တရားရုံး၏ ဒဏ်ငွေ ၅၀၀၀ အမိန်ချမှု့အပေါ် မကျေနပ်၍ ဒေးဒရဲမှ volunteer များအားလုံး နှုတ်ထွက်

မြို့နယ်တရားရုံး ဆုံးဖြတ်ချက်အပြီး ဒေးဒရဲမြို့အဝင် COVID-19 ကာကွယ်ရေး စစ်ဆေးရေးဂိတ်မှ Volunteer လုပ်ကိုင်သူ အားလုံး နှုတ်ထွက်

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့အဝင်၌ COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်နေသူများအား ရိုင်းပြစွာ ပြောဆိုဆက်ဆံသူကို မြို့နယ်တရားရုံးမှ ဒဏ်ငွေ ကျပ် ၅၀၀၀ ပြစ်ဒဏ်ချမှတ်ပြီးနောက် မြို့ခံ Volunteer အားလုံး စစ်ဆေးရေးဂိတ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် ဒေးဒရဲမြို့အဝင် COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေး သူများမှ ပြစ်မှုကျူးလွန်သူ ယာဉ်မောင်း ဦးဇော်လွင်ထံမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလာရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ တောင်းယူရာမှ ဦးဇော်လွင်က

ရိုင်းပြစွာ ပြောဆို ဆက်ဆံခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်ပြီးနောက် ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်း ဦးဇော်လွင် အား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်း ရေး ဥပဒေ ပုဒ်မ(၁၅)အရ ပြစ်ဒဏ် အဖြစ် ဒဏ်ငွေ ကျပ် ၅၀၀၀ ကို ဧပြီ ၂၇ ရက်က ချမှတ်ပြီးနောက် မြို့ခံ Volunteer များ စစ်ဆေး ရေးဂိတ်မှ

နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ လက်ရှိ အချိန်တွင် ဒေးဒရဲမြို့အဝင် COVID-19 ကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် Volunteer လုပ်ကိုင်သူ တစ်ဦးမှ မရှိတော့ဘဲ သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ သာ စစ်ဆေးလုပ်ကိုင်နေကြကြောင်း သိရသည်။ “ဒေးဒရဲမှာ ပြစ်မှုကျူးလွန်တဲ့ ယာဉ်မောင်း

ဦးဇော်လွင်ကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ (၁၅) အရ ဒဏ်ငွေ ၅၀၀၀ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးထွန်းရွှေက ပြောသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလာရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ

ယူဆောင်ရန်အပါအဝင် ဒေသန္တရအမိန့် ၉ ခုထုတ်ပြန်ထားပြီး ဧပြီ ၂၉ ရက်အထိ အမိန့်ကို ချိုးဖောက် သူ ၃၄ ဦးကို သက်ဆိုင်ရာ တရားရုံး များသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ထောင်ဒဏ် ၁ လမှ ၆ လအထိ အမိန့် ချမှတ်မှုများရှိခဲ့ပြီး ငွေဒဏ်ချမှတ် သည့် အမှုများလည်းရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ဖျာပုံခရိုင်၊

ဘိုကလေးမြို့နယ်တွင်လည်း ဧပြီ ၂၁ ရက် ညပိုင်းက အလားတူဖြစ်ရပ်မျိုးဖြစ် ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသား တစ်ဦးနှင့်အမျိုးသမီး တစ်ဦးတို့အား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ (၁၈)အရ ဧပြီ ၂၂ ရက်တွင် တရားရုံးမှ ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အဝင်၌လည်း COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုကို ငြင်းဆန်ကာ စစ်ဆေးမှု လုပ်ဆောင်နေသူများကို ရန်ပြုခဲ့သည့် လင်မယားနှစ်ဦးကိုလည်း မိုးကုတ်မြို့နယ် တရားရုံးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ-၂၆ အရ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ လေးစားစွာဖြင့် ခရစ်ဒက်…..Oo ThaungTun