လမ်းလျောက်ရင်း ဖုန်းကစားနိုင်ဖို့ တတိယမျက်လုံး တီထွင်လိုက်တဲ့ ကိုရီးယားကျောင်းသားတယောက်

ကိုရီးယား တက္ကသိုလ် ကျောင်းသား တစ်ယောက်က ဖုန်းကစားရင် လမ်းလျှောက်နိုင် ဖို့အတွက် တတိယ မျက်လုံးကို တီထွင်

အိုင်တီခေတ် ထွန်းကာလာတဲ့ နောက်ပိုင်း အက်ပဲကုမ္ပဏီက အန်းဒရိုက်းဖုန်းတွေကို ထွင်လိုက်တော့ လူတွေက စားစားသွားသွား ဖုန်းတကိုင်ကိုင်နဲ့ ဖြစ်လာတာပေါ့။ ဘေးထွက် ဆိုးကျိုး အနေနဲ့

ဖုန်းကစားရင် လမ်းလျှောက်လို့ တိုက်မိ ခိုက်မိကာ အသက်အန္တရာယ် အထိ ဖြစ်လာပါတယ်။ ကိုရီးယား တက္ကသိုလ် ကျောင်းသား တစ်ယောက်က ဖုန်းကစားရင် လမ်းလျှောက်နိုင် ဖို့အတွက် တတိယ မျက်လုံးကို တီထွင်လိုက် နိုင်ပါတယ်။ ဖုန်းနဲ့ အစဉ်အလုပ်ရှုတ်နေတဲ့ သူတွေ

လမ်းလျှောက်ရင်း ဖုန်းသုံးလို့ရအောင် အတွက် ရည်ရွယ်ပြီး တော့ လုပ်လိုက်တာပါ။ တောင်ကိုရီးယား ကျောင်းသား မင်ဝုပေါင် ဆိုသူက သူရဲ့ဖုန်းနဲ့ ချိတ်ဆက် ထားတဲ့ ဝက်ကမ်ကို တတိယမျက်လုံး ဆိုပြီး နာမည်ပေးလိုက်ပါတယ်။ ဖုန်းကြည့်ပြီး

လမ်းလျှောက်နေချိန်မှာ မော့ကြည့်စရာ မလိုပဲ ကိုယ့်ရှေ့ က အတားအဆီးတွေကို ကျော်ဖြတ် ရှောင်ရှားသွားနိုင်အောင် လုပ်ရင်း တတိယမျက်လုံးကို တီထွင်ဖြစ်သွားတာပါ။ အသံအာရုံခံစနစ် နဲ့ ဝက်ကမ် ကင်မရာကို တွဲပြီး ဖုန်းနဲ့ ချိပ်ဆက်ကာ

ပုံထဲကအတိုင်း ခေါင်းမှာ တပ်ထားပြီး ဖုန်းကြည့်လိုက်တဲ့ အခါမှာ ကိုယ့်ရှေ့က မြင်ကွင်းကို မော့ကြည့်စရာ မလိုပဲ ဖုန်းစခရင် ထဲမှာ မြင်ရ လို့ ဒီအတိုင်း လမ်းလျှောက်သွားရုံပါပဲ။ အဲ့ဒိနဖူးပေါ်က ကင်မရာ က ဖုန်းကိုဖွင့်ပြီး သုံးတာနဲ့ အလိုအလျှောက် ပွင့်ပြီး ရှေ့က မြင်ကွင်းကို

ဖုန်းပေါ် တင်ပေးတော့တာပါပဲ။ အဲ့ဒိမြင်ကွင်းကို ဖုန်းထဲမှာ စခရင်တစ်ခု ပွားပြီး ကိုယ်သုံးလိုတဲ့ ကိစ္စကို သုံးနေရင် လမ်းလျှောက်တာပါ။ အကယ်၍ ဝက်ကမ် ရဲ့ စခရင်ကို ပိတ်ထားရင်လည်း လမ်းပေါ်က ၆ပေအကွာ အတားအဆီး တစ်ခုခု ရှိရင် အချက်ပေးသံ ထွက် လာပါ တယ်။ သူက

ဆိုလ်းမြို့လို လူရှုပ်တဲ့ လမ်းပေါ်မှာ အထိအခိုက်မရှိဘဲ ဖုန်းသုံးရင်း လမ်းလျှောက်ပြခဲ့ပါတယ်။ “ ကျနော်တို့ အနာဂတ်မှာ တတိယ မျက်လုံးတစ်လုံး အပိုရဖို့အတွက် မဝေးတော့ပါဘူး၊ ကျနော်တို့ရဲ့ မျက်လုံးတွေကို

အပြင်သွားဖို့အတွက် ဖုန်းစခရင်ကနေ ခွာပေးစရာ မလိုတော့ပါဘူး။ တိုက်မိခိုက်မိတာတွေနဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေကို တတိယမျက်လုံးက ကာကွယ်ပေးသွားမှာပါ” လို့ မင်ဝုပေါင်က ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

REF: world of buzz

Photo: new asia today