တလွဲဆံပင်ကောင်းသူများကြောင့် ကိုဗစ်ကာလ ကူညီပေးနေကြသူများ စိတ်ဓါတ်ကျသွားစေနိုင်ပါတယ်…တလွဲဆံပင်မကောင်းကြပါနဲ့

“တလွဲဆံပင် ကောင်းသူများ” ဒီနေ့ သတင်းတခုဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်…

Stay at home ကာလမှာ အိမ်ထဲမှာနေထိုင်သူတွေအတွက် စားနပ်ရိက္ခာ လိုက်ကူညီနေတဲ့ ရန်ကုန်ချစ်သူများဆိုတဲ့အဖွဲ့ဟာ ရုံးခန်းမှ ပစ္စည်းထုတ်ပိုးပြီး လိုအပ်တဲ့နေရာတွေကို လိုက်လံဝေပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်.. အဲ့ဒီအဖွဲ့က မိန်းကလေး ၇ ယောက်ကို အိမ်သို့မပြန်ခိုင်းတော့ဘဲ သင်္ဃန်းကျွန်းက ကွန်ဒိုတိုက်ခန်းတခန်းမှာ နေရာချပေးခဲ့တာကို

ပါတ်ဝန်းကျင်အခန်းမှ ခါးခါးသီးသီးငြင်းတာ ခံရပါတယ်။ စည်ပင်က တာဝန်ရှိသူများရှင်းပြသည်ကိုတောင်လက်မခံဘဲ အတားစီး ခံခဲ့ရပါတယ်။ ကျနော်ပြောချင်တာက မြန်မာလူမျိုးတွေရဲ့တမျိုးဆံပင်ကောင်းတဲ့ အဖြစ်ပါ။ ကြောက်ရမှာကို မကြောက် မကြောက်ရမှာကို ကြောက်နေကြခြင်းပါ။ အပြင်ထွက်ရင် mask တပ်ပါဆိုရင်တောင် mask မတတ်ဘဲ.. တချို့က စနစ်တကျမတတ်ဘဲသွားလာနေကြ။

လူစုစုမနေပါနဲ့ပြောတော့လဲ ဈေးထဲတိုးဝှေ့နေကြ။ ဒါမျိုးကြ မကြောက်တတ်ဘူး။ ခုခဏထားမယ်ဆိုတဲ့ စေတနာရှင်တွေဟာ ပိုးတွေ့လူနာလဲမဟုတ် စောင့်ကြည့်ခံရတဲ့ သူလဲမဟုတ် စားနပ်ရိက္ခာထုတ်ပိုးပြီး လိုက်ဝေပေးနေသူတွေပါ။ သူတို့ကို ကြောက်နေကြတာ အံ့ဩတယ်။ ပြီးတော့ ဒီမိန်းမငယ်လေးတွေကလဲ ပါတ်ဝန်ကျင်အခန်းကို ကူးသန်းနေမဲ့သူများလဲမဟုတ်

ပြောရရင်ကျန်းမာရေးအသိက သူတို့ကတောင် ပိုနားလည် ပိုသိပါလိမ့်မယ်။ တကယ်တန်း ဒီ ကိုဗစ်-၁၉ ကိစ္စမှာ ဒီလိုစေတနာရှင်တွေရဲ့ ပံ့ပိုးမှု့ဟာ အများကြီးတာသွားပါတယ်.. ဆရာဝန်တွေ သူနာပြုတွေ အင်အားနဲ့တင် ဘယ်လိုမှမဖြစ်ပါဘူး… အခုဆိုရင် မြဝတီဂိတ်ကနေ ထိုင်းကမြန်မာတွေ ဝင်လာပါအုံးမယ်.. သူတို့စောင့်ကြည့်ခံရပါ့မယ်..

စေတနာဝန်ထမ်းတွေ အများကြီးလိုပါလိမ့်မယ်.. ယနေ့လို အတားစီးခံရတဲ့မိန်းကလေးတွေဟာ စိတ်ဓါတ်ကျမယ် စိတ်ပျက်သွားမယ်ဆို အလားတူစေတနာဝန်ထမ်းတွေများ စိတ်ဓါတ်ကျမယ် အားပျက်သွားမယ်ဆိုရင် မြန်မာပြည် ကပ်ရောဂါနှိမ်နင်းကုသရေးမှာ ဘယ်လောက်ခက်ခဲမယ်ဆိုစဉ်းစားကြည့်ရုံနဲ့မောတယ်…

တလွဲဆံပင်ကောင်းနေတဲ့ မြန်မာတွေလား? အစိုးရကို အကြပ်အတည်းဖြစ်အောင် လုပ်မယ့်သူတွေလား? ဆိုတာ မသိတော့ပါဘူး။ စေတနာရှင် We love Yangon က နှမလေးတွေစိတ်မပျက်ကြပါနဲ့ အားမငယ်ကြပါနဲ့ တို့တွေအားပေးနေပါ့မယ်.. FIGHTING ပါ။ Uhtin Kyaw Oo

Add a Comment

Your email address will not be published. Required fields are marked *