Quarantine ဝင်နေသူနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်

Quarantine ဝင်နေသူနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်

ထီးချိုင့်၊ မေ ၄-၂၀၂၀ မောင်တာရာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ နတ်အင်းကျေးရွာ စာသင်ကျောင်းမှာ မနေ့မေလ ၃ ရက်နေ့ညပိုင်းက Quarantine ဝင်နေသူနှစ်ဦး စကားများရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့ ထီးချိုင့်မြို့မ ရဲစခန်းက သိရပါတယ်။ “စာသင်ကျောင်းမှာ Quarantine ဝင်နေတဲ့

အောင်ဇော်ထွန်း ၃၇ နှစ် နဲ့ ဘိုဆန်း ၄၅ နှစ် တို့ဟာ စာသင်ကျောင်းတွင် Quarantine Center ထားရှိတဲ့ ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ကြတယ်” လို့ ထီးချိုင့်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို စကားများရန်ဖြစ်ရာကနေ ဘိုဆန်းဆိုသူက သူကိုင်ဆောင်ထားတဲ့ ဓားမြှောင်နဲ့ထိုးတဲ့အတွက်

အောင်ဇော်ထွန်းရဲ့ ဝဲဘက်ဝမ်းဗိုက်ခြမ်းမှာ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နတ်အင်းကျေးရွာနေ ဘိုဆန်း အသက်(၄၅)နှစ် ကို ထီးချိုင့်မြို့မရဲစခန်းက (ပ)၁၀၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ လေးစားစွာဖြင့် voiceofmyanmarအား ခရက်ဒစ်ပေးပါတယ်ခင်ဗျာ