ရုပ်သံ အကြီး ကြီး တစ်ခု ကို ပေါက် နေတဲ့ အ ဆိုတော် ရေမွန် ရဲ့ ညီမ

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ

မြန်မာ နိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့က စပြီးအာဏာသိမ်း မှုကြောင့်

လူထု လှုပ်ရှားမှု တွေဟာ ယနေ့ ထိအောင် ရှိနေကြဆဲ ဖြစ်ပါတယ် ။အမှန်တရားကို

မြန်နိုးပြီး ဒီမိုကရေစီ ကို လိုချင် နေကြတဲ့ ပြည်သူ များဟာ

အာဏာသိမ်းမှုကို လက်မခံ နိုင်တာ ကြောင့် လမ်း ထွက်ကာ လူထု လှုပ်ရှား မှုတွေ

ပြုလုပ် နေကြ ပါတယ်၊အနုပညာရှင် အများစုကလဲ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်ကပါဝင်ပြီး တော်လှန်ရေးကြီး မှာ အားတက် သရော ပါဝင် ခဲ့ပါတယ်။

ဒီတော်လှန်ရေးကြောင့် မတရားဖမ်းဆီးထားတဲ့ပြည်သူများ အပြင်

အနုပညာရှင်အချို့လဲ ပါဝင်နေပါသေးတယ်၊ပြီးခဲ့တဲ့လကုန်လောက်တုန်း

ကမတရားဖမ်းဆီးထားတဲ့သူတွေထဲမှလူပေါင်း၂ဝဝဝကျော်ကိုပြန်လည်လွှတ်မြောက်ပေး လိုက်ပါတယ်၊တစ်ချို့သောပြည်သူများနဲ့

အနုပညာရှင် များလဲ အကြောင်း အမျိုးမျိုးကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။ပြီးခဲ့တဲ့ဇွန်လ၂၃ရက်နေ့က

တိမ်းရှောင်းရင်း ကျန်းမာရေး အခြေအနေ ကြောင့် အဆိုတော် ရေမွန် ဟာ ရုတ်တရက် ကွယ်လွန်သွားခဲ့ ရပါတယ်။

ဒါကြောင့်လဲပရိတ်သတ်‌တွေနဲ့မိသားစုဝင်များက လဲဝမ်းနည်းပြီးယူကြုံးမရဖြစ်ခဲ့ရပါတယ်၊ဇူလိုင်လ ၁၈ရက် နေ့မှာတော့

MRTV4 မှ အဆိုတော် ရေမွန်ရဲ့ သီချင်း တွေကိုဖွင့်ပြ ပေးဖို့ ရှိပြီး ဖွင့်ပြပေးခဲ့ ခြင်းမ ရှိတာကြောင့်

ညီမ ဖြစ်သူ က စိတ်တို နေရတဲ့ အကြောင်း ကို “MRTV-4ကဘာတွေ လာနေတာလဲ

ကြီးကြီးကျယ်ကျယ် ကြော်ငြာ ထားပြီးရင် ပြရမယ် လေ ကိုတွတ် ရှိတဲ့ အချိန် ဆို ကိစ္စ မရှိဘူး

အခုက သူ့ကိုလွမ်းတဲ့သူတွေသတိရတဲ့သူတွေက

သူမရှိတော့လို့တကူးတကကြည့်ဖို့ထိုင်စောင့်နေတဲံဟာကို

အရေးမပါဘူး တော်တော်စိတ်တိုတယ် Channel ကြီးဖြစ်ပြီး ဒီလိုပေါ့တီးပေါ့ဆမျိုးမခုပ်သင့်ဘူးကို

တွတ်အလှည့်မှပဲလာထစ်နေတော့တယ် “ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီးတို့ လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကျပြီး သာယာ ပျော်ရွှင် စရာ

ကောင်းသော နေ့ရက် လေးတွေ ကို အမြန်ဆုံး ပိုင်ဆိုင် နိုင် ကျပါစေ လို့ ဆုမွန် ကောင်း တောင်းပေး လိုက် ပါတယ်။c r d