အမြစ်ပွားဆေး (အမြစ်သန်ဆေး ) ပြုလုပ်နည်းနှင့် အကိုင်းကူးနည်းများ

အမြစ်ပွားဆေး (အမြစ်သန်ဆေး ) ပြုလုပ်နည်းနှင့် အကိုင်းကူးနည်းများ ဗဟုသုတ ဖြစ် လိုအပ်သူများအတွက် မျှဝေပေးလိုက်သည်။

အမြစ်ပွားဆေးကို ဘယ်နေရာတွေမှာ သုံးဘဲဆိုရင် အကိုင်းကူး! အကိုင်းဆက် ! အပင် အမြစ်အားဆေးအဖြစ်လည်း သုံးနိုင်ပါတယ် စိုက်ခင်းနဲ့ သစ်ပင်တွေကိုလည်း အားဆေး မြေသြဇာအနေနဲ့သုံးနိုင်ပါတယ်

အမြစ်ပွားဆေး လုပ်ရတာ လွယ်ပါတယ် လိုအပ်သော ပစ္စည်းများ

(1)စိမ်းစားငပိ (ပုစွန်ငါးပိ ! မြိတ်ငပိခေါ် ဂွေးငပိပါ) ထမင်းစားဇွန်း တစ်စွန်း

(2)M150 အချိုရည်တစ်ပုလင်း (မရှိပါက vitamin B12 ပါဝင်သော အချိုရည်များ shark ! ကျွဲရိုင်း ) တခုခုဆိုလည်း အဆင်ပြေပါတယ်

(3) ဟင်းချက်အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း

အဲတာဆိုရင် ငါးပိတစ်ဇွန်းရယ် M150 အချိုရည် တစ်ပုလင်းရယ် အချိုမှုန့်တစ်ဇွန်းရယ် ခွက်တစ်လုံးထဲမှာ အားလုံးရောမွှေပါမယ် မြစ်ပွားဆေးရပါပြီခင်ဗျ

အသုံးပြုပုံကတော့ !!!!!!!!!!!!

အကိုင်းကူး ! အကိုင်းဆက်ရာမှာ သုံးမယ်ဆိုရင်တော့ အထက်ဖော်ပြပါ ရောသမွှေပြီး ရလာတဲ့ အရည် ထမင်းစားတစ်ဇွန်းကို ရေတစ်လီတာလောက်နဲ့ စပ်လိုက်ရင်တော့ အသုံးပြုနိုင်ပါပြီ

စိုက်ခင်း ဒါမှမဟုတ် အပင်ကို အမြစ်သန်အားဆေးအနေနဲ့သုံးချင်ရင်တော့ အထက်ပါဖျော်စပ်ပြီး ရလာတဲ့အရည် ထမင်းစားတစ်ဇွန်းကို ရေငါးလီတာနှုန်းနဲ့ ရောပြီးလောင်းနိုင်ပါတယ်

အသုံးပြုပုံကတော့ တစ်ယောက်နဲ့တစ်ယောက် မတူတော့ ကိုယ်သုံးတာပေါ်မူတည်ပြီး အချိန်အဆ ညှိပြီးသုံးနိုင်ပါတယ် အပင်အားလုံးအတွက် အသုံးပြုနိုင်ပါတယ် အကိုင်းကူးမယ်ဆိုရင်တော့ အကိုင်းကူးမယ့် ဓားခြစ်ထားတဲ့နေရာကို စုပ်တံလေးနဲ့ သုတ်ပေးနိုင်ပါတယ်

အဆင်ပြေကြပါစေ နောက်ပိုင်းမှာ အပင်တော်တော်များများမှာအသုံးပြသွားပါမယ်