အထှာမထားပဲ အချင်းချင်းတောင် ဂျင်းထည့်တက်တဲ့ တ ရု ပ် တို့ လုပ် ရပ် ဖတ်သာကြည့်တော့

တရုတ်ပြည် တိရိစ္ဆာန်ရုံရှိ ခြင်္သေ့လှောင်အိမ်ထဲမှာ မွှေးပွ ခွေးအား ခြင်္သေ့နေရာမှာ အင်ထု ပြသားထား။

Golden retriever ဆိုတာ ရွှေရောင် မွှေးပွ ခွေးမျိုးဖြစ်ပါတယ်။ တရုတ်ပြည် စစ်ချွမ်ပြည်နယ် စီချန်းမြို့က Yuanjiashan Zoo ကို မစ္စတာတန်ဆိုသူဟာ သူ့ကလေးတွေနဲ့အတူ သွားရောက် လည်ပတ် ခဲ့ပါတယ်။

အာဖရိက ခြင်္သေ့ကိုပြသဖို့ African Lion လို့ ဆိုင်းဘုတ်တပ်ထားတဲ့ ပြခန်းလှောင်အိမ်ကို သွားတဲ့အခါမှာ Golden retriever ရွှေရောင် မွှေးပွ ခွေးတစ်ကောင်ကို အခန့်သား တွေ့ရပါတယ်။

တခြား ခြင်္သေ့ကို လာရှာတဲ့ သူတွေကလည်း အမွှေးပွ ခွေးကိုတွေ့တဲ့အခါမှာ “ဟာ … ဒါလား အာဖရိကန်ခြင်္သေ့! ခွေးနဲ့တူလိုက်တာကွာ၊ အကောင်ငယ်သေးလို့များလားလို့” ပြောဆို ရယ်မောခဲ့ကြပါတယ်။

မစ္စတာတန်က တိရိစ္ဆာန်ရုံဝန်ထမ်းတွေကို သွားမေးတဲ့အခါမှာ လှောင်အိမ်နေရာ ပြောင်းထားလို့လို့ ဖြေခဲ့ပါတယ်။

ပြဿနာက တိရိစ္ဆာန်ရုံ တစ်ခုလုံးမှာ ခြင်္သေ့ တစ်ကောင် တစ်မြီးမှ ရှာမတွေ့တာပါပဲ။

မစ္စတာတန်က တိရိစ္ဆာန်ရုံ ဝင်ခွင့်လက်မှတ်ထဲမှာ ခြင်္သေ့ရှိတယ်ဆိုပြီး ညာမရောင်းသင့်ကြောင်း၊ တိရိစ္ဆာန်ရုံကို လာလည်သူတွေဟာ အဲ့ဒီလောက်ပိန်းတယ်လို့ မထင်သင့်ကြောင်း ကွန်ပလိန်း တက်ခဲ့ပါတယ်။

အခုလို အင်ထုထားတာဟာ အလွန်အရုပ်ဆိုးကြောင်း၊ သူ့ကလေးတွေကို ဘယ်လိုရှင်းပြရမှန်းတောင် မသိကြောင်း၊ ရှက်ဖို့ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်က Zoo တွေမှာ အဲ့လို အင်ထုတဲ့ သတင်းတွေ တက်တာ အခုတစ်ကြိမ်တည်း မဟုတ်ပါဘူး။

ဒီလဆန်းတုန်းကလည်း ဟူဘေးပြည်နယ် Xiangwushan Zoo ထဲက ဝံပုလွေလို့ ဆိုင်းဘုတ်တပ်ထားတဲ့ လှောင်အိမ်ထဲမှာ Rottweiler ခွေးအမျိုးအစားကို ပြသားထားလို့ အရှက်ရခဲ့ပါသေးတယ်။ Zoo အုပ်ချုပ်ရေးက ဝံပုလွေသေသွားလို့ ခွေးအစားထိုးတာလို့ ဖြေရှင်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း ဝူဟန်မြို့က Jiufengshan Forest Zoo ထဲမှာ ဝံပုလွေဆိုပြီး ရိုးရိုးခွေးတစ်ကောင် ထည့်ထားလို့ အတော် ဝေဖန် ခံခဲ့ရပါသေးတယ်။

တရုတ်ပြည်က Zoo တွေမှာ အဲ့လို ဂျင်းထည့်တဲ့ ပြဿနာတက်နေချိန်မှာ ကျနော်တွေးမိတာက “မအလ” လို့ ဆိုင်းဘုတ်တပ်ပြီး “ခွေးပု” တစ်ကောင်ကို ထည့်ထားတာမှ လူတွေကယုံချင်ယုံလိမ့်အုံးမယ်လို့ တွေးမိပါကြောင်း။

c r d : Richard Myo Thant

Tags: