လူမြင်ကွင်း ပြန်ထွက်လာသူမှာ ခေါင်းဆောင်ကင်ဂျုံအန် မဟုတ်ဘဲ၊ လူတူအစားထိုးတစ်ဦးသာဖြစ်

လူမြင်ကွင်း ပြန်ထွက်လာသူမှာ ခေါင်းဆောင်ကင်ဂျုံအန် မဟုတ်ဘဲ၊ လူတူအစားထိုးတစ်ဦးသာဖြစ်

မကြာသေးခင် ရက်ပိုင်းက ကင်ဂျုံအန်ဟာ ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲတစ်ခုကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ရက်(၂၀)လောက်အတွင်း ဖြစ်ခဲ့တဲ့ ပဟေဠိမီးတောက်ကို ငြိမ်းသတ်ပေးလိုက်ပါတယ်။ သူ လူမြင်ကွင်းကို ပြန်မထွက်ခင်က သတင်းအမျိုးမျိုးမှာ ကင်ဂျုံအန် သေပြီဟုလည်းကောင်း၊ အချို့သတင်းတွေမှာတော့ ကင်ဂျုံအန် အသည်းအသန် နေမကောင်းဖြစ်နေပြီဟုလည်းကောင်း

သတင်းအမျိုးမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။အခုလည်း သီအိုရီသမားတွေက ကင်ဂျုံအန်အစစ် တကယ်သေတယ်ဆိုတာ မှန်ကန်ကြောင်း ထောက်ပြခဲ့ပြီး၊ အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ ကင်ဂျုံအန်ဟာ ကင်ဂျုံအန်မဟုတ်ဘဲ၊ ကင်ဂျုံအန်အတုသာဖြစ်တယ်လို့ ဆိုပါတယ်။ ကင်ဂျုံအန်အတုဆိုတာ ခေါင်းဆောင်ကင်နဲ့ ရုပ်ချင်းဆင်တူသူတစ်ယောက်ယောက်ကို အစားထိုးပြီး လူလုံးပြစေတာလို့

သီအိုရီသမားတွေက ဆိုလိုတဲ့သဘောပါ။ဒီလို လူစားထိုးသုံးစွဲခြင်းကို ရုပ်ရှင်တွေမှာတော့ Body double လို့ ခေါ်ပါတယ်။ မင်းသားတွေ မင်းသမီးတွေ မလုပ်နိုင် မလုပ်ချင်တဲ့ဇာတ်ကွက်မှာ စတန့်ဝင်ပြရတာတို့၊ ကိုယ်စားသရုပ်ဆောင်ပေးရတာတို့ကို ဆိုလိုတာပါ။ နှစ်ကိုယ်ခွဲနဲ့ မတူညီပါဘူး။ နှစ်ကိုယ်ခွဲဆိုတာက လူတစ်ယောက်တည်းကိုပဲ နည်းပညာနဲ့ စရိုက်နှစ်မျိုး ပုံစံနှစ်မျိုး ဖြစ်အောင်လုပ်ထားတာပါ။

သမိုင်းတွေအရတော့ Body double လို့ခေါ်တဲ့ ပုံစံတူလူတွေကို ခေါင်းဆောင်ကြီးတစ်ချို့ အသုံးပြုခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အထူးသဖြင့် အသက်ကို လုပ်ကြံခံရနိုင်တဲ့ အခါမျိုးမှာ အထူးလုပ်ခလစာပေးထားပြီး လူုစားထိုးခန့်အပ်ထားတဲ့ ပုံစံတူလူက ခေါင်းဆောင်ရဲ့ ကိုယ်စား သွားပေးရတာပါ။ ဟစ်တလာ၊ စတာလင်၊ ဆက်ဒမ်ဟူစိန် အစရှိတဲ့ ခေါင်းဆောင်တွေက ဒီလို ပုံစံတူလူကို သုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပဲ မကြာသေးမီက ရုရှားသမ္မတပူတင်ကို အစိုးရမီဒီယာတစ်ခုက လူစားထိုးပုံစံတူ သုံးသလားစတဲ့ မေးခွန်းတွေ မေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက သမ္မတပူတင်ကတော့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး၊ မသုံးခဲ့ကြောင်း သုံးခဲ့တဲ့ အစဉ်အလာလည်း မရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ အခု လူမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာတဲ့ ကင်ဂျုံအန်ဟာ တကယ် ကင်ဂျုံအန်ဟုတ်မဟုတ်-

သာမန်လူတွေကတော့ သိနိုင်ဖို့ ခက်ပါလိမ့်မယ်။ အသက်(၄၈)နှစ်အရွယ် ပါလီမန်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ Louise Mensch က ” သွားတွေ၊ မေးရိုးနဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ လုံးဝကို ကွဲပြားခြားနားနေပါတယ် … ရှင်တို့လည်း အဲဒီခြားနားချက်ကို အရှင်းသား မြင်ရပါလိမ့်မယ် “လို့ သူမရဲ့ တွစ်တာမှာ ရေးခဲ့ပါတယ်။

နာမည်ကျော် ဘလော့ဂါတစ်ဦးဖြစ်တဲ့ Jennifer Zeng ကတော့ တွစ်တာမှာ ” မေလ(၁)ရက်နေ့က ပေါ်ထွက်လာသူဟာ ကင်အစစ် ဟုတ်ရဲ့လား … တိုက်ဆိုင်စစ်ဆေးသင့်တဲ့ အချက်(၄)ခုကတော့ သွားတွေ၊ နားရွက်တွေ၊ ဆံပင်တွေ နောက်ပြီး သူရဲ့ ညီမ … “ဆိုပြီး ရေးခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကို မြောက်ကိုရီးယားအရေး စောင့်ကြည့်နေတဲ့ ကွန်ပျူတာ နည်းပညာသမားတချို့က သတိထားမိခဲ့တာပါတဲ့။

လေးစားစွာဖြင့် ဘာသာပြန်-လင်းဇော်ကို အား ခရက်ဒစ်ပေးပါတယ်ခင်ဗျာ