ခက်ခဲနေတဲ့အချိန်မှာ အိမ်ခြေ ၂၀၀ အတွက် ဆန်လှုဒန်းခဲ့တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

လှိုင်သာယာကျူးကျော်ရပ်ကွက်မှ အိမ်ခြေ (၂၀၀) အတွက် ဆန်များလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို ဆောင်ရွက်ရတဲ့ အလုပ်မို့ တော်ရုံလူ မလုပ်နိုင်ပါဘူးနော်။ ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများစွာလုပ်ကိုင်ခဲ့တဲ့

သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ လိုအပ်တဲ့ နေရာတွေဆီကို ဘယ်လောက်ဝေးဝေး အရောက်သွားတတ်ပြီး အကူအညီ လိုအပ်သူတိုင်းကို ဖေးမကူညီရင်း အားပေး နှစ်သိမ့်တတ်သူ တစ်ယောက်ပါ။

ခုလိုကာလမှာဆိုရင်လည်း နေရာတိုင်းမှာ အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေပြီး ခိုင်နှင်းဝေကလည်း လက်လှမ်းမှီသလောက် လိုက်လံ ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အဆင်မပြေဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆီကိုလည်း

 

နေ့စဉ်တိုင်းလိုလိုသွားရောက်ကာ စားနပ်ရိက္ခာနဲ့ လိုအပ်တာများလှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။ ယနေ့မှာ သူမရဲ့ အကောင့်မှာ “လှိုင်သာယာ ဘက်မှ ကျုးကျော်အိမ်ခြေ (၂၀၀)အား တစ်အိမ်လျှင် ဆန် (၅)ပြည်စီ ဝေမျှ လှူဒါန်းခဲ့ပါတယ်ရှင်..

အိမ်တွေထိ လိုက်ဝေလို့ အဆင်မပြေတဲ့ အတွက် ဘုန်းဘုန်းကျောင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာသာ လှူဖြစ်ခဲ့ပါတယ်…ကျမနှင့် အတူ နိဗ္ဗာန်လမ်းကို ရည်မှန်း၍

 

ပါဝင် လှူဒါန်းပေးကြသော အလှူရှင်များ နှင့် သာဓုခေါ်ဆို ပေးကြသော ခုနှစ်ရက် သားသမီးများ အားလုံး ထပ်တူ ကုသိုလ်ရကြပါစေရှင်.” ဆိုပြီး ရေးသားထားပါတယ်

ဒီလို ကာလမှာ လှုတန်းပေးတဲ့ ခိုင်နှင်းဝေကို သာဓု အကြိမ်ကြိမ် ခေါ်လိုက်ရပါတယ် နောင်လဲ ဒီထက်မက လှုတန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်