ပွဲစားနဲ့ပေါင်းပြီး လုပ်စာနေတဲ့ ဘဏ်ဝန်ထမ်းများကို ဘဏ်လုပ်ငန်းရှင်ကြီးများမှ အရေယူပေးစေလို

ဘေးဘယာ ဝေးကွာကြပါစ စာဖတ်သူတို့ ခင်ဗျာ…

ဒီနေ့ ဒီကာလမှာ လူအများ စုဟာ ATM ကနေ အသုံးစရိတ်အတွက် ရှိတာလေးတွေ ထုတ်နေရချိန်ပဲ ဖြစ်ပါတယ် …

အသုံးစရိတ်အတွက် ATM ကနေ ထုတ်တဲ့အခါမှာ နေပူကြီးထဲမှာ ထိုင်စရာနေရာက မရှိ … ကို.ဗ.စ် တ.တိ.ယလှို.င်းကိုလဲ မကြောက်အားပဲ လူရာနဲ့ဂဏန်းလောက် တန်းစီပြီး ထုတ်နေကြရတာပါ

ATM က ထည့်ပေးတာမှ သိန်း 600 လောက်ပဲရှိတာပါ … ဒါကို တချို့လုပ်စားသူတွေက တယောက် ၃ ၄ ၅ ကဒ်လောက်သုံး ပြီး ထုတ်နေကြတာပါ … ဘာလို့ ဒီလို ထုတ်တာလဲဆိုတော့ သူတို့က ငွေသား ထုတ်ချင်တဲ့သူတွေကို ဘဏ်ပေါ်မှုတည်ပြီး 4.5% ကနေပြီး 7.2% ထိယူပြီး လုပ်စားနေကြတာပဲ ဖြစ်ပါတယ်…

ဒီလို ပွဲစားတွေရဲ့ လုပ်စားမှု့တွေကြောင့် တကယ်အသုံးလိုလို့ ထုတ်ချင်သူတွေမှာ ဒုက္ခ ရောက်ရပါတယ် … အံ့အား သင့်စရာက ပွဲစားတွေရဲ့ လုပ်ဆောင်မှု့မှာ ဘဏ်လုံခြုံရေးတွေပါ ပါဝင် ပတ်သက်နေပါတယ် … ပွဲစားတွေနဲ့ ပတ်သက်တဲ့ AYA ဘဏ်လုံခြုံရေး တယောက်အဖြစ်ကို ATM ငွေထုတ်သူ တစ်ယောက်မှ

” ယနေ့ မနက် လသာမြို့နယ် လမ်းမတော်သံဈေး AYA Bank မှ ATM စက်မှာ ငွေသွားထုတ်ခဲ့ပါတယ်၊ ATM စက်ဝင်ပေါက်ရှေ့မှာ လုံခြု့ရေးဝန်ထမ်းရပ်နေပြီး အထဲကစက်မှာ AYA ဘဏ်ဝန်ဝန်းတစ်ဦးငွေထုတ်နေတာတွေ့ရပါတယ်၊

ဒါနဲ့က်ျိန်တော်လဲခဏစောင့်နေပြီး လုံခြု့ရေးဝန်ထမ်းမှ ငွေမရှိကြောင်းနှင့် စက်ပျက်နေကြောင်းပြောလာ၍ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေရာ ခဏကြာတော့ ဘဏ်ဝန်ထမ်းမှ AYA မှ

အိတ်ကျွတ်ဖြင့် ငွေများထုတ်ယူပြီးထွက်တာကိုမြင်တွေ့ခဲ့ရပါတယ်။ ထုတ်ယူပြီးထွက်လာတဲ့ ဘဏ်ဝန်ထမ်းမှာ ဘဏ်ရုံးခန်းရှေ့မှာထိုင်ပြီး လုပ်စားကဒ်တွေနဲ့ပါ သက်သေခံနဲ့တစ်ကွ ပြသပေးထားပါတယ်။

တစ်ကယ်လေးစားခဲ့ရတဲ့ U Zaw Zaw ရဲ့ AYA Bank ကိုလေးစားခဲ့သလို အကျင့်ပျက်ဝန်ထမ်းတွေကိုလဲ ထိရောက်စွာ အရေးယူပေးစေချင်ပါတယ်၊ ငွေတစ်ကယ်လိုအပ်လို့ လာထုတ်တဲ့ အခြေခံ ပြည်သူတွေကိုလဲ ဌဲ့ကွက်သင့်ပါကြောင်း ပုံနဲ့တစ်ကွ တင်ပြအပ်ပါတယ်။” လို့ရေးထာပါတယ်

ဘဏ်လုပ်ငန်းရှင်များ အနေဖြင့် ယခုလို အချိန်မှာ ဘဏ်ဝန်ထမ်းများကို ဂရုတစိုက် စစ်ဆေးပြီး မသမာမှု့များကို ဖော်ထုတ် အပစ်ပေးသင့်ပါကြောင်း အကြံပြုလိုက်ပါသည်

စာဖတ်သူတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

Tags: