ခိုကိုးရာမဲ့နေတဲ့ အဖိုးအဖွားတို့အတွက် ရည်စူးထားတဲ့ ပိုက်ဆံကိုမှ စားရဲတယ်…စားရက်တယ်ကွာ

ခိုလှုံရာဘိုးဘွားရိပ်သာတွင် သူခိုး ၃ ယောက်အား တရက်ထဲဖမ်းမိ

ခိုလှုံရာဘိုးဘွားရိပ်သာ တည်ထောင်သူ မပုံ့
ခိုလှုံရာဘိုးဘွားရိပ်သာ တည်ထောင်သူ မပုံ့

ခိုလှုံရာရှေ့မှာ ပုံ့ ရှိနေပါတယ်… မိန်းကလေး ငယ်ငယ်ဆိုပြိး လျော့တော့မတွက်ပါနဲ့…ပရဟိတသမား မေတ္တာတရားကြီးမားတယ်၊ ကိုယ်ချင်းစာတရား သူများထက်ထားပါတယ်…ကိုယ့်ကို မကောင်းပြောတာ မတရားပြောတာ လည်စင်းပြီး သည်းခံနိုင်ပါတယ်… ဒါပေမဲ့ ကိုယ့်တစ်ဘဝလုံး စတေးပြီး တည်ထောင်ထားရတဲ့ ခိုလှုံရာကို ထိလာရင်တော့ လွန်လာရင် ပုရွက်ဆိတ်တောင်

အမှတ်တမဲ့ကလွဲရင် သတ်ဖို့မစဉ်းစားတဲ့ ကျွန်မ…မြင်သား ကြားသားတောင် မစားတဲ့ ကျွန်မက တရားနဲ့မရရင် ဓားနဲ့ပါ ရှင်းမယ့် မိန်းမမျိုးဆိုတာ မမေ့ပါနဲ့…. မနေ့က အဘိုးအဖွားတွေ အဆာပြေစားဖို့ မုန့်လေးတွေ ဝယ်ကျွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချထားတဲ့ အလှုခံပုံးကို ရိပ်သာပြင်ကလူက ခိုးတာလဲ ခံလိုက်ရသလို…ရိပ်သာအတွင်းမှာ ခိုးနေတဲ့ လူကိုလဲမိခဲ့ပါတယ်….

မနေ့ညကပေါ့ ပုံ့ရိပ်သာက အလှုခံပုံးရယ် ဝန်ထမ်းလေးရဲ့ ဖိနပ်တရံရယ် အခိုးခံလိုက်ရတယ်…မနက် တောနင်းပြီး လိုက်ရှာတော့ ရိပ်သာရှေ့တောစပ်မှာ ခွဲပြီးသား အလှုခံပုံးကို ပြန်တွေ့ခဲ့ပါတယ်… သူခိုးချင်း ကျော်ပုံရတယ်…အကုန်ယူမသွားဘဲ ပိုက်ဆံအချို့ကို ကျွတ်ကျွတ်အိတ်အမဲလေးနဲ့ထုတ်၊လမ်းဘေးအမှိုက်ပုံပစ်ချပြီး ခိုးသွားတဲ့ ဖိနပ်တရံ မလှမ်းမကမ်းထားကာ အမှတ်အသားလုပ်သွားတယ်…

ဖိနပ်တွေ့လို့ မသင်္ကာလို့ အထုတ်ဖွင့်ကြည့်တော့မှ ပိုက်ဆံအချို့ ပြန်ရတယ်ပေါ့…. ဒါနဲ့ ပုံ့တို့လဲ သူခိုးက ထားခဲ့ရင် ပြန်လာယူမှာဘဲဆိုပြီး အိတ်ထဲ စက္ကူတွေထည့် နေရာမပျက်ပြန်ထားပြီး စောင့်ဖမ်းခဲ့ပါတယ်…အဲ့လိုစောင့်ကြည့်နေချိန် အမှိုက်ပုံထဲပစ်ထားတဲ့ အထုတ်ကလေးကို ကိုင်လိုက်မိတဲ့ လူနှစ်ယောက်ကို ပုံ့တို့ လိုက်ဖမ်းကြတယ်ပေါ့…သိနေတဲ့ လူတွေပါဘဲ သူတို့က ဥသျှစ်ရွက်လာခူးတာပါလို့ ​ပြောပါတယ်…

ပုံ့တို့ဘက်က မှားဖမ်းခဲ့မယ်ရင် အဲ့လူနှစ်ယောက်ကို ဒီနေရာကနေ တောင်းပန်ပါတယ်…. လာခိုးတဲ့ လူကလဲ နှစ်ယောက်ပါ တစ်ယောက်က ခြံစည်းရိုးကျော်တက်ပြီး အတွင်းက တယောက်က အလှုခံပုံးကို မပေး၊ အပြင်က တစ်ယောက်က ယူပုံရပါတယ်… ခြံစည်းရိုး ငုတ်လေးတွေ အလှုခံတပုံးတင်စာကျိုးပြီး သူခိုးရဲ့ မီးခြစ်ကျကျန်ခဲ့ပါတယ်… ရဲတိုင်ဖို့ စဉ်းစားခဲ့ပေမဲ့ ပုံ့တို့ရဲ့ နာယကကြီးက

ခုလိုအချိန် တချို့တွေ စားဖို့တောင် ခက်ခဲနေကြမို့ တက်ာငတ်လို့ဆိုရင် ခွင့်လွှတ်ပေးလိုက်ပါတဲ့…အစားအစာတွေပါ လိုရင်ထောက်ပံ့ပေးပြီး မေတ္တာနဲ့ ပြုပြင်ပေးပါတဲ့…. ပုံ့လဲ ပရဟိတသမားပါ နဲနဲငိုပြတာနဲ့ မတရားသနားတတ်တဲ့သူပါ… တကယ်ငတ်လို့ ယူတယ်ဆို ခွင့်လွှတ်ပြီး ထောက်ပံ့ပေးမှာပါ…ဒါပေမဲ့ ခုညနေတော့ မကျေနပ်စရာရော၊ မသင်္ကာစရာပါ တွေ့ခဲ့ရပါတယ် မပြောတော့ပါဘူး…

ရိပ်သာတွင်းက သူခိုးကတော့ ကွန်ပျူတာနဲ့ ဘောင်ချာတွေ Scan ဖတ် အတုလုပ် စာရင်းလိမ်တင်ပြီး ခိုးခဲ့တာပါ… ပုံ့တို့ ရိပ်သာက ငွေစာရင်းကို အတိအကျလုပ်ပါတယ်…ငွေထုတ်ရင် ငွေထုတ်ဘောင်ချာနဲ့ လက်မှတ်ထိုးထုတ်ရသလို၊ ပြန်အပ်ရင် ဘောင်ချာနဲ့ ပြန်အပ်ရပါတယ်…နေ့စဉ် Cash book , General Ledger သွင်းရပြီး၊ လချုပ် နှစ်ချုပ်တွေလုပ်ရပါတယ်…

တနှစ်တခါ external audit ခေါ်စစ်ပါတယ်…စစ်တဲ့အခါ တနှစ်လုံးစာ ဝင်ငွေတွေကို ဖြတ်ပိုင်းတွေနဲ့အကုန်တိုက် အသေးစိတ်စစ်တာပါ…တခါ Audit ဝင်ရင် အနည်းဆုံး ၃ ရက်ကြာပါတယ်… ပုံ့လဲ ဒီလိုတွေတိတိကျကျလုပ်ထားတော့ ခိုးမရဘူးဘဲ ထင်ခဲ့တာပါ…ဒါပေမဲ့ ပုံ့ ကွန်ပျူတာသုံးတဲ့အချိန်မှာ မြောက်မြားစွာသော ဘောင်ချာတွေကို Scan ဖတ်ထားတာ တွေ့လိုက်ပါတယ်…

မသင်္ကာလို့ မူရင်းတွေ ပတ်ရှာတော့ တချို့ကို စာရင်းတိုက်နိုင်ပြီး မိခဲ့ပါတယ်… ဒါပေမဲ့ ရိပ်သာမှာ အဲ့ဒီလူ မရှိတော့တာ ကြာပါပြီ… မရှိတော့တဲ့သူမို့ ဥပေက္ခာပြုထားပြီး ဒီငွေတွေကို သုံးစွဲပေမဲ့ သူ့ဘဝကြီး အေးချမ်းပါစေလို့ဘဲ မေတ္တာပို့ပေးလိုက်ပါတယ်…သက်သေဘဲ ယူထားပြီး ဘာမှ မတုံ့ပြန်တော့ပါဘူး…. ဒါပေမဲ့ အဲ့ဒီလူတွေကို တခုပြောချင်တာက ဥပေက္ခာပြုပြီး မသိချင်ယောင်ဆောင်ပေးတယ်ဆိုတာ

မသိလို့ ညံ့လို့ မဟုတ်ပါဘူး…သက်သေတွေ အကုန်ရှိပြီးသားပါ…အဲ့ဒီလူတွေရဲ့ ရှေ့ဆက်ရမယ့် ဘဝကို ငဲ့ပြီး နံမည်ကို မသတ်ချင်လို့ ခွင့်လွှတ်ပြီး သူခိုးတံဆိတ် ကပ်မပေးလိုက်တာပါ… အလှုခံပုံးခိုးတဲ့ သူခိုးကိုလဲ ဒီချိန် စီးပွားရေးကြပ်တည်းနေတာမို့ နေမှာပါဆိုပြီး မိသားစုကိုငဲ့ပြီး အရေးမယူခဲ့တာပါ… ဒါကို မသိလေတန်ဘူးဆိုပြီး တချို့က ပုံ့ရှေ့လာပြီး သူတော်စင်လိုလို ဟန်ဆောင်တာမျိုးတို့၊

တချို့က ရိပ်သာရှေ့ ဂေါ်ပြားထမ်း ဖြတ်လျှောက်ပြီး မိုက်ကြေးခွဲသလိုလိုမျိုးတို့ လာမလုပ်ပါနဲ့…. မိန်းကလေး ငယ်ငယ် တည်ထောင်ထားတဲ့ ရိပ်သာဆိုပေမဲ့ လျော့မတွက်စေချင်ဘူး…ကျွန်မက သနားတတ်လို့၊ ကိုယ်ချင်းစာတတ်လို့၊ မေတ္တာကြီးလို့ ပရဟိတလုပ်တယ်… ပရဟိတလုပ်တာမို့ သည်းခံရတာတွေရှိတယ်…ဒါပေမဲ့တွေဟာ ကိုယ့်ထက် အားနည်းနေသူတွေအတွက်ပဲ…

လူပေါ် လူညွန့် ခူးစားပြီး လူပါးဝတဲ့သူတွေအတွက်မပါဘူး…. ကျွန်မ ရိပ်သာကငွေတွေဟာ အလှုခံရထားတဲ့ ငွေတွေဆိုပေမဲ့ အလကားရထားတာ တပြားတချပ်မှမပါဘူး…ကျွန်မရဲ့ ဘဝ၊ကျွန်မ ဖြစ်ချင်တဲ့အရာ၊ ကျွန်မ အချိန်၊ ကျွန်မ ပညာတွေရင်းထားရတယ်… မောက်မာတဲ့ အလှုရှင်တွေနဲ့တွေ့ရင် ကျွန်မ မာနတွေပါ ရင်းထားရတယ်…သူတစ်ပါး ယုံကြည်အောင်၊ လေးစားအောင် အစစအရာရာ

ကျွန်မ ကိုယ်ကျင့်တရားကို စံပြဖြစ်အောင်နေရတယ်၊ ကျွန်မရဲ့ ငယ်ဘဝ လွတ်လပ်ခွင့်တော်တော်များများကို အဆုံးရှုံးခံရတယ်…ဒီကြားထဲ မနာလိုသူတွေရဲ့ တိုက်ခိုက်တာတွေကိုလဲ ကြံ့ကြံ့ခံပြီး လဲကျမသွားအောင် ရပ်တည်နေတယ်…. ဒီလို အဖက်ဖက်က စတေးပြီးမှ ကျွန်မရဲ့ စွန့်လွှတ်မှုတွေကို အသိအမှတ်ပြုခံရပြီး ရိပ်သာအတွက် ဒီအလှုငွေတွေကို ယုံကြည်စွာလှုဒါန်းခဲ့ကြတာ…

တပြားမှ အလကားရခဲ့တာ မဟုတ်ဘူး…ဒါကြောင့် မသမာသူတွေကို တစ်ကျပ်မှ မပေးနိုင်ဘူး… အဲ့လိုဘဲ ကျွန်မ အရာရာစတေးပြီး တည်ထောင်ထားခဲ့ရတဲ့ ရိပ်သာကိုလဲ လေတစ်ချက်တောင် အဟပ်မခံနိုင်ဘူး…ကျွန်မ မေတ္တာတရားတွေ၊ ကျွန်မဘဝတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ ခိုလှုံရာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ထိပါးလာမယ်…

အကျိုးကို ထိခိုက်လာမယ်ဆိုရင် အတိုင်းအတာတစ်ခုထိ မေတ္တာထားပေးနိုင်မယ်…မေတ္တာကိုပါ စော်ကားလာမယ်ဆိုရင်တော့ တရားနဲ့ အရင်ရှင်းပါမယ်….တရားနဲ့မှ မရရင်တော့ ဓားနဲ့ဘဲ ဖြေရှင်းရပါလိမ့်မယ်…. ခရက်ဒစ် မပုံ့

Add a Comment

Your email address will not be published. Required fields are marked *