အစာမကျွေးနိုင်တော့လို့ ရွာတွဆီပြန်ပို့ခံရတဲ့ ထိုင်းဆင်စခန်းမှဆင်တွေ တောထဲပြန်နေရလို့ ပျော်ရွှင်နေ

ဆင်တွေကို မကျွေးနိုင်တော့လို့ ရွာတွဆီပြန်ပို့နေ့ရတဲ့ ထိုင်းဆင်စခန်းရဲ့အခြေအနေ

ထိုင်းမှာ ဒီရက်ပိုင်း အသစ်တွေ့ရှိမှု လျော့ကျလာပါတယ်။ မနေ့က အသစ် 3 ယောက်ပဲ တွေ့ရှိခဲ့ပါတယ်။ ထိုင်းမှာ အလုပ်လက်မဲ့ပြဿနာကို ဆင်စခန်းဖွင့်သူတွေပါရင်ဆိုင်နေရပြီဖြစ်ပါတယ်။ တိုးရစ်တွေကို ပြစားနေတဲ့ ဆင်စခန်းက ဆင်ပေါင်းအကောင် 100 ကျော်ကို ရွာဆီ ပြန်ပို့နေပြီဖြစ်ပါတယ်။

ဆင်စခန်းတွေမှာ လာလည်သူမရှိလို့ ဝင်ငွေမရှိတော့တဲ့အတွက် ရွာကိုပို့ကာ၊ ခိုင်းစရာရှာရင်ရှာ မရှိရင်လွှတ်ကျောင်းကြပါလိမ့်မယ်။ ချင်းမိုင်ဘက်မှာ ကရင်လူမျိုးဆင်ပိုင်ရှင်တွေဟာ ဆင်တွေကို သင်ကြားပေးပြီး တိုးရစ်တွေကို ပြစားခဲ့ကြတာဖြစ်ပါတယ်။ ဆင်ပေါင်းအကောင် 2000 လောက်ဟာ တိုးရစ်တွေ မရှိတော့တဲ့အတွက်

အစာရေစာငတ်မွတ်မဲ့ဘေးကို ရင်ဆိုင်နေရပါတယ်တဲ့။ ဆင်တွေအတွက်ကတော့ ရွာပြန်ရောက်ခြင်းဟာ ရှားရှားပါးပါးအခွင့်အရေးဖြစ်ပြီး နှစ် 20 အတွင်း ရွာပြန်ရောက်ချိန်မှာ အလွန်ပျော်ကာ ဆူညံစွာ အော်ဟစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရွာနားကချောင်းတွေထဲကို ပြေးဆင်းကုန်ကြပြီး ကလေးတွေနဲ့ ပျော်ရွှင်စွာဆော့ကစားနေကြတယ်လို့ ဆိုပါတယ်။