စိုက်ပျိုးရေလုပ်ကြသူများအတွက် သဘာဝ ပိုးသတ်ဆေးရည် အလွယ်တကူပြုလုပ်နည်း

ပိုးသတ်ဆေးရည် အလွယ်တကူပြုလုပ်နည်း— ၀င်းမြင့် IQwin Farm

နနွင်း 10 သား၊ ငြုပ်သီး 10 သား၊ ကြက်သွန်ဖြူ 10 သား၊ ဂျင်း 10 သား၊ ပဒဲကော 10 သား၊ ဆင်တုံးမနွယ် 10 သား အားလုံးကို ပါးပါးဖြတ်။ဆေးလိတ်သောက်တဲ့ ဆေးသေး (သို့ မဟုတ်) ဆေးရွက်ကြီး 10 သား အားလုံးကို ရေက 4 လီတာနဲ့  ရောကြို ။ မိနစ် 30 လောက် ကောင်းကောင်းဆူရင် အ အေးခံ။

ဆေးရည်ကို 2 ခေါက်ပြုတ်နိုင်ပါတယ်။ ဆေးရည် ယူပြီး အဖတ်တွေကို နေပူလမ်းထားပြီး အပင်စိုက်တဲ့ အခါထည့်သုံးလို့ ရတယ်။ ခြပိုးတို့ ပိုးမွှားတွေ မလာ အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဆေးဖြန်းပုံးလီတာ20 ပုံးမှာဟင်းခတ်ဇွန်း 5 ဇွန်းမှ 8 ဇွန်းအထိထည့်၊ပုဂံဆေးဆပ်ပြာရည်က တစ်ဇွန်းထည့်ပြီးဖြန်းပါ။ 5 ဇွန်းကနေ စသုံးကြည့်ပါ။ ပိုးက 5 မိနစ် လောက်အတွင်းသေမယ်။ မသေရင် ဆေးရည်ပိုထည့်ပါ။ မှိုပိုးကျတာကိုလည်းဖြန်းနိုင်ပါတယ်။ဆေးရည် သုံးမကုန်ရင် ရေခဲသေတ္တာမှသိမ်းထားနိုင်တယ်။ 7 ရက်တစ်ခါ ဖြန်းရပါမယ်။

ပိုးကျ နေရင် 3 ရက်တစ်ခါဖြန်းပါ။ မိုးတွင်း မိုးရွာသွန်းမှုပေါ်မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ဆေးဖြန်းပေးရမယ်။ အရွက် အနု ၊ အရင့် ၊ အထူ ၊ အပါး ၊ အ ပျော့၊ အမာ ပေါ်မူတည်ပြီး ကိုယ်စိုက်ထားတဲ့ အပင် ပေါ်မူတည်ပြီး ဆေးရည်ကို ရောတဲ့အခါ လိုတိုးပို လျှော့လုပ်နိုင်တယ်။

အပွင့်ပွင့်ပြီး အသီးကင်းစတင်ရင် ဒီဆေးရည် ဟင်းခတ်ဇွန်း 2 ဇွန်း ရေလီတာ 20 နဲ့ ရောဖြန်းပေးရင် မှိုပိုးအပါအ၀င် အခြားပိုးမွှားများကို ကာကွယ်ပေးနိုင်ပါမယ်။ အသီးတင်နှုန်းကောင်းမယ်။ အသီးကင်းတစ်မျိုးနဲ့ တစ်မျိုးက အမာ အ ပျော့ မတူတာရှိတတ်တာ မို့ လို့  စသုံးတဲ့ အခါ ဆေးရည်ကို နည်းနည်းဆီရောဖြန်းသုံးတာ အန္တရာယ်ကင်းပါတယ်။

လိုအပ်ရင် လိုအပ်သလို ဆေးရည် အ ရေ အတွက်ကို ပိုထည့်သုံးနိုင်တယ်။ အသီးကင်းရဲ့ အ ခြေအ နေ ပေါ်မူတည်ပြီး ဆေးရည်ကို လိုတိုး ပိုလျှော့ ရောသုံးနိုင်ပါတယ် ဆေးရည်မှာ ပါဝင်တဲ့ပစ္စည်း တွေ ထဲမှာ တချို့ က ပိုးကို သေ စေတယ်။ တချို့ က ပိုးမျက်စေ့နဲ့ ခန္ဓာကိုယ်ကို ပူစပ် ပူ လောင် ဖြစ်စေတယ်။

တချို့ က ပိုးမနှစ်သက်တဲ့ အနံ့ မို့ လို့  ပိုးပြေးစေတယ်။ အခုတင်ပြထားတဲ့ ပစ္စည်းတွေက မပါမဖြစ် ပါရမယ့် ပစ္စည်းတွေဖြစ်တယ်။ နောက်ထပ် ကိုယ်ဖြည့်ချင်တဲ့ ပစ္စည်းကို ဖြည့်ပြီးပြုတ်နိုင်တယ်။ ရောနိုင်တယ်။ အမျိုးအမယ် များရင် ဆေးပိုပြင်းနိုင်တာမျိုးဖြစ်တတ်တယ်။ ရေနဲ့ ရောဖြန်းတဲ့ အခါ ဆေး အ ရေ အတွက်ကို သင့် တော်သလို ထည့်သုံးရမယ်။

အခုဆေးရည်ရဲ့ အားသာချက် ဆေးရည်ရောများသွားရင် လည်း အရွက် မလောင်ဘူး။ ကြာရှည်ထားလို့ ရ အောင် အချိုးတစ်မျိုးနဲ့ ထည့်စိမ်ထားတဲ့ ဆေးရည်က ရောများသွားရင် အရွက်လောင်တတ်တယ်။ ဒါကြောင့် တစ်ခါပြုတ်ပြီး တစ်ခါသုံးတာက ပို ကောင်းတယ်။ အလုပ် တော့နည်းရှုတ်တယ်။ ပိုးသတ်ဆေးရည် တာရှည်ထားနိုင်အောင် ပြုလုပ်နည်းနဲ့ တမျိုးခြင်း အာနိသင် အ ကြောင်းကို အောက်မှာ ရုပ်သံဖိုင်ထည့်ပေးထားပါတယ် ကြည့်လိုက်ပါ

credit ၀င်းမြင့် IQwin Farm