AYA ဘဏ်ရဲ့ လေးစားစရာ လုပ်ရပ် … ကျေးဇူးတင်ပါတယ် ဦးဇော်ဇော်
ငွေလွှဲ / ငွေသွင်း လုပ်လို့မရပါ ပြည်သူတွေ ငွေကြေးကြပ်တည်းမစိုးလို ငွေထုတ်ယူဖို့အတွက်ဘဲ ဖွင့်ပေးတာပါတဲ့။
UNI – နေပြည်တော်၊ ရွှေကြာပင် AYA ဘဏ်ခွဲ ဒီနေ့ဖွင့်ပါတယ်။
ဖွင့်တယ်ဆိုပြီး သတင်းကြားလို့ သွားကြည့်တာ ပိုက်ဆံထုတ်ပေးနေပါတယ်။
ငွေလွှဲ / ငွေသွင်း လုပ်လို့မရပါ ပြည်သူတွေ ငွေကြေးကြပ်တည်းမစိုးလို ေငွေထုတ်ယူဖို့အတွက်ဘဲ ဖွင့်ပေးတာပါတဲ့။
နေ့စဉ်မဖွင့်ပါတဲ့။ တစ်ပတ်မှာ တစ်ရက်လောက်တော့ ဖွင့်ပေးပါမယ်တဲ့။
ကိုယ်ကတော့ ငွေသွားထုတ်တာမဟုတ်ပါ။ အကြွေးရှိလို့ အတိုးတက်သွားမစိုးလို ေငွေသွားသွင်းတာပါ။
အကြွေးလည်းမဆပ်ပါနဲ့ဦးတဲ့။ သွင်းငွေ လက်မခံပါတဲ့။ အတိုးလည်း မတက်ပါဘူးတဲ့။
မှတ်မိသေးတယ်။ ကိုဗစ်ကာလ ပြည်သူတွေ ဒုက္ခရောက်တုန်းက ချေးငွေတွေကို (၃) လ အတိုးမတက်ဘဲ လျှော်ပေးခဲ့တဲ့ ဦးဇော်ဇော် (AYA) ။
တကယ်ဘဲ ပြည်သူတွေ မကျပ်တည်းဖို့ တစ်ခုတည်းအတွက် ပိုက်ဆံထုတ်ပေးတဲ့ Service တစ်ခုဘဲ ပေးနေတာဆိုရင်တော့…
တကယ်ကို ကျေးဇူးကမ္ဘာပါ။