ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း စမ်းချောင်းတွင် ကား ၅ စီး မှန်ခွဲပြီး အဖောက်ခံရ

ညမထွက်ရ အမိန့်ထုတ်ထားသည့်အချိန် ကား (၅) စီး မှန်ခွဲပြီး အဖောက်ခံရတဲ့ အဖြစ်

“စမ်းချောင်းမြို့နယ် ဝေဠုဝန်တောင်မှာ ညက ကား ၅ စီးမှန်ခွဲပြီး အဖောက်ခံရတယ်ဗျာ ညမထွက်ရ အမိန့်ကြီးလည်းထုတ်ထားသေးတယ် ဘယ်လိုတွေဖြစ်ကုန်ကြပီလဲ” (Thant Thant Zin) အပေါ်က ပို့စ်ကတော့ မူရင်းပို့စ်ပဲ ဖြစ်ပါတယ်။ ယခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ဖြစ်တာကြောင့် ရန်ကုန်မြို့ တမြို့လုံးကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ မည်သူမျှ အပြင်မထွက်ရဆိုတဲ့ အမိန့် ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ ဆိုင်တဲ့ အကြောင်းကိစ္စ ရှိရင်တောင် ရပ်ရွာအခြေပြုအဖွဲ့ထံမှာ ခွင့်တောင်းရမယ်လို့ အမိန့် ထုတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံက သိတဲ့အတိုင်းပါပဲ။ အမိန့်တခု ထုတ်ပြီဆိုရင် အဲဒီ အမိန့်ကို ဘယ်လို ဖောက်ဖျက်ရမလဲဆိုတဲ့ ဥာဏ်နီဥာဏ်နက်တွေနဲ့ အတော်များများ စဉ်းစားကြပါတယ်။ အမှန်တကယ် လိုက်နာသူတွေ ရှိသလို နည်းမျိုးစုံနဲ့ ဖောက်ဖျက် သူတွေလည်း ရှိကြပါတယ်။

အခုလည်း ကိုဗစ်က ပိုးတွေ့တဲ့သူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အတွေ့နည်းတာနဲ့ ပတ်သက်ပြီး လူတွေက ပေါ့လျော့လာကြပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားတွေကလည်း ပြန်ပြီး ထကြွလာပါတယ်။ စဉ်းစားကြည့်ရင် လော့ဒေါင်းတွေ၊ အိမ်တွင်းပိတ်တွေ၊ ည မထွက်ရ အမိန့်တွေကြောင့် ဒုစရိုက်သမားတွေရဲ့ ဝင်ငွေတွေ အတော်လျော့ပါးသွားပါလိမ့်မယ်။

အဲဒါကြောင့် သူတို့ သုံးစရာပြတ်လာတဲ့ အချိန်မှာ ဒီလို ဖောက်ထွင်းမှုတွေ၊ လုယက်မှုတွေကို ထွက်လုပ်လာကြတာလို့ပဲ ခန့်မှန်းမိပါတယ်။ ရပ်ရွာအခြေပြုအဖွဲ့တွေကလည်း ညမထွက်ရအမိန့် ကြာရှည်လာတာနဲ့ အမျှ အတော် ပင်ပန်းနေကြပါပြီ။ လူတယောက်ဟာ တနေ့ အိပ်ရေးပျက်ရင်တောင် နောက်နေ့ စိတ်မကြည်မလင် ဖြစ်တတ်တာ အခုလို တလနီးပါး ဆက်တိုက်

အိပ်ရေးပျက်တဲ့ သူတွေအဖို့ အတော် ပင်ပန်းနေတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ အဲဒါကြောင့် လစ်ဟာမှုတွေ ရှိခဲ့လို့ အခုလိုမျိုး အဖြစ်အပျက်တွေ ဖြစ်လာရတာပါပဲ။ ကျွန်တော်အကြံပေးချင်တာကတော့ ရပ်ရွာအခြေပြုအဖွဲ့တွေအနေနဲ့ ရှိတဲ့လူအင်အားနဲ့ စေတနာ့ဝန်ထမ်းအင်အားကို တွက်ချက်ပြီး အဆိုင်းနဲ့ စောင့်ကြပ်ကြရင် လူတွေ အရမ်း ပင်ပန်းတာမျိုး မဖြစ်နိုင်တော့ပါဘူး။

ဖြစ်နိုင်ရင် အရင်ခေတ်က မီးကင်းစောင့်သလို တလမ်း ဘယ်နှယောက် ဆိုပြီး လူအင်အားကို အကူအညီတောင်းပြီး လုပ်ရင် ဖြစ်နိုင်ပါတယ်။ ဒီကပ်ရောဂါဟာ ဘယ်အချိန်မှ ပြီးမယ်ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။  အဲဒါကြောင့် ရေရှည်သွားရမယ့် တိုက်ပွဲကြီးမှာ ကိုယ့်အင်အားတွေကို အလဟာသ အကုန်မခံဘဲနဲ့

ရပ်ရွာလုံခြုံရေးကို ဆောင်ရွက်ကြပါ။ ပြည်သူ့ရဲများကလည်း ဒုစရိုက်မှု ဖြစ်နိုင်တဲ့ နေရာမျိုးမှာ လှည့်ကင်းတွေ များများ ဆောင်ရွက်ပေးကြပါလို့ တာဝန်ရှိသူများကို ဒီနေရာကနေ တောင်းဆိုလိုက်ရပါတယ်။ H2L