အိပန်ဆယ်လို၏ ဘဏ်အကောင့် ပိတ်သိမ်းခံရ …စိတ်မကောင်းပါဘူး ပန်ဆယ်လိုရယ်

စာဖတ်သူ အပေါင်းတို့ ခင်ဗျာ …

အိပန်ဆယ်လိုဆိုတာ onlie မှာ နာမည်ကြီးလှတဲ့ ဆယ်လီတစ်ယောက် ဖြစ်သလို … အမေစုရဲ့ ချစ်ချင်းခံရသူတစ်ယောက်လဲ ဖြစ်ပါတယ်

ပန်ဆယ်လိုဟာ စစ်တပ် အာဏာသိမ်းချိန်ထဲက အိမ်ကို စွန့်ခွား တိမ်းရှောင်နေရသူ တစ်ဦးလဲ ဖြစ်ပါတယ် … လက်ရှိအချိန်မှာတော့ ပန်ဆယ်လိုဟာ Onlie ပေါ်ကနေပြီး ပြည်သူတွေ သိသင့် သိထိုက်တာတွေ တင်ပေးနေသည့်အပြင် မြေပြင်မှာလဲ လှုပ်ရှားနေတဲ့ တော်လှန်ရေးသမားလဲ ဖြစ်ပါတယ်

ဒီလိုတော်လှန်နေတဲ့ ပန်ဆယ်လိုရဲ့ ဘဏ်အကောင့်တွေကို စစ်အာဏာရှင် လူသတ်သမားတွေက ပိတ်သိမ်းလိုက်တဲ့ အကြောင်းကို အခုလို

“ကျွန်မရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံလိုက်ရပါတယ်။ ကျွန်မငွေတွေ အကုန်ပါသွားပါပြီ။ CDM နဲ့ CRPH Support လုပ်လို့လို့ ယူဆပါတယ်။

ကျွန်မက ဘဏ်တွေကိုပဲ ယုံကြည်စွာအပ်နှံထားတာပါ။ ဘဏ်တွေဟာ Customer တွေရဲ့ အချက်အလက်တွေနဲ့ ငွေကြေးတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာ နားလည်လိုက်ပါပြီ။

အခုအချိန်မှာ ပြည်သူတွေ အားလုံးသိရမှာက ကျွန်မတို့ရဲ့ ချွေးနှဲစာ ငွေကြေးအားလုံးကို စစ်အုပ်စုက လိုသလို သိမ်းယူနိုင်နေပြီဆိုတာပါပဲ။ ကျွန်မတို့ ယုံကြည်အပ်နှံထားတဲ့ ဘဏ်တွေဟာလည်း ဘာအကွယ်အကွယ်မှ ပေးနိုင်စွမ်း မရှိတော့ပါဘူး။

ကျွန်မကတော့ အိမ်က ထွက်လာတဲ့နေ့ကစပြီး အိတ်ထဲပါလာတဲ့ သိန်းဂဏန်းအပြင် ဘာမှ မပိုင်တော့ဘူးဆိုတာ လက်ခံထားပြီးသားဖြစ်တာမို့ ဘာမှ တုန်လှုပ်စရာ မရှိတော့ပါဘူး။ နှောင်ကြိုးတွေကိုလည်း ဖြတ်ခဲ့ပြီမို့ နှောင်ကြိုးတွေတောင်မှ ဆုံးရှုံးစရာမရှိတော့ပါဘူး။

တစ်ခုပါပဲ။ နင်က အဲကွန်းခန်းထဲကနေ ပြည်သူတွေကို မြှောက်ပေးနေတဲ့စကားကိုတော့ နာကျည်းပါတယ် ။ ကျွန်မမှာ အသက်ရှိနေသေးတဲ့ အပြစ်အပြင် ဘာမှမရှိဘူး ထင်ပါတယ်။

ကျေနပ်နိုင်ကြပါစေ။” ဆိုပြီး ရေးသားထားပါတယ် … စိတ်မကောင်းပါဘူး အားတင်ထားပါ ဆိုတဲ့ စကားတခွန်းကလွဲပြီး အခုချိန်မှာ ကူညီမပေးနိုင်လို့ ဝမ်းနည်းရပါတယ် …Fighting ပါ ပန်ဆယ်လိုရေ