ပရိတ်သတ်၏ အမုန်းတော်ခံသမား လူကြမ်းသရုပ်ဆောင် ရန်လေး ကွယ်လွန်သွားပါပြီ

စိတ်မကောင်းစရာ သတင်းလေး တစ်ပုဒ် ပြောပါရစေ…

ဒီကနေ့ည ၉နာရီခွဲအချိန်မှာ လူကြမ်းသရုပ်ဆောင် ရန်လေးဟာဆိုရင်ဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားပြီဖြစ်ပါတယ်…စာဖတ်သူတို့ သိတဲ့အတိုင်းပါပဲ… ဇာတ်ကားကောင်း တစ်ကား ဖြစ်လာဖို့အတွက် …ရုပ်ရှင်ကားတစ်ကား ပြီးပြည့်စုံဖို့အတွက်

အဓိကဇာတ်ဆောင်တွေကလည်း အရေးပါသလို ဇာတ်ပို့ဇာတ်ရံတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးအရေးပါ ပါတယ်…ထိုထဲကမှ လူကြမ်းသရုပ်ဆောင်တွေက ပရိသတ်တွေရဲ့ မုန်းတီးခြင်း၊ မနှစ်မြို့ခြင်းကို ခံရပေမယ့် သူတို့ရဲ့ အနုပညာကိုချစ်မြတ်နိုးတဲ့ စိတ်တစ်ခုတည်းနဲ့သာ

သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရန်လေးကလည်း ဒီကနေ့ မေလ (၇)ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ရန်လေးက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူဆိုးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး

ပရိသတ်တွေရဲ့ သတိထားမိခြင်း ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်နေသေးတဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက် ကွယ်လွန်သွားတာဟာ တကယ့်ကို နှမြောစရာပါပဲ။ လူကြမ်းကြီး ရန်လေး ကောင်းရာသုဂတိလားပါစေလို့ ညိုးငယ်စွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်