ဆေးရုံများတွင် ယခုအချိန်ခါတွင် အလိုအပ်ဆုံး အရာတစ်ခုဖြစ်သည့် အသက်ရှူစက်တစ်လုံး လှူဒါန်းခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

အသက်ရှူစက်တစ်လုံး လှူဒါန်းတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်က ဒီနေ့မနက် ရန်ကုန်တိုင်းအစိုးရကို Birthday Show အလှူငွေထဲက အသက်ရှူစက် ( Ventilator ) တစ်လုံး လှူဒါန်းခဲ့ပါတယ် ဒီ အသက်ရှူစက်ကို ဖောင်ကြီး ဆေးရုံမှာ ထားရှိမှာဖြစ်ပါတယ်။ အသက်ရှူစက်က မူလဈေးနဲ့ သိန်း ၂၂၀ တန်ဖိုးကျသင့်မှာဖြစ်ပေမဲ့

ကျနော့်ကို discount ပေးတာရယ် exchange rate ပြောင်းတာရယ်နဲ့ အခု ငွေရှင်းတဲ့အချိန်မှာ ၁၉၇၄၀၀၀၀ ကျပ်ပဲ ပေးချေခဲ့ရပါတယ် ဒါကြောင့်ကျနော့်ဆီမှာ အလှူငွေ ၅၃၉၈၆၀ ကျပ်နဲ့ US$ 3000 ကျန်ရှိနေပါသေးတယ် နောက်တစ်ခေါက် ထပ်မံလှူဒါန်းပါမယ်ခင်ဗျ ဒီအလှူက ကျနော့်ပရိသတ်များ မိတ်ဆွေလုပ်ငန်းရှင်များ

Birthday Show မှာ ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်များရဲ့ စုပေါင်းအလှူဖြစ်ပါတယ် ဒီနေ့အထိလှူဒါန်းပြီး စုစုပေါင်း ၇၉၇ သိန်း ၄ သောင်းကျပ်တိတိဖြစ်ပါတယ် ဒီနေ့ ကျနော်နဲ့အတူ ဦးဇော်မင်း ( မင်္ဂလာရုပ်ရှင်ရုံ ) မှလည်း ကျပ်သိန်း ၁၀၀ တိတိထပ်မံ လှူဒါန်းခဲ့ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား Sai Sai Kham Leng