ဘာအလုပ်မှ လုပ်စရာမလိုဘဲ တစ်ညကို ၄ ယောက်နှုန်းနဲ့ အိပ်ပေးနေရတဲ့ မိန်းမ ၁၆ယောက်ယူထားတဲ့ အမျိုးသား

ဘာအလုပ်မှ လုပ်စရာမလိုဘဲ တစ်ညကို ၄ ယောက်နှုန်းနဲ့ အိပ်ပေးနေရတဲ့ မိန်းမ ၁၆ယောက်ယူထားတဲ့ အမျိုးသား

ကလေး ၁၅၁ ဦးရဲ့ ဖခင်ဖြစ်သူက သူ့အနေနဲ့ အလုပ်လုပ်စရာမလိုဘဲ ဇနီးသည် ၁၆ ဦးကို စိတ်ကျေနပ်မှုရရှိအောင်သာ အချိန်ပြည့်လုပ်ပေးဖို့သာ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၆၆ နှစ်အရွယ် Misheck Nyandoro က ညတိုင်းညတိုင်းမှာ ဇနီးသည်လေးဦးနဲ့ အိပ်စက်ရတယ်လို့ ပြောဆိုခဲ့ပြီး ၁၇ ဦးမြောက်နဲ့ လက်ထပ်ဖို့လည်း အသင့်ဖြစ်နေပြီလို့ ဆိုပါတယ် ဇင်ဘာဘွေ စ.စ်.မှူ့ထမ်းဟောင်းတစ်ဦးလည်းဖြစ်တဲ့ Nyandoro ဟာ

မိန်းမတစ်ယောက်ထက်မကယူတဲ့ ဓလေ့ကို သူ့အသက် ၃၈ နှစ်မှာ စတင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းစာ The Herald ကို ပြောဆိုခဲ့ပြီး “ကျွန်တော့်စီမံကိန်းက ပြီးပြည့်စုံနေပါပြီ” လို့လည်း ဆိုခဲ့ကြောင်း Metro သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“ဒီလိုမိန်းမအများကြီးယူဖို့စီမံကိန်းကို ၁၉၈၃ မှာ စတင်ခဲ့တာဖြစ်ပြီးတော့ သေခြင်းတရားက ကျွန်တော့်ကို မရပ်တန့်မချင်း ကျွန်တော်ဆက်လုပ်သွားမှာပါ” လို့ သူက ဆိုပါတယ်။ သူ့အနေနဲ့ နောက်ထပ်သာ စီမံနိုင်မယ်ဆိုရင် မိန်းမအယောက် ၁ဝဝအထိ ယူပြီး

ကလေးပေါင်း ၁၀၀၀ အထိ မွေးဖွားဖို့ ရည်ရွယ်ထားကြောင်းလည်း သူက ပြောခဲ့ပါတယ်။ ဇနီးသည်တွေများပြားလွန်းတဲ့အတွက် Nyandoro ဟာ ဘယ်သူတွေနဲ့ အိပ်စက်ရမလဲဆိုတာကို အချိန်ဇယားတစ်ခုရေးဆွဲထားတယ်လို့ သိရပြီး

“ကျွန်တော့်အချိန်ဇယားအတိုင်း လုပ်ထားတဲ့ အိပ်ခန်းကို သွားတယ်၊ အဲဒီနောက် ကျွန်တော့်ဇနီး စိတ်ကျေနပ်မှုရဖို့အတွက် ဖန်တီးပေးပြီးရင် နောက်အခန်းကို ပြောင်းပါတယ်၊ အဲဒါက ကျွန်တော့်အလုပ်ပဲ၊ တခြားအလုပ် ကျွန်တော့်မှာမရှိဘူး၊

ကျွန်တော့် ဇနီးတစ်ဦးချင်းစီရဲ့ အသက်နဲ့ လိုက်ဖက်ညီမယ့် အပြုအမူတွေကို ကျွန်တော်ပြောင်းလဲပါတယ်” လို့ သူက ထပ်ပြောပါတယ်။ ကလေး ၁၅၀ ဦးအထိ မွေးဖွားထားပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေတာမျိုးမရှိဘူးလို့

သူက ပြောဆိုခဲ့ပြီး ကြီးမားတဲ့မိသားစုကြီးရှိတာက အကျိုးကျေးဇူးရှိတယ်လို့လည်း ဆိုပါတယ်။ “ကျွန်တော့်ကလေးတွေက ကျွန်တော့်ကိုတောင် ဖျက်ဆီးနေကြတာ၊ သူတို့ဆီကနေ လက်ဆောင်တွေ၊ ငွေကြေးတွေ အမြဲတမ်းရနေတာလေ” လို့ သူက ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့ရဲ့ ဇနီးတွေဟာ အလွန်အမင်းပျော်ရွှင်နေကြပြီး သူ့အနေနဲ့ သူ့ရဲ့ဇနီးကြီးတွေက လိင်မှုဆိုင်ရာတောင်းဆိုမှုတွေ များပြားတာကို ညည်းညူနေလို့ သူ့ထက်အများကြီးငယ်တဲ့ မိန်းမတစ်ယောက်ကို ထပ်မံယူဖို့ အစီအစဉ်ရှိနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ကျွန်တော့် ဇနီးတစ်ယောက်ချင်းစီက နေ့တိုင်း ကျွန်တောာ့်အတွက် ချက်ပြုတ်ပေးနေပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်က အရသာရှိတာကိုပဲ ရွေးစားတယ်၊ အရသာမရှိဘူးလို့ ခံစားရတဲ့ဟာဆိုရင်တော့ ကျွန်တော်ပစ်ထားလိုက်တာပဲ၊

ဒီစည်းကမ်းကို သူတို့သိပါတယ်၊ ကျွန်တော်က ပိုတဲ့အစားအစာတွေပြန်ပို့တဲ့အခါ ဒေါသမထွက်ဖို့ သူတို့ကတိပေးထားပါတယ်၊ ပြန်ပို့လိုက်တဲ့အရာတွေမှန်သမျှက သူတို့ကိုတိုးတက်လာစေဖို့ သင်ခန်းစာပေးတာမျိုးဖြစ်သင့်ပါတယ်” လို့ Nyandoro က ပြောခဲ့ပါတယ်။

crd-therivernews