တော်လိုက်တဲ့ မုဒုံရဲတပ်ဖွဲ့တွေ သိန်း ၄၀၀ ကျော် ခိုးမှု့ကို နာရီပိုင်အတွင်း တရားခံကို အမိဖမ်းပေးလိုက်

မုဒုံရဲတပ်ဖွဲ့မှ ကာလတန်ဖိုးစုစုပေါင်း သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ဘဏ်စာအုပ် ရွှေထည်ပစ္စည်းနှင့်ငွေကြေးပျောက်ဆုံးမှုအား နာရီပိုင်းအတွင်းဖော်ထုတ်။

မွန် မေ ၅ မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာအနောက်ပိုင်းရှိ ဦးဝင်းအောင်နှင့်ဇနီးမယဉ်မာတို့ သည် ၎င်းတို့မွေးမြူထားသော ဝက်များ သားပေါက်သောကြောင့် နေအိမ်အနောက်ဘက် ဝက်ခြံ၌ သွားရောက်အိပ်စက်ရာ ၄.၅.၂၀၂၀ ရက်နေ့ည ၁၁ နာရီချိန်ခန့်၌ ဦးဝင်းအောင်၏ဇနီး ခေါင်းအုံးအောက်ရှိ

လက်ဆွဲအိတ်ဖြင့်ထည့်ထားသော ရွှေထည်ပစ္စည်းများ(ကာလတန်ဖိုး သိန်း ၁၃၀ ကျော်) ၊ ငွေကျပ် ၆၈၀၀၀၀ ကျပ်၊ သိန်း ၂၉၀ ပါမြန်မာစီးပွားရေးဘဏ်စာအုပ်(၁)အုပ် နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ပျောက်ဆုံးသွားသဖြင့် မုဒုံမြို့မရဲစခန်းသို့ အကြောင်းကြားရာ မုဒုံမြို့မရဲစခန်းမှ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မျိုးထွန်းဦးဆောင်၍

ရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင် မှုခင်းအကူဌာနစုမှ ဒုရဲအုပ် ဝေမင်းတို့ သည် အခင်းဖြစ်နေရာသို့ သွားရောက်၍ ပျောက်ဆုံးမှုစာရင်း ပါတ်ဝန်းကျင်အနေထားအား ရဲလုပ်ငန်းအသေးစိပ်ဖြင့် စုံးစမ်းမေးမြန်းခဲ့ကြောင်းသိရသည်။ ထိုနောက် စုံးစမ်းရရှိသည့် အချက်လက်များဖြင့် ပြစ်မှုကျူးလွန်နိုင်သူ ကိုသူ(ခ)ကတုံး ၂၁ နှစ်

ကော့ခဗွီကျေးရွာနေသူအား ဖမ်းဆီး၍ စစ်ဆေးဖော်ထုတ်ရာနာရီပိုင်းအတွင်း ၎င်းမှ လယ်ကွင်းအတွင်း ငါးရှာ/ဖားရှာရင်း အဆိုပါဝက်ခြံအနီးရောက်ရှိစဉ် ဦးဝင်းအောင်တို့လင်မယားအိပ်စက်နေသဖြင့် ခေါင်းအုံးအောက်ရှိလက်ဆွဲအိတ်အား ခိုးယူကြောင်းဝန်ခံသဖြင့် ပျောက်ဆုံးသွားသော ရွှေ ၊ငွေ ၊ ဘဏ်စာအုပ်နှင့်လက်ကိုင်ဖုန်းတို့အား

သက်သေများရှေ့ပြန်လည်သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ယခုအမှုတွင် မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မျိုးထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ ၊ခရိုင် မှုခင်းအကူဌာနစုမှ ဒုရဲအုပ် ဝေမင်းတို့ စုပေါင်းဖော်ထုတ်ခဲ့ကြခြင်းဖြစ်၍ သတင်းပေးချက်ရရှိပြီး ၄ နာရီအကြာ၌ သက်သေခံပစ္စည်းများအတိကျဖြင့် ကျူးလွန်သူ ကိုသူ(ခ)ကတုံးအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အမွှာညီနောင်