Quarantine ဝင်ချိန်မှာတောင် မိမိပတ်ဝန်းကျင် သာယာလှပအောင် လုပ်ဆောင်နေတဲ့ လေးစားဖွယ်လူတစ်ဦး

မင်္ဂလာပါ စာဖတ်သူ အပေါင်းတို့ ခင်ဗျာ…

ယခု တင်ပြပေးခြင်တဲ့ အကြောင်းအရာ လေးကတော့ Quarantine ဝင်နေချိန်မှာတောင် မိမိရဲ့ အသိစိတ်နဲ့ မိမိနေထိုင်ရာ နေရာကို အကျိုးပြုပေးနေတဲ့ လူတစ်ယောက်ရဲ့ သတင်းလေးပါ ဖြစ်ပါတယ်…

တချို့ တချို့သော သူတွေက quarantine မှာ အစိုးရက ဘာလုပ်မပေးလို့ ဘာထားမပေးလို့ အပြစ်တင် ဝေဖန်နေကြတာ အားလုံး သိပြီးသားထင်ပါတယ်…ဒါအပြင် အချို့သော quarantine ဝင်တွေဟာ

မိမိတို့ အသုံးပြုခဲ့တဲ့ အညစ်အကြေးကိုတောင်မှ volunteer တွေက ရှင်းပေးရတာတွေလဲ ကြားနေရပါတယ်… လူအမျိုးမျိုး ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အမျိုးမျိုး မှလာတဲ့ စိတ်ထားအမျိုးမျိုးသော လူတွေထဲကမှ

စိတ်ထားကောင်းတဲ့ လူတစ်ယောက်ကတော့ Quarantine ဝင်နေချိန်မှာ အနားမနေပဲ ကျောင်းအတွက် အပင်များစိုက်ပျိုး ပေးခြင်း ကျောင်းစာရေးစားပွဲထိုင်ခုံများ ပြုပြင်ပေးခြင်းတွေ လုပ်နေတဲ့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ရွာ မှ

ပြည်တော်ပြန်တဦး ကတော့ လေးစား အတုယူဖွယ် လူတစ်ဦးမို့ စာဖတ်သူတို့ကို တင်ပြလိုက်ရ ပါတယ် ခင်ဗျာ…ဒီအကြောင်းအရာလေးထဲမှ လေးစားဖွယ် လူသားရဲ့ နာမည်ကိုတော့ မူရင်း source မှာ တင်ပြမထားတဲ့အတွက် ဖော်ပြမပေးနိုင်တာကို တောင်းပန် အပ်ပါတယ်ခင်ဗျာ

Quarantine ဝင်ချိန်မှာ မိမိပတ်ဝန်းကျင်ကို သာယာလှပအောင် လုပ်ဆောင်ပေးတဲ့ အကိုရေ သာဓု သာဓု သာဓု ပါလို့ ဝမ်းမြောက်စွာ သာဓု ခေါ်လိုက်ပါတယ် ခင်ဗျာ…လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်…

writer by Mg Myint (Myanmar Update News)

Add a Comment

Your email address will not be published. Required fields are marked *