မြန်မာ့လက်ရှိအခြေနေမသိပဲ နှုတ်သရမ်းမိတဲ့ ကနေဒါနိုင်ငံ York University မှ ပါမောက္ခ တိုင်ပတ်နေရပြီ

မြန်မာပြည်က လူမဆန်တဲ့ အခြေအနေတွေကို ကမ္ဘာ့ ပညာရေးလောကမှာ ပိုသိသွားစေတဲ့ လှုပ်ရှားမှုဖြစ်ခဲ့ပြီ။

ကနေဒါနိုင်ငံ York University မှာတက်နေတဲ့ မြန်မာပြည်က ကျောင်းသူက Internet တွေဖြတ်မှာမို့ Midterm Test အတွက် Deferral တောင်းတာကို

အဲဒီကျောင်းက ပရော်ဖက်ဆာက ရင့်ရင့်သီးသီး ပြန်ပြောတဲ့ အပြင် အာဏာသိမ်းမှုမှာ “ဆန္ဒပြရုံနဲ လူတွေ အလကား ပစ်သတ်မခံရဘူး” လို့ပြောလိုက်မိလို့ ဒီ Case ဟာ ခု ကမ္ဘာကျော်နေပါပြီ။

York University ကလည်း တရားဝင် ဖြေရှင်းစာထုတ်ထားရပါတယ်။ ဒါကိုလည်း လူတွေကမကျေနပ်လို့ ပရော်ဖက်ဆာကိုပါ အလုပ်ဖြုတ်ဖို့ တောင်းဆိုနေကြပြီ။

York University ကတော့ အလုပ်ဖြုတ် မဖြုတ်ဆိုတာကထုတ်ပြောလို့ မရတဲ့ကိစ္စမို့ မပြောပေမယ့် အရေးယူမယ် လို့တော့ဆိုပါတယ်။

Reddit Thread တစ်ခုမှာဆို အဲ့ဒီ ဆရာစာသင်ချိန် ကျောင်းသားတွေ စာသင်ခန်းထဲက ထွက်သွားပြီး ဆန္ဒပြဖို့ ဆော်သြနေကြပြီ။

Canada တင်မက အခြား နိုင်ငံအသီးသီးက Students တွေ Social Influencers တွေပါ York University ကိုဝိုင်း အပြစ်တင် နေကြပြီ။

ဒီ Case မှာ ထပ်သိလိုက်ရတာက မြန်မာ့အရေးကို တကမ္ဘာလုံး စိတ်ဝင်စားကြတယ်၊ အဆက်မပြတ် စောင့်ကြည့်နေကြတယ်၊ မတရားမှုကို ခံနေရတဲ့ လက်နက်အားကိုး အနိုင်ကျင့် သတ်ဖြတ်ခံရတဲ့ မြန်မာပြည်သူတွေကို စာနာ သနားနေကြတယ် ဆိုတာပါပဲ။

အရင်က မသိတဲ့သူတွေပါ မြန်မာ စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေ အစုံအလင်ကို မကြာခင် ပိုသိလာကြ ပါတော့မယ်။

မြန်မာစစ်တပ် အကြောင်းမသိပဲ အာချောင်မိတဲ့ ဆရာတော့ အရှက်တကွဲ အကျိုးနည်း ဖြစ်နေပါပြီ။

သူ အာချောင်မိတဲ့အတွက် မြန်မာပြည်မှာ စစ်တပ်က လူတွေကို မတရား ရက်ရက်စက်စက် ဘယ်လို ပစ်သတ်နေသလဲဆိုတာ ကမ္ဘာက ပိုသိသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာဒီလောက်တောင် ဖြစ်နေတာလားလို့ နိုင်ငံတကာက ပိုသိလာလေ မြန်မာ့ အရေးအတွက် တွန်းအားတွေ  ပိုမိုရလာလေ ဖြစ်ပါတယ်။ c r d – ရစ်ချက်မျိုးသန့်

Twitter Thread :

Reddit Thread :

Facebook meme page