ထောင်ထွက်လူမိုက်ဆိုပြီး လေကျယ်နေတဲ့ မင်းအုပ်စိုးကို စဉ်ပေါ်မှာထိုးမယ်ဆိုပြီး ဒဲ့စိန်ခေါ်လိုက်တဲ့ Hu Go

မင်္ဂလာပါ စာဖတ်သူတို့ ခင်ဗျာ … Hu Go ကတော့ မင်းအုပ်စိုးကို ဒဲ့စိန်ခေါ်လိုက်ပါပြီ

ထောင်က ထွက်လာထဲက လိုင်းပေါ်မှာ တမျိုးပြီးတမျိုး လေကျယ်နေတဲ့ မင်းအုပ်စိုးရဲ့ စကားတွေတော့ ပရိတ်သတ်ကြီး ကြားသိပြီးသား ဖြစ်မှာပါ

ဒီလိုလေကျယ်နေတဲ့ မင်းအုပ်စိုးကို Hu Go က ဒီနေ့မှာပဲ “ဦးမင်းအုပ်စိုးအားစိန်ခေါ်ခြင်း” ဆိုပြီး

” ကျနော်တနှစ်တခါ ဝါသနာတူ ညီကိုတွေနဲ့ စဉ်ပေါ် စိန်ခေါ်ပီး သတ်ပုတ်တမ်း ကစားပါတယ်!

ဒီနှစ်ကစပီး အလုပ်ကိစ္စတွေကြောင့် မထိုးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့လဲ

အသစ်ပေါ်လာသော ထောင်ထွက်လူမိုက်ကြီး

ဦးမင်းအုပ်စိုးကိုစိတ်ဝင်စားလို့ ဒီကနေစိန်ခေါ်လိုက်ပါတယ်ခင်ဗျား!

MMA Rule နဲ့စိန်ခေါ်တာဖြစ်ပီး Weight နဲ့ အသက်အရွယ်အရ သရေအရှုံး အကြောပေးပါတယ်💪

ကျနော်ကတော့ ကျနော့ကြိုးဝိုင်းထဲမှာပဲ 1 By 1 လူမိုက်လုပ်တယ်😊

ခင်ဗျားက လူမိုက်ဆိုတော့ ကစားချင်လို့ပါ!

အကယ်လို့ လူကြီးမင်းဘက်က လက်ခံရင် BSB (Burmes Street Boxing) ကို စာရင်းပေးသွင်းပီး လာမဲ့ BSB Batch 3 မှာကျနော်နဲ့ ကစားနိုင်ပါတယ်ခင်ဗျ!

အားကစားစိတ်ဓာတ်ဖြင့် 🤟 ” ဆိုပြီး စိန်ခေါ်ထားတာပါ

လိုင်းပေါ်မှာ လေကျယ်နေတဲ့ လူမိုက် ထောင်ထွက်ကြီးကရော စဉ်ပေါ်မှာ ထိုးရဲပါ့မလားနော်

မင်မင်ကတော့ ထောက်ထွက် လူမိုက်ကြီးဟာ လိုင်းပေါ်မှာပဲ လေကျယ်ရဲတဲ့ ဝိတ်ပေါကြီးလို့ပဲ မြင်တယ်ဗျာ

စာဖတ်သူတို့ကရော ဘယ်လိုထင်လဲ … တကယ်လို့များ စဉ်ပေါ်မှာ ထိုးဖြစ်ရင်ရော ဘယ်သူ့ကို အားပေးမယ်ဆိုတာ ကွန့်မန့်လေး ရေးပေးခဲ့ပါအုံးဗျာ ။

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ