ဘဝဆိုတာ မအေးအေးဝင်းစီစဉ်ထားသလို အထှာမကျတော့လဲ ရင်ဆိုင်ဖို့ အားမွေးထားပါ ကလေးရယ်

ဘဝဆိုတာ မအေးအေးဝင်းစီစဉ်ထားသလို အထှာမကျတော့လဲ ရင်ဆိုင်ဖို့ အားမွေးထားပါ ကလေးရယ်

အဖြစ်ပျက်က ထိုင်းနိုင်ငံက အဖြစ်အပျက်ဖြစ်ပါတယ် … ရင်နာလိုက်တာခလေးရယ် အသက် ၂ နှစ်အရွယ်ခလေးငယ်တစ်ဉီး ဖခင်ဖြစ်သူ ကို ဗစ် ၁ ၉ ကူးစက်ခံနေရပြီးနောက်

ဒီကနေ့မှာပင်ဆုံးသွားတာကြောင့် သူ့ခမျာ ဆေးရုံတစ်ခုရဲ့ကြမ်းပြင်မှာ အထီးကျန်စွာအိပ်နေရပါတယ်။ မိခင်ဖြစ်သူကလဲ “ကျူ” ဝင်ထားရတယ်လို့ သိရပါတယ်။

ဇာတ်လမ်းတွဲတစ်ခုမဟုတ်တော့ပါဘူး၊ ခလေးငယ်တွေ ကို ဗစ် ၁ ၉ ကူးစက်ခံရလို့ အိတ်ဆွဲပြီး တယောက်ထဲ “ကျူ”ဝင်နေရတာတွေ၊ ကုတင်ရဖို့ တောင်းတောင်းပန်ပန်နဲ့ တောင်းဆိုနေကြရတာတွေ၊

ကုတင်မရလို့သေဆုံးသူဖြစ်ပေါ်လာပြီး နောက်ဆုံးခရီးမှာ လိုက်ပို့သူမဲ့ ဖြစ်နေတာတွေဟာ ဘဝတွေများစွာကို တိုက်စား၊ လူသားတွေရဲ့ ရင်ထုကြီးတွေကိုလဲ အခါခါပြိုလဲရင်ဆိုင်နေကြရပါတယ်။

ဒီဖြစ်စဉ်တွေဟာ ကျနော်တို့တွေရဲ့ လက်တကမ်းမှာပင်ရှိပါတယ်။ ဂရုတစိုက်မှုမရှိရင် မျက်မြင်ဖြစ်နေတဲ့၊ ဘဝများစွာ ပြိုလဲနေကြတဲ့အထဲမှာ ကိုယ်ပါသွားနိုင်ပါတယ်။ ဂရုစိုက်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

credit ကိုချစ် ဇွဲကပင်မြေ / ဇွန်လ ၂၈ ရက်နေ့ ၂၀၂၁ /Photo: อีซ้อขยี้ข่าว2