စ.စ် ပွဲ ကြောင့် အမိမဲ့သွားရတဲ့ ခ လေး ငယ် လေးရဲ့ အဖြစ်

မျက်နာကို မြင်တာနဲ့ ဒီကလေးငယ်လေးကိုချစ်ခင်ဖွယ်ရှိကြမယ်ထင်ပါတယ် – “ ဒီကလေးလေးကို သူ့အမေဆုံးပြီး တပတ်ကြာတဲ့ထိ ရွာက မထွက်ပြေးရဲလို့ ဗုံး ခိုကျ င်း ထဲမှာ ထားပြီးနေခဲ့ရတယ်၊ ကျင်းထဲမှာ ခြ င် ကို က်တော့ ခြင်ဆေးခွေထွန်းရတယ်။အဲ့အနံ့တွေကြောင့် ကလေးက ချော င်း ဆိုး ပြီး ခုထိ ရ င် ကျ ပ် နေတာ”

မြို့သစ်မှာ ည(၂)နာရီကျော် စ စ် ဖြ စ် တဲ့အချိန် အိမ်ပေါ် လ က် န က် ကြီး ကျပြီး ပေါ င် အ တွ င်းသား ထိ ပေါ က် ကာ ညတွင်းချင်း ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ မပုတု ရဲ့ (၄)လသားအရွယ် သားလေးကို ‌ခေါ်ယူစောင့်ရှောက်ထားပေးသူ (မပုတုရဲ့ အမကြီး) ကလေး၏အဒေါ် က ခုလို ဆိုပါတယ်။

အမေက အသက်(၂၀)ဝန်းကျင်သာရှိသေးတဲ့ မြို့သစ်ဇာတိ ရွာသူ ၊ ဗန်းမော်မြို့ထဲကိုတောင် (၄)ခါလောက်ပဲ ရောက်ဖူးတဲ့ ရိုးလွန်းတဲ့ ရွာသူဖြစ်ပါတယ်။ ကွယ်လွန်သွားသောမိခင်ကလေးရဲ့ ဖခင်အမည်က ဦးအောင်သူဖြိုး၊ ဧရာဝ တီတိုင်းဇာတိဘက် က ဖြစ်ပြီး ဇာတိကို ခဏပြန်ကာ စီးပွါးရှာသွားမယ် ဆိုပြီး ခုထိ ပြန်မလာကြောင်းလည်း သိရှိရပါတယ်။

အဖေဖြစ်သူနဲ့ ယခုထိ ထိတွေ့ခွင့်မရရှိသေးတဲ့ ဒီသားလေး (၄) လသားပြည့်တဲ့ နေ့မှာပဲ.. စ စ် ဘေးကြောင့် မိခင်ရင်ခွင်မဲ့ ခဲ့ရပြီး ကလေးရဲ့ အမည်တောင် ယခုထိ မပေးရသေးပါ ဟုလည်း စိတ်မကောင်းစွာသိရှိရပြန်ပါတယ်။စိတ်သဘောထားပြည့်ဝတဲ့ အဒေါ်ရင်းဖြစ်သူက သားလေးကို မိခင်ရင်းတဖွယ် ခေါ်ယူမွေးစားစောင့်ရှောက်ထားပေးပြီး မိခင်နှင့်အတူရှိစဉ်က“Bhamo Platform “ နဲ့ အဆက်အသွယ် ချိတ်ဆက်ရရှိမှုကြောင့်

ကလေးအတွက် နို့မှုန့်၊ အာဟာရမှုန့် ၊ ဒိုင်ဘာ၊ ဆေးဝါးတချို့၊ ကလေးအသုံးအဆောင်ပစ္စည်းတချို့နှင့်အတူ ငွေသား(၁)သိန်း သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ကလေးလေးဟာ အလွန်မျက်နာ..ချိုပြီး ဘယ်သူခေါ်ခေါ် အပွေ့ခံပြီး အတော်လေးလိမ္မာရှာပါတယ်။သူ့ကို ခေါ်ပွေ့တဲ့ သူစိမ်းတိုင်းနဲ့ လည်း တဂျီဂျီငိုတာမျိုးမရှိပဲ မျက်နာအလွန်ချိုပါတယ်။

ကလေး ရဲ့ မျက်နာချို ချစ်ခင်ဖွယ်ကောင်းမှု နဲ့ ပကတိ အပြ စ်က င်းစင်မှု ကြောင့် လူမှန်းတောင် မသိတတ်သေးတဲ့..ဒီ(၄)လသားအရွယ်လေးနဲ့ လူ့လောကကြီးရဲ့ ရှူပ်ထွေးလှသော နိုင်ငံရေးနောက်ဆက်တွဲ စ စ် ဘေး ဒ ဏ် ၏ ခါးသီးမှုကို အ ပြ စ် မဲ့ ခံစားရခြင်းဟာ အလွန်ကို စိ တ်ထိ ခို က် စရာကောင်းလှပါတယ်။

မိခင်နို့စို့လို့ ရင်ခွင်မှာချော့သိပ်ပြီး မိခင်မေတ္တာကို အပြည့်အဝခံစားနေရမဲ့..ဒီ(၄)လသားဆိုတဲ့ ကလေးအရွယ်ကလေးလေးဟာ ဖခင်မရှိတဲ့ကြားက ခုတော့ မိခင်ပါ မဲ့ ခဲ့ရရှာပါပြီ။ အဆိုး ကြားက အကောင်းအဖြစ်နဲ့ ကလေးမိခင်နဲ့ညီအမအရင်း တော်စပ်ပြီး ဗန်းမော်မြို့တွင်းနေထိုင်သူ ကလေးရဲ့အဒေါ်က ဒီကလေးလေးရဲ့ ဘဝကို.မိခင်ရင်းတဖွယ် အပြည့်အဝ ကြည့်ရှူစောင့်ရှောက်ပေးထားပြီး

ရင်းနှီးခင်မင်သူ တချို့က ကလေးအတွက် လှူဒါန်းပေးထားသမျှ ကို စည်းစနစ်ကျစွာနဲ့ ကလေးအနာဂတ်အတွက် သေချာသိမ်းဆည်းစုဆောင်းပေးထားရှာပါတယ်။ လက်ရှိကလေး ကျန်းမာရေး..အခြေအနေကတော့ ခြင်ဆေးခွေ နံ့ ဖြင့် ဗုံး ကျ င်း ထဲမှာ နေခဲ့ရတဲ့အချိန်တစ်ခုကြောင့် ညည ရ င် ကျ ပ် ချော င်း ဆိုးတတ်တာကလွဲလို့ ကျန်တာ အားလုံး ကောင်းမွန်ကြောင်း လည်းသိရှိရပါတယ်။

မပုတု၏ ကျန်ရစ်တဲ့ ဒီသားလေးရဲ့ ကလေးအနာဂတ်အတွက်..တဖက်တလှမ်းက အမှန်တကယ်လှူဒါန်းလိုပါက ကလေးလေး၏ အုပ်ထိန်းသူ ဒေါ်အင်ကြင်း နှင့် တိုက်ရိုက်ချိတ်ဆက် လှူဒါန်းပေးနိုင်ပြီး ဆက်သွယ်ရန် ဖုန်းနှင့် အဆယ်အသွယ်တချို့ကို Bhamo Platform ၏ Message Box တွင် လာရောက်မေးမြန်းနိုင်ပါသည်။..

( မှတ်ချက်- ယခု Post အတွက် ရိုင်းစိုင်းသော မန့်များ၊ သရော်သော မန့်များအား Page မှ ချက်ချင်းBan မည်ဖြစ်ကြောင်းနှင့် ကလေး၏ ပုံကို အသုံးချကာ အလှူခံခြင်းများ လုံးဝမပြုလုပ်ပဲ လှူဒါန်းလိုပါက ကလေး၏ အုပ်ထိန်းသူ အဒေါ်ထံ သာ တိုက်ရိုက်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

Crd – Bhamo Platform

Tags: