နိုင်ငံ ကြီးသား စိတ်ဓါတ် မျိုး ပိုင်ဆိုင် ထားတဲ့ ကျေးရွာ

မဂ်လာပါ ပရိတ်သတ်ကြီး တို့ရေ

ဖင်ခေါင်းကျယ်တဲ့ ရွာလား? လူပီသတဲ့ ရွာလား…? ဖတ်ပြီး ဆုံးဖြတ် ပေးကြ ပါ။

ကျေးရွာကို စပြီး ပိတ် လိုက်တယ်။

နံနက် ၇ နာရီ မှ ၉ နာရီအထိ ဆေးဝါး စားစရာ လိုရာ ထွက်ဝယ်ဖို့ ဖွင့်ပေး ထား ပါ တယ်။

မနက် ၉နာရီ ထိုးရင် တော့ အဝင် အထွက်အားလုံး ပိတ် လက်မခံ။

ဒါကို အခြား ကျေးရွာ တွေက ဈေးလာ ရောင်းကြသော အလည် အပတ် လာကြသော လူအချို့က

လက်ဆေး ပါ ဆို တော့ မဆေး နိုင်ဘူး ကိုယ့်ကိုယ်ကို ယုံတယ် ရောဂါ မရှိဘူး တဲ့။

ကျုပ်တို့ က လဲ ခပ်ချေချေပဲ မဆေး ရင် မဝင်လနဲ့ပေါ့ ဖွင့် မပေး နိုင်ဘူး ဆိုတော့။

ဘယ် ရွာမှ မလုပ်ဘူး သူတို့ ရွာကြ မှ အတော် ဖင်ခေါင်း ကျယ် တဲ့ ရွာ တဲ့ ။

ကျေးလက် ဒေသ ဆိုတာ ကျန်းမာရေး ဝန်ထမ်းနည်းပါး ပါတယ်။

ပစ္စည်း ကိရိယာ မစုံ ပါ ဖြစ်လာ ရင် တစ်ဦး တစ်ယောက် ထဲ ခံရ မှာ မဟုတ်ပါ ဘူး။

အမေရိကန် လိုလည်း ကျုပ်တို့ ရွာက မချမ်းသာဘူး။ အီတလီ လိုလည်း ကျုပ်တို့ ရွာက မတိုးတတ်ဘူး ။ တရုတ်လို အင်အားမကြီးဘူး။

ဒါပေမယ့် အမိမြေ ကို‌ ရှေ့တန်း ကနေ ကာကွယ် ပေး နေတဲ့ ကျန်းမာရေး ဝန်ထမ်း တွေကို ဒုက္ခ ပေး မည့် အထဲ

မှာ လည်း ကျုပ်တို့ ကျေးရွာသား တွေ မပါ စေရဘူး ဆိုတဲ့ လူ့အသိ စိတ် ကတော့

ချမ်းသာတယ် ကြွယ်ဝတယ် ဖွံ့ဖြိုးတယ် တိုးတတ်တယ်။

အရာ အားလုံး ဘယ်လောက် ပဲ နောက်ရောက် နေပါစေ လူပီသတဲ့ စိတ်က တော့ ရှေ့ထက်ရှေ့ ဟိုး ရှေ့ မှာ ရှိနေ မှာပါ ။

ဖင်ခေါင်းကျယ်တဲ့ ရွာလား…? လူပီသတဲ့ ရွာလား…? ဆုံးဖြတ်ပေးပါဦးနော် ။

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကျပြီး

သာယာ ပျော်ရွှင် စရာ ကောင်းသော နေ့ရက် လေးတွေ ကိုလည်း အမြန် ဆုံး ပိုင်ဆိုင် နိုင် ကျပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။c r d