ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အသက် ၁၂ မှ ၁၈ နှစ်အထိ အကြိမ်ကြိမ် သားမယားပြုကျင့်သော အမှု့

ဖခင်ဖြစ်သူမှ သမီးဖြစ်သူအား အသက် ၁၂ မှ ၁၈ နှစ်အထိ အကြိမ်ကြိမ် သားမယားပြုကျင့်သော အမှု့

နေပြည်တော် လယ်ဝေးမြို့နယ်တွင် အဖေရင်းဖြစ်သူမှ သမီးအရင်းဖြစ်သူအား ၁၂နှစ်အရွယ်မှစပြီး ၁၈နှစ်အချိန်ထိ ကာမကျူးလွန်မှုဖြစ်ပွားခဲ့သော ထူးခြားသတင်း။

နေပြည်တော် လယ်ဝေးမြို့နယ် အေလာနယ်မြေရဲစခန်းအပိုင်၌ အဖေဖြစ်သူမှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရှိရပါသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူမဇင်ဇင် အသက်(၁၈)နှစ်(ဘ)ဦးနန်းဝင်းမှာ ဆီးများကျဉ်နေကြောင်း ပြောပြသဖြင့်ပျဉ်းမနားမြို့ဆေးခန်းသို့သွားရောက်ပြသခဲ့ရာသမီးဖြစ်သူ(………) တွင်

ကိုယ်ဝန်(၂)လရှိနေပြီးဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ သမီးဖြစ်သူမ(………..)မိခင်မှမေးမြန်ကြည့်ရာ သမီးဖြစ်သူမှ ၎င်းအားလွန်ခဲ့သော အသက်(၁၂)နှစ်အရွယ်မှစပြီး ဖခင်ဖြစ်သူနန်းဝင်းမှ တစ်လလျှင်(၂)ကြိမ်ခန့်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း နန်းဝင်းမှာသမီးဖြစ်သူအား ၎င်းကိုင်ဆောင်သောဖုန်းအတွင်းမှ ညစ်ညမ်းသောဗီဒီယိုများပြသကာ

သားမယားအဖြစ်မကြာခဏ ပြုကျင့်ခဲ့ပြီး နင်အမေကိုလည်းမပြောနဲ့ဘယ်သူကိုမှလည်းမပြောနဲ့ အဖေနှင့်အတူနေရင် သမီးဘာမှမဖြစ်ဘူး သားအဖချင်းပဲဟု နန်းဝင်းမှပြောဆိုခဲ့ကြောင်း…. ထိုသို့ပြောဆိုပြီးမကြာခဏဆိုသလို သားမယားအဖြစ်ပြုကျင့်ကာ ယခုနှစ်သင်္ကြန်မတိုင်ခင်ထိ ပြုကျင့်ခဲ့ကြောင်း….မိခင်မရှိသည့်နေဘက်အချိန်များတွင်သာပြုကျင့်လေ့ရှိကြောင်းကို

သမီးဖြစ်သူမ(……….)မှမိခင်အား ပြောပြခဲ့ပါသည်။ ခင်ပွန်းဖြစ်သူမှာ သမီးဖြစ်သူနှင့်ရင်းရင်းနီးနီး နေထိုင်သည်ကို သိရှိနေသော်လည်း ခင်ပွန်းဖြစ်သူကိုကြောက်သဖြင့် မပြောရဲပဲ ယခုသမီးဖြစ်သူမ(…………..)တွင်ကိုယ်ဝန်(၂)လရှိကြောင်း သိရှိရချိန်မှ မေးမြန်းသိရသဖြင့် သမီးဖြစ်သူ မ(………….)အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ

နန်းဝင်းအသက်(၃၆)နှစ်(ဘ) ဦးအောင်လွင် ပင်သောင်ရွာ ပင်သောင်အုပ်စု လယ်ဝေးမြို့နယ်နေသူအား ဥပဒေအရအရေးယူပေးပါရန် တရားလိုမစိန်မြင့်မှ အေလာနဗ2မရဲစခန်းသို့ တိုင်တန်းမှူဖြစ်ကြောင်း အေလာနယ်မြေ ရဲစခန်းမှရဲမှတ်တမ်းများအရသိရှိရပါသည်။ အဆိုပါတိုင်တန်းမှူအား အေလာနယ်မြေရဲစခန်းနယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ်-ဟန်ဝင်းအောင်နှင့် နယ်ထိန်းအဖွဲ့ဝင်များသည်

တရားခံရှိရာသို့ ၂၀၂၀ ခုနှစ် မေ ၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင်သွားရောက်ဖမ်းဆီးခဲ့ပြီး အေလာနယ်မြေရဲစခန်းမှ(ပ)၉၉ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-(၃၇၆) ဖြင့်အမှူဖွင့်ပြီး အေလာနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်မြက်မင်းသူမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းစုံစမ်းသိရှိရသည်။ သတင်းမှတ်တမ်း- အေလာသား(P.F.A) ပြည်သူ့မဏ္ဍိုင်~နေပြည်တော်ဟစ်တိုင်