အင်းယားက ဒီနေ့ပြလိုက်တဲ့ တကွက် မ အ လ တွေ ရှင်းကြပေရော

စာဖတ်သူတို့ ဘေးဘယာ ဝေးကွာတော်မူကြပါစဗျာ

Feb ၁ ရက်နေ့ထဲက မြန်မာပြည် အနှံ့အပြားမှာ စစ်ဓားပြ ရမ်းကားသူတွေရဲ့ အုပ်စိုးမှု့ကို တော်လှန် ဆန္ဒပြနေကြတာ ယနေ့ထိပဲ ဖြစ်ပါတယ်

ဒီလို ဆန္ဒပြတဲ့ နေရာမှာ ပြည်သူတွေဟာ အထူးသဖြင့် Gen Z တွေဟာ ကမ္ဘာကြီး လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေတာကို ဂရုပြုမိသွားစေဖို့ attention အမျိုးမျိုး ယူပြီး လုပ်ဆောင်နေကြပါတယ်

ဒီလို လုပ်ဆောင်မှု့တွေကြောင့် ကမ္ဘာမှာ မြန်မာ့ အာဏာသိမ်းမှု့ ဖြစ်စဉ်အကြောင်းတွေဟာ ခေါင်းကြီးပိုင်း top news တွေအနေနဲ့ ဆက်တိုက် ဖော်ပြခံလာရတာပဲ ဖြစ်ပါတယ်

ဒီနေ့ March 26 ရက်နေ့မှာလဲ အင်းယားက Gen Z တွေဟာ ပြည်သူပစ္စည်းကို မတရား ရယူ / ဖျက်ဆီးနေသူတွေ အတွက် တကွက်ပြလိုက်ပြန်ပါပြီ

ဒါကတော့ မ အ လ ရဲ့လူတွေ ပြန်ပြီး ရောင်းစားလို့လဲမရ …သိမ်းရင်လည်း အလွယ်လေး ထပ်သိမ်းလို့မရ… ရှင်းရင်လဲ အလေးကြီး သယ်သွားရအောင် လုပ်ထားတဲ့ အကွက်ပဲ ဖြစ်ပါတယ်… အဲ့ အကွက်ကတော့ ဦးထုပ်တွေထဲကို ဘိလပ်မြေတွေဖျော် လောင်းထည့် ထားပြီး လမ်းမှာ မှောက်ချထားတာပဲ ဖြစ်ပါတယ်

မ အ လ မှာ လက်နတ်ရှိတယ် ပြည်သူမှာ ဦးနှောက်ရှိတယ် … မ အ လ မှာ ရမ်းကားရဲတဲ့ စိတ်ရှိတယ် … ပြည်သူမှာ မတရားမှု့ကို တိုက်ထုတ်ဖို့ စစ်မှန်တဲ့ သတ္တိရှိတယ် … အခါအခွင့် သင့်လာလို့ ပြည်သူတွေ Battle ပြန်ဆိုင်တဲ့အခါ မ အ လ ရေ ကြိုပြီးသာ သရဏဂုံ တင်ထားပေတော့

Gen Z တွေမှာ အပေါဆုံးက အကွက် တွေပဲ… မ အ လ အတွက် မကြာမီ လာမည် မျှော်…

Tags: