အောက်စီဂျင် လိုအပ်နေသူတွေအတွက် အကူညီပေးမဲ့ ခိုင်နှင်းဝေ

မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေ စာဖတ်သူတို့ရေ … မနက်ခင်း အချိန်ခါလေးမှာ စာဖတ်သူတို့အတွက် စိတ်ကြည်နူးဝယ်သူတင်းတပုဒ် ပြောပြချင်ပါတယ်

ဒါကတော့ မင်းသမီး ခိုင်နှင်းဝေက အောက်စီဂျင် လိုအပ်နေသူတွေအတွက် လှုဒန်းမှုတွေ လုပ်ပေးမယ့် အကြောင်းပဲ ဖြစ်ပါတယ်

” အရေးပေါ် အောက်ဆီဂျင် လိုအပ်တဲ့ အခြေအနေများကြောင့် လှူပေးဘို့ လိုက်ဝယ်တာ ဈေးတွေ ၃ဆ လောက် တက်သွားပြီး ဝယ်လို့ မရတော့ပါရှင်…

ကျမ နှင့် ခုနှစ်ရက် သားသမီး အလှုရှင်များကောင်းမှု အဖြစ် အောက်ဆီဂျင် အလှု အတွက် အလှူငွေ သိန်း(50) တိတိ မ,တည် လှုပေးပါမယ်ရှင်..

အောက်ဆီဂျင်ဗူး ဝယ်ဘို့ ပစ္စည်းတွေ့ ပြီး မဝယ်နိုင်သူများ ၊ အောက်ဆီဂျင် ဖြည့်ဘို့ ငွေကြေး မတတ်နိုင်သူများ၊ Covid အတွက် ဆေးစစ်ဘို့ မတတ်နိုင်သူများ၊

အောက်ဆီဂျင်အိုး ဝယ်လို့ ရတဲ့နေရာများ အား ကျမရဲ့ ပရဟိတဖုန်း 09 -793841108 -09793841165 သို့ ဆက်သွယ် ပေးကြပါရှင်..🙏🙏🙏 ” ဆိုပြီး သူမရဲ့ လူမှု့ကွန်ယက် စာမျက်နှာမှာ ပြောထားပါတယ်

လိုအပ်တဲ့ နေရာတွေမှာ အလှုအတန်း အမြဲလုပ်နတဲ့ ခိုင်နှင်းဝေတယောက် အခုထက်ပိုပြီး လှုတန်းနိုင်ပါစေ … အခုထက်ပိုပြီး အောင်မြင်မှု့ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်