ရွှင်လန်းအားတက်ဖွယ်ရာပါ…ထိရောက်မယ့် အရွေ့တစ်ခုပေါ့

အားတက်စရာပါ…ထိရောက်မယ့် အရွေ့တစ်ခုပေါ့

ခုဆို မြန်မာ့အရေးဟာ UN လမ်းကြောင်းမှာ UNSC (လုံခြုံရေးကောင်စီ)ထက်မြင်တဲ့ General Assembly (အထွေထွေညီလာခံ)ဆီကို ဦးတည်သွားနေပြီလို့ဆိုနိုင်ပါပြီ…US နဲ့ ဒီမိုကရေစီနိုင်ငံကြီးတချို့ရဲ့တိုက်တွန်းမှုကြောင့်လို့ပြောရမှာပါ..

UN မှာ အဖွဲ့စည်းအနေနဲ့က UNSC (လုံခြုံရေးကောင်စီ)ကအမြင့်ဆုံးပါ..သို့သော် UNSC ဆုံးဖြတ်ချက်ကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပါတယ်..

UNSC ဟာ အဖွဲ့ဝင် ၁၅နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံဖြစ်တဲ့ အမေရိကန် ပြင်သစ် အင်္ဂလန် တရုတ် ရှရှားစတဲ့ နိုင်ငံတစ်နိုင်က ဗီတိုသုံးလာခဲ့ရင် ဗီတိုကို ကျော်လွှားလို့မရပါ..

ကုလသမဂ္ဂ အထွေထွေညီလာခံကတော့ လုံခြုံရေးကောင်စီထက်မြင့်တဲ့ UN လမ်းကြောင်းမှာ အမြင့်ဆုံးဖြစ်ပါတယ်…

General Assembly ဆိုတာ UN အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံပါ… အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တစ်ဝက်ကျော်က ထောက်ခံတဲ့ဆုံးဖြတ်ချက်ကို

ဘယ်အရာကမှ တားဆီးပယ်ဖျက်နိုင်စွမ်း မရှိတော့ပါ.. ဒီလို ညီလာခံမှာက ရုရှားလဲ တစ်မဲ..တရုတ်လဲ တစ်မဲ အဖွဲ့ဝင်နိုင်ငံအားလုံး တစ်မဲဆီ ပေးရတဲ့ ဆုံးဖြတ်ချက်ပါ…

အကယ်၍ ခု လက်ချင်းစတိန်းနိုင်ငံက တင်သွင်းပြီး ပူးတွဲထောက်ခံသူ ၄၈နိုင်ငံရဲ့ အဆိုပြုချက်က အထွေထွေညီလာခံကို ရောက်လာပြီး မဲခွဲဆုံးဖြတ်လို့

ကုလအဖွဲ့ဝင်နိုင်ငံ ၉၇ နိုင်ငံကသာ ထောက်ခံခဲ့ရင် အဆိုအောင်ပါပြီ…တရုတ်နဲ့ ရုရှားလဲ မတားဆီးနိုင်တော့ပါ…

ဒီလို UN ရဲ့ အထွေထွေညီလာခံ လမ်းကြောင်းဆီ ရောက်လာနိုင်တာလဲ NUG ,ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းတို့ရဲ့အားထုတ်မှုရယ် အဓိကကတော့ တိုင်းရင်းသားပြည်သူ အားလုံးရဲ့ မဆုတ်မနစ်တော်လှန်ရေးက ထိရောက် ခရီးပေါက်စေခဲ့တဲ့ သဘောပါပဲ..

ThetdweAung / Photo : Google

Tags: