ပြည်သူများ အိမ်ပြင်မထွက်ရန် ရဲအင်အားသုံးခဲ့သည့် အိန္ဒိယနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ၄၅၀ ကျော် ကိုဗစ် ကူးစက်ခံရ

ပြည်သူများ အိမ်ပြင်မထွက်ရန် ရဲအင်အားသုံးခဲ့သည့် အိန္ဒိယနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ၄၅၀ ကျော် Covid-19 ကူးစက်ခံရ…

အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များအား ဆေးစစ်မှုများပြုလုပ်ရာတွင် ရာနဲ့ချီသော ရဲဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။အိန္ဒိယပြည်သူ ၁.၃ ဘီလီယံအား နေအိမ်များတွင် နေထိုင်ကြရန် ရဲတပ်ဖွဲ့ဝင် အင်အား ၃ သန်းခန့်က တစ်နိုင်ငံလုံးတွင် ကြပ်ကြပ်မတ်မတ်နဲ့

ဖိအားပေးလုပ်ဆောင်နေကြပါတယ်။ အစေားပိုင်းကာလက ရုပ်သံသတင်းများတွင် Covid-19 အရ လိုက်နာရမည့် အချက်များကို မထီမဲ့မြင်ပြုကာ မိမိတို့၏ နေရပ်ရွာများသို့ ပြန်ရန် ဘတ်စ်ကားများပေါ်သို့ တိုးဝှေ့တက်ကြသော ရွေ့ပြောင်းအလုပ်သမားများနဲ့ ရဲများ၏ အဓိကရုဏ်းပုံရိပ်များကို မြင်တွေ့ခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် lockdown ချထားမှုကို မတ်လ ၂၅ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၅၀,၀၀၀ နီးပါးရှိပြီး ၁,၆၉၄ သေဆုံးခဲ့ပြီးဖြစ်သည်။ပြီးခဲ့သည့်သီတင်းပတ်တွင် မဟာရက်ရှ် ထရာပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်ခံရသော ရဲတပ်ဖွဲ့ဝင်အရေအတွက်မှာ နှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း၊

ပြည်နယ်ရဲတပ်ဖွဲ့တွင် ရောဂါပိုးတွေ့ရှိသူ ၄၅၀ ကျော်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ကြောင်း မဟာရက်ရှ်ထရာပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။မဟာရက်ရှ်ထရာတွင် ရဲတပ်ဖွဲ့ဝင်များ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန်အတွက် ရောဂါထိန်းချုပ်ရေးအခန်းများကို

သီးသန့်ဆောက်လုပ်ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီး အာနေးလ်ဒက်ရှ်မုခ်က ဆိုသည်။ ရဲတပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာသည် ၎င်းတို့တာဝန်ကျရာ ပြည်နယ်များတွင် ရောဂါပိုးကူးစက်ခံရမည်ကို စိုးထိတ်နေကြပြီး ဆေးခွင့်တင်ရန် ကြိုးပမ်းနေကြကြောင်း ပြည်နယ်ခြောက်ခုထက်မနည်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့အကြီးအကဲ ခြောက်ဦးက ပြောကြားထားသည်။

ဂူဂျရတ်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁၅၅ ဦးထက်မနည်းနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်အချို့ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၎င်းတို့အနက် ၉၅ ဦးကို ဆေးရုံပို့ထားပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ နောက်ထပ် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စမ်းသပ်စစ်ဆေးရာ၌ ရောဂါပိုး တွေ့ရှိနိုင်မှုနှင့်အတူ ရဲတပ်ဖွဲ့အိမ်ရာများတွင်

၎င်းတို့၏ မိသားစုဝင်များကိုပါ ကူးစက်နိုင်ဖွယ်ရှိမှုကို စိုးရိမ်နေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။