KIA ဘယ်လောက်စွမ်းလဲဆိုတာ စခန်းသိမ်းပြီး မအလတွေကို လက်တွေ့ပြလိုက်တဲ့ပွဲ

စာဖတ်သူအပေါင်း သူတော်ကောင်းတို့ခင်ဗျာ … သာယာလှပတဲ့ နံနက်ခင်းလေးကို မင်္ဂရှိတဲ့ သတင်းတစ်ပုဒ်နဲ့ ဖွင့်ချင်ပါတယ်

စစ်​ကောင်စီ၏ တပ်စခန်းများကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ သိရှိရပါတယ်… ကချင်ပြည်နယ် KIA လိုင်ဇာဌာနချုပ်နှင့် မိုင် ၃၀ အကွာတွင်ရှိ​နေ​သော အကြမ်းဖက်စစ်​ကောင်စီတပ်စခန်း Alaw Bum အပါအဝင်

တပ်စခန်းများကို KIA က မနေ့ည ၁၀ နာရီ ၂၅ မိနစ်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်​ကြောင်း KIA သတင်းရပ်ကွက်ထံမှ သိရှိရသည်။ မနေ့ည​နေ ၆ နာရီတွင် KIAက ရှန်တိန်း​တောင်ရှိ စစ်​ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့​ကြောင်း၊

အလားတူ ည​နေ ၅ နာရီ​ကျော်တွင် စစ်​ကောင်စီ၏ Alaw Bum တပ်စခန်းကို KIA ဘက်က စတင်ထိုးစစ်ဆင်ခြင်းဖြစ်ပြီး ညပိုင်းတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု KIA သတင်းရပ်ကွက်ထံမှ သိရှိရသည်။

တိုက်ပွဲ အသေးစိတ်

၂၄ မတ် ၂၀၂၁ KIA တပ်မဟာ ၅ လက်အောက် လှုပ်ရှားတပ်ရင်း ၂၅ မှ ရဲဘော်များသည် ယနေ့ည ၅:၃၀ နာရီ အချိန်၌ KIA ဌာနချုပ်နှင့် မိုင် ၃၀ မျှသာဝေးသော အလောတောင် (Alaw Bum) တွင် အခြေချထားသည့် အာဏာသိမ်းအုပ်စု စကခ ၂၁ တပ်အား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။

KIA ဘက်မှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ နေတာဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲ ဖြစ်ပွားသောနေရာ မှာ အလောတောင် (Alaw Bum) တွင် ဖြစ်သော်လည်း အာဏာ သိမ်းအုပ်စုမှ ကျောင်းသားတပ်များရှိရာ ကွမ်ဘာယာန်ဖက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် ၂၀၁၉ နောက်ပိုင်း KIA နှင့် အာဏာသိမ်းတပ်တို့ တိုက်ပွဲဖြစ် ပွားမှုမရှိတော့သော်လည်း စစ်အုပ်စုမှ တိုင်းပြည်အာဏာသိမ်းပြီးနောက် မတ်လ ၁၁ ရက်နေ့မှ စ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိသည်မှာ ယခု အချိန်ထိဖြစ်သည်။ လှုပ်ရှားတပ်ရင်း ၂၅