လနဲ့ချီပြီး သွေးနဲ့ ချွေးနဲ့ ရင်းထားရတဲ့ တောင်သူတွေရဲ့ မျှော်လင့်ချက်တွေ မြစ်ထဲမှာ မျောပါသွားပြီ…ရုပ်သံ

လနဲ့ချီပြီး သွေးနဲ့ ချွေးနဲ့ ရင်းထားရတဲ့ တောင်သူတွေရဲ့ မျှော်လင့်ချက်တွေ မြစ်ထဲမှာ မျောပါသွားပြီ…ရုပ်သံ

ပြောင်းဖူးအထွက်မကောင်းမှာဆိုးလို့ ခလေးပြုစုသလိုပြုစုရ မြေသြဇာထည့်ရ ဆေးဖြန်းပေးရနဲ့ ရောင်းရတဲ့အချိန်ကျ ဈေးကောင်းပြီး တရုတ်ပြည်ဝင်လို့မရ တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ရပေမယ့် မင်းတို့က အသေပိတ်တယ် အသားကုန်လိုက်ဖမ်းတယ်

လယ်သမားတွေရှဲူ မျက်ရည်တွေ နမ့်မောဝ်ထဲ စီးကျကုန်တယ် တစ်ချိန်ကျ မင်းတို့နိုင်ငံ ကျိန်စာသင့်ပါစေ ဘေးကပ်ဆိုးကျိုးကျပါစေ China

ရုပ်သံ ၁

Posted by Sai N Lengjuinfa on Monday, May 4, 2020

မူဆယ်မြို့နယ်မှာ ဒီလိုပြောင်းဖူးစိုက်တဲ့ တောင်ယာ ဧကပေါင်း သောင်းနဲ့ချီရှိတယ်လို့သိရပါတယ်…ခုပြထားတဲ့ရုပ်သံတွေဟာ မူဆယ်မြို့နယ်ထဲက ပြောင်းဖူးစိုက်တောင်သူတွေရဲ့ အဖြစ်အပျက်ပါ

တရုတ်ပြည်ကို ပြောင်းဖူးတွေပို့ဖို့ ထော်လာဂျီတွေရာပေါင်းများစွာနဲ့ သွားကြပေမယ့် နယ်စပ်ဂိတ်က အ၀င်မခံတော့လို့ ခုလိုတွေဖြစ်ခဲ့ရတာပါ

ရုပ်သံ ၂

Posted by Sai N Lengjuinfa on Monday, May 4, 2020

ဒီပြောင်းဖူးတွေဟာ အစိုကြော်စား ချက်စားဖို့ လတ်လတ်ဆတ်ဆတ် ခူးရောင်းရတာဖြစ်ပြီး ခုလိုနယ်စပ်အပိတ်ခံလိုက်ရတဲ့အခါ ပျက်ကုန်ဖြစ်သွားတာပါ

လနဲ့ချီပြီး သွေးနဲ့ချွေးနဲ့ ရင်းထားရတဲ့ တောင်သူတွေရဲ့ မျှော်လင့်ချက်တွေကတော့ ပြောင်းဖူးတွေနဲ့အတူ မြစ်ထဲမှာ မျောပါသွားပါပြီ

ရုပ်သံ ၃

Posted by Sai N Lengjuinfa on Monday, May 4, 2020

Source : Sai N Lengjuinfa FB