မအေးသောင်းရဲ့ ပြည်ကြီးတံခွန်ရှိ အိုးမဲ အိမ်မဲ့ ဖြစ်သွားရသူတွေအတွက် လှုဒန်းနေသော ပုံရိပ်များ

ပြည် ကြီး တံခွန် မြို့ရှိ အိုး မဲ့ အိမ် မဲ့ ဖြစ်သွားခဲ့ရတဲ့ အိမ် ထောင် စု ၇၀ ကျော် ကို လိုအပ်သည့် စားသောက် ကုန်များနှင့် အလှူငွေများ လှူဒါန်းခဲ့တဲ့ မအေးသောင်း

မင်္ဂလာပါ ယခု တင်ဆက် ပေးသွား မှာကတော့ ကျနော်တို့ရဲ့ ပြည် သူ့ အချစ်တော် မအေးသောင်း က မတ် လ ၂၈ ရက် နေ့ နံနက် ၁ နာရီခန့် အချိန်တွင် မီးလောင်မှု ဖြစ်ပွားရာ နေရာ မန္တလေး တိုင်း ဒေသကြီး

ပြည် ကြီး တံခွန် မြို့နယ် သို့ လိုအပ်တဲ့ ပစ္စည်းများနဲ့ တစ်အိမ်ထောင်စု လျှင် အလှူ​ငွေ ၂ သောင်း ကျပ် ဆီ လှူဒါန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ မအေးသောင်းကတော့ ဖေဖော်ဝါရီ လ ၁ ရက် နေ့ထဲက ပြည် သူ တွေ နဲ့ အတူ

လူ ထု လှုပ် ရှား မှု မှာ ပါဝင်ခဲ့ပြီး လိုအပ်သည့် နေရာများကိုလည်း သူမတတ်နိုင်သလောက် လှူဒါန်း​ပေး​နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နံနက် အစောပိုင်း ၁ နာရီ ခန့်က ပြည်ကြီးတံခွန်မြို့ရှိ ၅၆ လမ်း နှင့် ၅၇ လမ်းကြား

၁၁၆ လမ်းနှင့် ၁၁၇ လမ်း အနီး မီး လောင် မှု ဖြစ်ပွားရာ အိမ်​​ထောင်စု ၇၀ ကျော် ၈၀ နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်တယ်လို့ သိရှိရပါတယ်။ ဒီသတင်းကို ကြားသိရခဲ့ရတဲ့ မအေးသောင်းက ကူညီလှူဒါန်းပေးချင်တာကြောင့်

Online မှ အလှူရှင်များနှင့် သူမ က အဆိုပါ ဒု က္ခ ​ရောက် နေကြတဲ့ ပြည် သူ တွေ အတွက် လိုအပ်တဲ့ အိုးခွက်၊ ဒယ်အိုး၊ ပန်းကန်၊ ဇွန်း၊ ရေခွက် နှင့် လိုအပ်သော ဆန် ၊ ကြက်သွန် ၊ ခရမ်းချဉ်သီး နှင့် အခြားစားသောက်ကုန်များအပြင်

ခေါင်းအုံး ၊ စောင် အစရှိသည်တို့ကို လှူဒါန်းပြီးနောက် တစ်အိမ်ထောင်စု လျှင် အလှူငွေ ၂ သောင်း ကျပ်ဆီ ထပ်မံပြီး လှူဒါန်းခဲ့ပါတယ်။ ပါဝင် လှူဒါန်းပေးကြတဲ့ အလှူရှင်များလည်း သာဓု သာဓု သာဓု ပါရှင် ဆိုပြီးလည်း ပြောပြလာခဲ့ပါတယ်။

ဒါ့အပြင် သူမတို့ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးသော ကိုမျိုးကြီး (ပန်းပျိုးသူ) ပရဟိတ အဖွဲ့ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းလည်း ထပ်မံပြောပြလာခဲ့ပါတယ်။

သူမ သွား​ရောက် လှူဒါန်းစဉ် ဒီကနေ့ နေ့လည် ၁နာရီလောက်က မီးဘေးသင့် ကိုယ်ဝန်ဆောင် အမျိုးသမီးမှ သူမ မရောက်မှီ ၃ နာရီ လောက်မှ သမီးလေး မွေးဖွားခဲ့ပါတယ်။ ကလေးရော မိခင်ရော ကျန်းမာလျက် ရှိပါတယ်။

အခုလို လိုအပ်နေသူနေထံ အမြဲတမ်း လှူဒါန်းပေးနေတဲ့ စေတနာ အလှူရှင်များနှင့် မအေးသောင်းကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်ဗျာ။ လှူဒါန်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးထံ ပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။ Source:Aye Thaung