တော်လှန်ရေးမှာ ကျဆုံးသွားလို့ ပြန်မလာနိုင်တော့တဲ့ သခင်ကို ကုတင်ပေါ်မှာ အိပ်ပြီး စောင့်နေရှာတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ခွေးလေး

တော်လှန်ရေးမှာ ကျဆုံးသွားလို့ ပြန်မလာနိုင်တော့တဲ့ သခင်ကို ကုတင်ပေါ်မှာ အိပ်ပြီး စောင့်နေရှာတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ခွေးလေး

လက်ရှိမှာဆိုရင် လူထုလှုပ်ရှားမှု ပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေရဲ့ သတင်းတွေကလည်း ကြားရသူတွေအဖို့ တကယ့်ကို စိတ်မကောင်း ဖြစ်မိစေလောက်ပါတယ်။ အခုလည်း ပြည်သူတစ်ယောက်က

ကျဆုံးသွားတဲ့ သူ့အစ်ကိုရဲ့အကြောင်းကို လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ သူကတော့ အသက် (၃၀) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဇော်ထွန်းအောင် ဆိုသူပဲ ဖြစ်ပါတယ်။

ညီဖြစ်သူရဲ့ ရေးသား ပြောပြချက်အရ ကိုဇော်ထွန်းအောင်က လူထုလှုပ်ရှားမှုတွေမှာ အသက်နဲ့ရင်းပြီး ပါဝင်ခဲ့ရာကနေ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ ကို‌ဇော်ထွန်းအောင်ရဲ့ရုပ်အ လော င်း ကိုတော့ ပြီးခဲ့တဲ့

ဧပြီလ (၄) ရက်နေ့က မြို့မသုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီ ဖြစ်ပါတယ် ။ ကိုဇော်ထွန်းအောင် အတွက် မိသားစုဝင်တွေက ကြေကွဲဝမ်းနည်းနေရသလို သူ့ရဲ့ခွေးလေးကလည်း သခင်ကို စိတ်ပူနေရှာတာ ဖြစ်ပါတယ် ။

ညီဖြစ်သူရဲ့ စာထဲမှာလည်း ကိုဇော်ထွန်းအောင်ရဲ့ ခွေးလေးအကြောင်းကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ် ။ခွေးလေးက ပြန်မလာနိုင်တော့တဲ့ သူ့ရဲ့သခင်ကို စောင့် မျှော်နေတာဖြစ်ပြီး မတွေ့ရလို့ တစ်ဆိုင်လုံး ပတ်ရှာနေခဲ့တာ ဖြစ်ပါတယ် ။

နောက်ဆုံးမှာတော့ ခွေးလေးက သူ့ရဲ့သခင် ကိုဇော်ထွန်းအောင် အိပ်နေကျ ကုတင်ပေါ်မှာ အိပ်ပြီး စောင့်နေတာဖြစ်ကြောင်းကို ညီဖြစ်သူက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

“အစ်ကိုရေ…မင်းအပြင်ခဏထွက်ရင်တောင် ဆိုင်ရှေ့ကနေ ထွက်ထွက်စောင့်နေတတ်တဲ့ မင်းခွေးလေးကို ငါဘယ်လိုပြောပြရမလဲကွာ…ညတိုင်း မင်းနဲ့လမ်း လျှောက်နေကျ မနေ့ညက မင်းပြန်မလာသေးလို မျှော်နေသေးတယ်….” ဆိုတဲ့

ညီဖြစ်သူရဲ့စကားတွေကလည်း တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းနေခဲ့တာ ဖြစ်ပါတယ် ။