ရထားလမ်းပေါ်အိပ်ပျော်နေတဲ့ အလုပ်သမား ၁၄ ဦး ရထားကြိတ်ခံရလို့ သေဆုံး

ရထားလမ်းပေါ်အိပ်ပျော်နေတဲ့ အလုပ်သမား ၁၄ ဦး ရထားကြိတ်ခံရလို့ သေဆုံး

မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ မဟာရာရှပ်ထရာခရိုင် အောရန်ဂါဘတ်ရှိ ရထားလမ်းပေါ်မှာ မေ ၈ ရက်နံနက်ပိုင်းက အိပ်ပျော်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၁၄ ဦးအပေါ် ကုန်ရထားတစ်စင်းက ဖြတ်သန်းခုတ်မောင်းမိတာကြောင့် အလုပ်သမားတွေ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ခါမက်ရဲတပ်ဖွဲ့ပိုင်နယ်မြေအတွင်း နံနက် ၅ နာရီ ၁၅ မိနစ်ကဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်မတော်တဆမှုမှာ အခြားအလုပ်သမားနှစ်ဦးလည်း ဒါဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အဲဒီအလုပ်သမားတွေဟာ မဟာရာရှပ်ထရာ အလယ်ပိုင်း ဂျယ်နာရှိ ရထားလမ်းတစ်လျှောက်ကနေ ဘဟူဆာဝယ်ကို

လမ်းလျှောက်ပြီး သူတို့ရဲ့နေရပ်ဖြစ်တဲ့ မက်ဟာရာပရာဒက်ရှ်ပြည်နယ်သို့ ပြန်နေခြင်းဖြစ်ကြောင်း ခါမက်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သူတို့ဟာ လမ်းလျှောက်ရင်း ပင်ပန်းနွမ်းနယ်လာတာကြောင့် ရထားလမ်းပေါ်မှာ အိပ်ပျော်နေစဉ် ဂျယ်နာမှ လာတဲ့ ကုန်ရထားတစ်စင်းက သူတို့အပေါ် ဖြတ်သန်းခုတ်မောင်းခဲ့တာဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ဂျယ်နာရှိစတီးစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ သူတို့နေထိုင်ရာပြည်နယ်ကို ပြီးခဲ့တဲ့ညက လမ်းလျှောက်ပြန်ကြတာဖြစ်ပြီး ခါမက်သို့ရောက်ရှိချိန်မှာတော့ ပင်ပန်းတာကြောင့် ရထားလမ်းပေါ်မှာ အိပ်ပျော်သွားခဲ ကြတာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ

ဆန်တော့ရှ်ခက်မာလက်ကပြောဆိုပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Ref : Telegraph Photo : Gopal Gupta/ Getty Images VOM