ဒေါ်လာ ၁.၂သန်းတန် ကျောက်ကို တွေ့ရှိပြီး သူဌေးဖြစ်တော့မယ့် သြစတြေးလျက မောင်နှမနှစ်ယောက်

ဒေါ်လာ ၁.၂သန်းတန် ကျောက်ကို တွေ့ရှိပြီး သူဌေးဖြစ်တော့မယ့် သြစတြေးလျက မောင်နှမနှစ်ယောက်

ဒေါ်လာ ၁.၂သန်းအထိ အဖိုးထိုက်တန်တဲ့ ကျောက် (Optal) တွေကို တွေ့ရှိခဲ့ပြီးနောက် မောင်နှမနှစ်ယောက်ဖြစ်သူရဲ့ ဘဝဟာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။

အိုင်ဆက် နဲ့ ဆိုဖီယာလို့ အမည်ရတဲ့ မောင်နှမနှစ်ဦးဟာ သြစတြေးလျနိုင်ငံ၊ Brisbane အနောက်ပိုင်းက လူဦးရေး ၁၄၁ ဦးသာရှိတဲ့ Yorah ဆိုတဲ့ မြို့သေးသေးလေးမှာ သူတို့ရဲ့ ကံကြမ္မာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

သူတို့တွေ့ရှိခဲ့တဲ့ ရောင်စုံကျောက်တွေထဲကမှ အကြီးဆုံးတစ်ခုဟာ ပြတိုက်မှာပြသဖို့ အရည်အသွေးပြည့်ဝပြီး အမျိုးသားကြီးတစ်ဦးရဲ့ လက်သီးတစ်ခုစာ ရှိတယ်လို့ သိရပါတယ်။

အရောင်အသွေးစုံလင်ပြီး လှပတဲ့ ကျောက်တုံးတွေဖြစ်ကာ တွေ့ရှိခဲ့ရသမျှအားလုံးဟာ သဘာဝအတိုင်းဖြစ်တယ်လို့လည်း ဆိုဖီယာက ဖွင့်ဟခဲ့ပါတယ်။

ကမ္ဘာပေါ်မှာတော့ ဒီလိုကျောက်အမျိုးအစားတွေကို သြစတြေးလျမှာ ၉၀%အထိ တွေ့ရှိရပြီး နိုင်ငံတွင်းမှာဆိုရင်တော့ ရွှေထက် အဆပေါင်း ၅၀၀ အထိ ပိုမိုများပြားစွာတွေ့ရှိရလေ့ရှိပါတယ်။

သူတို့ရဲ့ ရှာဖွေမှုနောက်ဆုံးနေ့မှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ကန္တာရအလယ်ပိုင်းမြေကြီးအတွင်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးစလုံးလည်း စိတ်လှုပ်ရှားခံစားခဲ့ရတယ်လို့ ဆိုဖီယာက ပြောကြားခဲ့ပါတယ်။

“စိတ်ခံစားမှုကို ဖော်ပြစရာစကားလုံးတောင်မရှိတော့ပါဘူး” လို့ အိုင်ဆက်က ဆိုပါတယ်။ သူတို့ရဲ့ မယုံကြည်နိုင်ဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့မှုဟာ ဘဝတစ်ခုလုံးကိုပါ ပြောင်းလဲသွားစေခဲ့ပြီး

ဒီကျောက်မျက်ရတနာကို ဝယ်ယူမယ့်သူကို ရှာဖွေနေပြီလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီတွေအတွင်းက ရှာဖွေတွေ့ရှိမှုအားလုံးနီးပါးဟာ တန်ဖိုးအားဖြင့်နည်းပါးခဲ့ပြီး

ပုံမှန်အားဖြင့် ဒေါ်လာ ၁၈၀၀၀ အထိသာ ရရှိခဲ့ပြီး အရွယ်အစားနဲ့ အရောင်၊ ကြည်လင်ပြတ်သားမှုပေါ်မူတည်ပြီး ဒေါ်လာနှစ်သိန်းခွဲအထိသာ အမြင့်ဆုံးရရှိခဲ့ဖူးပါတယ်။

ဆိုဖီယာတို့ မောင်နှမတွေ့ရှိမှုကတော့ တန်ဖိုးအကြီးမားဆုံးတွေ့ရှိမှုဖြစ်ပြီး သူတို့နဲ့အတူ သူငယ်ချင်းနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒေးဗစ်ဒါဘီလို့အမည်ရတဲ့ သူငယ်ချင်းတစ်ဦးကတော့ ကျောက်တွေကို ရှာဖွေနေတာ ဆယ်နှစ်ကျော်ကြာမြင့်နေခဲ့ပြီဖြစ်ပေမယ့်လည်း ဒီလောက်အံ့အားသင့်ဖွယ်ကောင်းတဲ့ကျောက်မျိုးကို မတွေ့ဖူးဘူးလို့ဆိုပါတယ်။

သူကိုယ်တိုင်က မဟူရာကျောက်တွေကို ဖြတ်တောက်ပြုပြင်ပြီး ရောင်းချနေသူဖြစ်ကာ သူ့ဘဝတလျှောက် တန်ဖိုးအကြီးမားဆုံးကျောက်ကို မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။

therivernews