သောင်းကျန်းသူတွေ တစ်စုတစ်ဝေးတည်းဖြစ်နေမယ့် ၂၇ ရက်နေ့မှာ ဒရုန်းတွေ ရောက်လာနိုင်သလား

“သောင်းကျန်းသူတွေ တစ်စုတစ်ဝေးတည်းဖြစ်နေမယ့် ၂၇ ရက်နေ့မှာ ဒရုန်းတွေ ရောက်လာနိုင်သလား”

တရုပ်နဲ့အမေရိကန်ဆက်ဆံရေးဟာ ပေါက်လွတ်ပဲစား ၊ ကလေကချေဆန်ဆန် ဆက်ဆံရေး ဖြစ်နေတယ်လို့ ဘိုင်ဒန်ရဲ့အအကြံပေးတွေက နိုင်ငံတကာ သတင်းဌာနတွေကို အတိအလင်း ထုတ်ဖော်လိုက်တယ်။

ဒါဟာ အာလက်စကာ အစည်းအဝေးပြီးချိန်မှာ ပြောလိုက်တာပါ ။
သမ္မတဘိုင်ဒန်ကို တရုပ်နဲ့ ဆက်ဆံရေးကောင်းဖို့မစဉ်းစားနဲ့တော့လို့လည်း သမ္မတရဲ့အကြံပေးတွေက ပြောလိုက်တယ် ။

အမေရိကန်နဲ့တရုပ်ဟာ မိတ်ဆွေအဖြစ် လက်တွဲလို့မရနိုင်တော့တဲ့အခြေအနေဟာ သိပ်ကိုနီးကပ်နေပြီလို့လည်း အိမ်ဖြူတော်က ပြည်သူတွေသိအောင် ကြေငြာလိုက်တယ် ။

ထားတော့ ။ တရုပ်နဲ့အမေရိကန်အရေးကို ဘာ့ကြောင့်ပြောနေရသလဲဆိုရင် သူတို့ဆက်ဆံရေးဟာ မြန်မာ့အရေးအတွက် သိပ်ကိုအရေးကြီးလို့ပါ။

မြန်မာ့အရေးဟာ ကမ္ဘာစစ်ကြီးဖြစ်လာနိုင်တဲ့ မီးပွားမီးစတစ်ခုလို့ ပညာရှင်တွေက သုံးသပ်နေပေမယ့် စာရေးသူကတော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ် ။

အင်အားကြီးနိုင်ငံတွေရဲ့ထုံးစံအတိုင်း စစ်အင်အားပြမှု့ ၊ စစ်ပြင်ဆင်မှု့တွေကတော့ တစ်ရိပ်ရိပ်တက်နေပါတယ် ။

တောင်တရုပ်ပင်လယ်ထဲမှာ တောက်လုဆဲဆဲစစ်မီးကို အာဏာသိမ်းစစ်တပ်က မအူမလည်နဲ့ လက်ခံရယူလိုက်လို့ မြန်မာအရေးဟာ ကမ္ဘာစစ်အထိ တောက်လောင်လာနိုင်တယ်လို့ သုံးသပ်ကြတာပါ ။

သို့ပေမဲ့ ၊ ကမ္ဘာစစ်ကြီးမဖြစ်တောင်မှ တရုပ်နဲ့အမေရိကန်အရေးကတော့ ရတက်မအေးဖွယ်အခြေအနေပါ ။

ဒီအခြေအနေမှာ ကြားညပ်မယ့်သူက သာဝရဲ့လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ပါပဲ ။

လက်နက်ကိုင်သောင်းကျန်းသူလို့ ပြောရတဲ့အကြောင်းက နိုင်ငံတစ်ခုကို ကာကွယ်ပေးတဲ့ တပ်မတော်တစ်ခု မဟုတ်တ်တော့လို့ပါ ။
တည်ဆဲအစိုးရက အသိအမှတ်မပြုသလို ၊ နိုင်ငံတကာကလည်း မင်းမဲ့စရိုက်ဆန်ဆန် နှိမ်နင်းနေလို့ မြန်မာပြည်ကိုကာကွယ်နေတဲ့ စစ်တပ်အဖြစ် အသိအမှတ်မပြုတော့ပါဘူး ။

အထူးသဖြင့် ပြည်သူတွေကိုယ်တိုင်က အာဏာသိမ်းစစ်တပ်ကို Peacekeeping အဖွဲ့တွေနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက နှိမ်နင်းပေးဖို့ တောင်းဆိုလာတဲ့အထိ စစ်တပ်ရဲ့ပျက်စီးမှု့တွေ တစ်နေ့တစ်ခြား တိုးပွားနေတာပါ ။

ဒါ့အပြင် တစ်ချိန်တုန်းက သောင်းကျန်းသူလို့ မှိုင်းသွင်းပေးခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကူညီမှု့ကို ပြည်သူတွေမျှော်လင့်လာကြတယ်။

လူတစ်စုကောင်းစားရေးအတွက် အာဏာသိမ်းတဲ့လုပ်ရပ်ဟာ ခဏအတွင်းမှာ အဆင်ပြေသွားမယ်လို့ အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေ ထင်ခဲ့ကြပေမယ့် ၊ ဒီနေ့မှာတော့ မထင်မှတ်တာတွေက သူတို့တင်မကပဲ သူတို့မိသားစုဝင်တွေနဲ့ အောက်ခြေလက်နက်ကိုင်တွေရဲ့ ဘဝတွေကိုပါ ခြိမ်းချောက်နေပါပြီ ။

ပြည်သူတွေဟာ သေမြေကြီး ၊ ရှင်ရွှေထီး ဆိုသလို လက်နက်ချင်းမမျှပေမယ့် အရှုံးပေးမယ့်ပုံစံတော့ လုံးဝမရှိပါဘူး ။ ဒီတိုက်ပွဲဟာ ပြည်သူတွေဘက်က နိုင်နေပြီလို့တောင် ပြောလို့ရပါတယ် ။

အာဏာသိမ်းခါစရက်တွေမှာ အကူအညီမဲ့နေပြီလို့ အားငယ်နေတဲ့ပြည်သူတွေကို ပြည်သူအချင်းချင်း ပြန်အားပေးကြတယ် ။ ဇီ တွေ လမ်းပေါ်ထွက်လာတယ် ။ ( ဒီမိုကရေစီမိခင်ရဲ့ သွန်သင်ဆုံးမမှု့အောက်မှာ မယုံနိုင်လောက်အောင် ဒီမိုကရေစီဆန်ဆန် တော်လှန်ကြတယ် ။ ပါးနပ်ကြတယ် )

လွှတ်တော်ကို အသက်သွင်းကြတယ် ။ ဒေါက်တာဆာဆာဟာ .ယူအန်အထိ ရောက်သွားတယ် ။ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဆီမီးရောင်ကို ထွန်းညှိပေးတယ် ။ဒေါက်တာဇော်ဝေစိုးဟာ ပြည်သူတွေရဲ့ အားကိုးယုံကြည်ခံရသူဖြစ်လာတယ် ။ ကိုမင်းကိုနိုင်ဟာ ၈၈ အတွေ့အကြူံနဲ့ ၂၀၂၁ ကို သုံးသပ်ပြီး လမ်းပြပေးနေတယ် ။ ယာယီဒုသမ္မတကို ခန့်နိုင်ခဲ့တယ် ။

ဖက်ဒရယ်တပ်မတော်ကြီးအတွက် တိုင်းရင်းသားတွေ စည်းလုံးလာကြပြီ ။ ( မပေါက်ကြားသင့်တဲ့သတင်းတစ်ခုဖြစ်ပေမယ့် အားရှိစေချင်လို့ ပြောပါ့မယ် ။ ဖက်ဒရယ်တပ်မတော်အတွက် ခေတ်မီလက်နက်တွေ ပြင်ဆင်နေလို့ ရောက်တာတွေလည်း ရှိပါပြီ )

ပြည်တွင်းက ဒီလိုစည်းလုံးနေတော့ ယူအန်နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေလည်း မနေသာတော့ပါဘူး ။ အာဏာသိမ်းတဲ့ Feb; 1 ရက်နေ့ကနေ တစ်ထစ်ချင်းတင်းလာတဲ့ ယူအန်ဟာ အာတူးပီထည့်သွင်းပေးပါပြီ။

အမေရိကန်နဲ့ မဟာမိတ်တွေက အာဏာသိမ်းစစ်တပ်ကို မဖြစ်မနေ နှိမ်နင်းမယ်လို့ အတိအလင်း ထုတ်ပြောထားပါပြီ ။ တကယ်ကိုပဲ မြန်မာ့ပင်လယ်ပြင်အနီးကို ရောက်လာနေပါပြီ။

စစ်ရေးလေ့ကျင့်တာဟာ စစ်ပွဲရဲ့အခြေအနေတစ်ဝက်ပါလို့ ပြောထားပါတယ် ။အာဆီယံအဖွဲ့က ပြည်သူတွေဘက်ကို ယိမ်းလာပါပြီ ။

တချို့ကတော့ ယူအန်မလာသေးဘူးလား ၊ ယူအက်စက ဒီလိုပါပဲ ဆိုသလို အားငယ်သလိုလို ဆိုက်ဝါးလိုလိုတွေ ပြောနေကြပေမယ့် ၊ ရက်လေးဆယ်စွန်းစွန်းမှာ ပြည်တွင်းတော်လှန်မှု့နဲ့ ပြည်ပအကူအညီတွေ ဘယ်လောက်ထူးလာလဲဆိုတာ မျက်ဝါးထင်ထင်ပါပဲ ။

၂၇ ရက်နေ့မှာ ထူးခြားလာမလားဆိုတာကိုလည်း ပြောလို့မရသေးသလို ၊ ငြင်းလို့လည်းမရပါဘူး။ စောင့်ကြည့်ချိန်ကုန်ဆုံးသွားတဲ့အတွက် ဘယ်အချိန်တိုက်မယ်ဆိုတာ မပြောနိုင်ပါဘူး ။

သေချာတာက ကလိမ်ကကျစ်ကျတဲ့ အာဏာသိမ်းစစ်တပ်ကို သူတို့နည်းအတိုင်း နှိမ်နင်းနိုင်တာမို့ တစ်စုတစ်ဝေးတည်းဖြစ်နေတဲ့ ၂၇ ရက်နေ့မှာ ဒရုန်းတွေလည်း ရောက်လာနိုင်ပါတယ် ။ ( ဒါကတော့ ဒေါက်တာဆာဆာရဲ့ ဒရုန်းသတင်းအပေါ်ကနေ ကိုယ်တိုင်သုံးသပ်မှု့ပါ ။ ဖြစ်နိုင်တယ်လို့ယူဆပါတယ် ။)

ကဲ … မိတ်ဆွေ ။ ဖေဖော်ဝါရီတစ်ရက်နေ့ကနေ ဒီနေ့အထိ အသက်ပေးခဲ့ရသူတွေ ၊ ဒုက္ခရောက်နေသူတွေရှိသလို ၊ ဒီအခြေအနေကို လုံးဝရိုက်ချိုးလိုက်တော့မယ့် ပြည်တွင်း ၊ ပြည်ပအခြေအနေတွေကို သုံးသပ်ကြည့်လိုက်ရင် မိုးဦးမရောက်ပါဘူး ၊ ပိတောက်တွေဖူးမှာပါ ။

ဘကြီးအောင် LA Crd