ဟံသာဝတီ ယူ ၂၁ ဘောလုံး အသင်းခေါင်းဆောင် မ အ လ လက်ချက်ဖြင့် ကျဆုံး

ဟံသာဝတီ ယူ၂၁ အသင်းခေါင်းဆောင် ချစ်ဘိုငြိမ်း အင်းစိန်၌ ကျဆုံး

မဂ်လာပါ ပရိတ်သတ်ကြီးရေ စစ်အာဏာ ထိမ်းခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက် နေ့မှ စတင်၍ မြန်မာ ပြည်သူ ပြည်သားတွေ အားလုံးဟာ

စိတ်ထိခိုက် ခံစားခဲ့ရပြီး မတရားမှုကို လုံးဝ လက်မခံဘဲ တစ်သွေး တစ်သားတည်း လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါနော်။ဖေဖော်ဝါရီလ (၁)ရက် နေ့မှ စတင်၍ ယနေ့ အချိန်ထိ

ပြည်နယ် အရပ်ရပ်မှ ဋ္ဌာန ပေါင်းစုံမှ ပြည်သူ့ ဝန်ထမ်းများ အပါအဝင် အလွှာပေါင်းစုံမှ ပြည်သူအားလုံး အကြောက်တရားကို ဘေးဖယ်ရင်း တိုက်ပွဲ ဝင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲ ဝင်ခဲ့ကြသည့်  နေ့ရက်တွေ ကြာမြင့်တာ နဲ့ အမျှ အသက်ပေးကါ ကျဆုံးသွားခဲ့ရသည့် သူရဲ ကောင်းတွေလည်း များစွာ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

မိဘများ အနေနှင့် လည်း သားသမီးတွေကို မတားမြစ်ဘဲ ရှေ့ထွက်ခွင့် ပြုခဲ့သလို လူမစုံတော့တဲ့ ထမင်းဝိုင်းတွေလည်း များစွာရှိလာခဲ့ပါတယ်။

ယနေ့ဆိုရင်လည်း တက်သစ်စ လူငယ် ဟံသာဝတီ ယူ ၂၁ အသင်းခေါင်းဆောင် ချစ်ဘိုငြိမ်း ဟာဆိုရင် မတရားမှုကို ရဲရဲဝံ့ဝံ့ တော်လှန် တိုက်ပွဲဝင်ရင်း

အင်းစိန်မြို့နယ်မှာ သွေးမြေကျ ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ကျဆုံးမှုအတွက် မိဘပြည်သူ အားလုံးကလည်း ဝမ်းနည်း ခံစားနေခဲ့ရတာပဲ ဖြစ်ပါတယ်။

ယနေ့ကျဆုံးသွားခဲ့ရတဲ့ ချစ်ဘိုငြိမ်းရဲ့ ပုံရိပ်လေးကိုလည်း ပရိတ်သတ်ကြီး အတွက် ဝမ်းနည်းစွာဖြင့် တဆင့် ပြန်လည် မျှဝေ ပေးလိုက်ရပါတယ်နော်။

Tags: