ ပြည့်မှသာ အမှုဖွင့်ခွင့်ရမည်ဖြစ်ကြောင်း Quarantine ဝင်နေသူ၊ မုဒိမ်းကျင့်ရန် ကြံစည်ခံရသူ မြိုင်မြို့နယ် ၊မန်းကျီးကန်အုပ်စု၊ ကန်ကြီးကျေးရွာမှဒေါ်ဌေးခိုင်ကပြောသည်။ ” ကန်ကြီးကျောင်းမှာ၂၁ရက်Quarantineဝင်ရပါတယ်၊ ၁ရက်နေ့မှာ ရွာအုပ်ချုပ်ရေးက ဆယ်အိမ်ခေါင်း၂ဦး ချထားပါတယ်၊

ဆယ်အိမ်ခေါင်း၂ဦးချတဲ့အချိန်မှာ မေ၅ရက်နေ့အထိအဆင်ပြေပါတယ်၊၆ရက်နေ့ကြမှ ဆယ်အိမ်ခေါင်း၂ဦးထဲက ၁ ဦးကကျွန်မနေတဲ့ အခန်းထဲကိုဝင်ဖို့ရာကြံစီခဲ့ပါတယ်၊ပြ တင်းပေါက်ကိုသူရဲ့အင်းအားနဲ့ဆွဲလှပ်ပါတယ်၊ကျွန်မ သမီး အငယ်မလေးကရေသောက်ချင်လို့လားမေးတော့ မဟုတ်ဖူးဆိုပြီး သူ့နေရာသူပြန်ပြီးသွားပါတယ်၊

ဆယ်အိမ်မှူးကိုနိုင်လင်းက တံခါးစွဲလှပ်တာပါ၊ ဦးနိုင်လင်း မူးယစ်သောက်စားထားတာလဲရှိပါတယ်၊ တံခါးတွေဂျက်ချထားတာကိုဆွဲ ဆောင့်ဖွင့်တာပါ၊ ခဏနေတဲ့အခါမှာ ဦးနိုင်လင်းက တံခါးပေါက်ရှိသမျှကို လိုက်ပြီးတော့ဖွင့်ဖို့ ကျိုးစားပါတယ်၊ မူးရူးနေပြီးတံခါးစောင့်ဖွင့်ပြီးမုဒိမ်းမှုလုပ်ဖို့ ဝင်လာပါတယ်၊

ကလေးလုပ်မှာလား မ‌အေလုပ်မှာလားမသိပါဘူး၊ ကလေးက၁၄နှစ်သမီးပါ၊ Quarantineဝင်ရမှာဆိုတော့ ကျွန်မတစ်ယောက်ထဲအဆင်မပြေတာနဲ့ သမီးပါ အဖော်ခေါ်လာတာပါ၊ သူနဲ့အတူကြတဲ့ အဖော်ကို တံခါးတွေလာလှပ်နေပါတယ်လို့ အကူအညီတောင်းပါတယ်၊ အဖော်ဆယ်အိမ်ခေါင်းတစ်ဦးကလဲ သူလဲထိန်းမရတာနဲ့ အုပ်ချုပ်ရေးမှူးကိုခေါ်ပါတယ်၊

ချက်ခြင်းရောက်လာကြပါတယ်၊အဲဒီဆယ်အိမ်မှူးကအုတ်တံတိုင်းကျော်ပြီးထွက်ပြေးသွားပါတယ်၊ အုပ်ချုပ်ရေးမှူးကတော့ လုပ်ပေးမဲ့လဲ ၉ရာအုပ်စုလူကြီးနဲ့ မြိုင်မြို့နယ်ရဲက လိုအပ်ချက်ရှိနေပါတယ်၊ Quatantine၂၁ရက်ပြည့်မှသာ အမှုဖွင့်လို့ရမယ်ဆိုပြီး တာဝန်ရှိတဲ့ ရဲတွေနဲ့ နယ်ထိန်းခေါင်းဆောင် ဦးထွန်းထွန်းက ပြောသွားပါတယ်၊

စည်းကမ်းကိုလိုက်နာပြီးတော့Quarantineထားတာလိုက်နာ ပြီးတော့နေတဲ့အချိန်မှာလုံခြုံမရှိဘူး၊ သေရေးရှင်ရေးနဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မုဒိမ်းကျင့်မယ်ကြံတာက လွန်လွန်းပါတယ် ” ဟု မြိုင်မြို့နယ် ၊မန်းကျီးကန်အုပ်စု၊ ကန်ကြီးကျေးရွာမှ ဒေါ်ဌေးခိုင်ကပြောသည်။ ဒေါ်ဌေးခိုင်သည် ပုဂံမြို့သစ်ဟိုတယ်မှာ အလုပ်လုပ်ရာမှ မေလ ၁ ရက်နေ့က ရွာသို့ပြန်လာခဲ့ရာတွင်

နယ်ကျော်ဖြစ်သည့်အတွက် Quarantine ၂၁ ရက် ဝင်နေခြင်း ဖြစ်ကြောင်း၊ ယခုလို မုဒိမ်းကျင့်ရန် ကြံစည်သူကို အမှုဖွင့်၍ မရသေးဘဲ ၂၁ ရက် Quarantine ပြည့်ပြီးမှသာ ရမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်က ဘာမှမဟုတ်တော့ဘူး၊ခုကတော့ဘာရာထူးမှမရှိတော့ဘူး၊ အပြောင်းအရွေ့ထဲမှာပါဘာတယ် ၊

မုဒိမ်းကျင့်ခံရတာမဟုတ်ပါဘူး တံခါးသွားခေါက်တာပါ၊ ကျွန်တော့်သွားလိုက်တဲ့အခါမှာ အဲဒီအမျိုးသမီးက Quarantine ဝင်ထားရတာ၂၁ရက်ပြည့်ရင် အမှုဖွင့်မှာ၊သူ့ကိုမြို့နယ်အုပ်ချုပ်ရေးမှူးကပြော ထားတာရှိတယ်၊ဒီ ၇ ရက်အတွင်း ဘယ်မှမသွားမလာပါနဲ့ဒီထဲမှာပဲနေပါလို့ပြောပြီး

ရပ်ရွာကလဲ မစောင့်ရဲတော့ သူ့အိမ်မှာပဲထားပါတယ်၊အမှုဖွင့်လို့မရဘူးလို့မပြောပါဘူး၊ခုထွက်လို့ရရင် ခုလာဖွင့်ပါ” ဟု မြိုင်မြို့နယ် ရဲစခန်းမှ နယ်ထိန်း ဦးထွန်းထွန်းက ပြောသည်။ Red News Agency