ခေတ်သစ်ဇောတိက သူဌေးကြီး ဦးဇော်ဇော် လှုပြန်ပြီ အားကျမိပါ၏…သာဓုခေါ်ပါ၏

အသက် ၆၀ နှစ်အထက် မြန်မာ့လက်ရွေးစင် ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအား ဧရာဝတီ ဖောင်ဒေးရှင်း မှ ဆန်နှင့်ထောက်ပံ့ငွေ ကျပ်တစ်သိန်းစီ လှူဒါန်း

Stay At Home နေထိုင်လျက်ရှိကြသည့် အသက် ၆၀ နှစ်အထက် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများ နေထိုင် စားသောက်မှု အဆင်ပြေစေရေး အတွက် တစ်ဦးလျင် 5KG ဆန်တစ်အိတ်စီနှင့် ငွေကျပ် တစ်သိန်းစီအား ဧရာဝတီ ဖောင်ဒေးရှင်းက ပေးအပ်လှူဒါန်းခြင်းကို

ယနေ့မွန်းလွဲ(၁)နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့ မြန်မာနိုငငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မက်(စ်)မြန်မာ၊ ဧရာဝတီ ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုငငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးသန်းတိုးအောင်နှင့်

အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရွေးစင် ကစားသမားဟောင်းများ၊ ဒိုင်လူကြီးဟောင်းများ စုစုပေါင်း (၁၇၀)ဝန်းကျင် အတွက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့ မတက်ရောက်နိုင်သူများအတွက် မြန်မာလက်ရွေးစင်ဟောင်းများ အသင်း၏ အစီအစဉ်ဖြင့် နေအိမ်များသို့ အိမ်အရောက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်သည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်လျက် ရှိပြီး ငွေကြေးနှင့် ဆေးဝါးများ၊ ကုသရေးစက်ပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ပစ္စည်းများ၊ အခြားလိုအပ်သည့်

ကူညီပံ့ပိုးမှုများကို ဆေးရုံများနှင့် အကူညီ လိုအပ်နေသည့် နေရာဒေသ အသီးသီးသို့ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။ Source – MFF

Add a Comment

Your email address will not be published. Required fields are marked *