K B Z ၏ တစ်ပုံချင်းစီမှာ အဓိပ္ပါယ်များနှင့် ပြည့်နက်နေသော 2021 ပြက္ခဒိန်

K B Z ၏ တစ်ပုံချင်းစီမှာ အဓိပ္ပါယ်များနှင့် ပြည့်နက်နေသော 2021 ပြက္ခဒိန်

စာဖတ်သူတို့ ခင်ဗျာ ဒီအကြောင်းရာကတော့ Jar Thaung လူမှု့ကွန်ယက်မှာ ဖော်ပြထားတဲ့ အကြောင်းရာလေးကို စာဖတ်သူတို့ အတွက် ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်

ဒါက ကလင်ဒါရဲ့ အဖုံးပါ…

အတွင်းမှာ စစချင်းမြင်ရတဲ့ပုံ

(၁)လပိုင်း

နိုင်ငံတော်ဟာ သာယာဝပြောနေတယ် …အေးဆေးတယ် တည်ငြိမ်တယ်…

(၂)လပိုင်း

စာတွေအများကြီးရေးထားတယ်…မှုန်တီမှုန်ဝါးနဲ့ ရေးထားတဲ့စာမှာ မြန်မာပြည်အလယ်ပိုင်းဆိုတာ မြင်ရသလို ရန်ကုန်မှာရှိတဲ့ လူသန်းပေါင်းများစွာ ဆိုတဲ့စကားစုကို မြင်ရတယ်…

ပြီးတော့ လုံခြုံရေးခါးပတ် လုံခြုံရေးဦးထုပ် လုံခြုံရေးဖိနပ် စီးဖို့ တိုက်တွန်းထားပြန်တယ်…”တစ်မူး တစ်ပဲ အမြဲလွဲ” ဆိုတဲ့စာရော “ဆရာမဖြစ်” ဆိုတဲ့စကားလုံး “အမြင့်ဆုံးနေရာမှာရှိ ပန်းရံဆရာကြီးငါ့အဖေ”ဆိုတဲ့စကားစုတွေ..

ကြက်ခြေနီဦးထုပ်ဆောင်းထားတဲ့ လူငယ်လေးတွေ သူတို့ကိုင်ထားတာ ဒိုင်းများလား…လူရိပ်မဲလေးဟာ ကျဆုံးသွားတဲ့ အာဇာနည်တွေကို ကိုယ်စားပြုသလား….

ဒီပုံဟာ ဝှက်စာတွေ အများကြီးလိုမြင်ရတယ်…

ပန်းချီဆရာဟာ စိတ်ကူးထဲကအတိုင်းဆွဲခဲ့တာဖြစ်ပေမယ့် 2021 ရဲ့ ဖေဖော်ဝါရီဟာ ပုံထဲကလိုပဲ ပျော်စရာ မကောင်းခဲ့ဘူး…

(၃)လပိုင်း..

ရှေ့ဆုံးမှာ မြင်ရတဲ့ လူအုပ်ဟာ အထိကရုန်းတစ်ခုအသွင်မြင်ရတယ် …အလယ်လောက်က လူတွေက နေရာတွေကိုစွန့်ခွာနေတဲ့ပုံစံပေါ်ပြီး ဘေးထောင့်က လူတွေကတော့ တစ်ခုခုကို စိတ်ဝင်တစားကြည့်နေတဲ့ပုံပေါ်တယ်….

(၃)လပိုင်းဟာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး ပုံရိပ်အများဆုံးကို သုံးထားတယ်…

ကျမအနေနဲ့တော့ ပထမ အရေးအခင်းမှာ ဖြစ်နေတဲ့ပုံစံ ဒုတိယ လူနေအိမ်တွေစွန့်ခွာရတဲ့ပုံစံ ခုထိ မြင်နေခဲ့ရပြီးဖြစ်တယ်…

နောက်ဆုံးတစ်ခုအနေနဲ့ စိတ်ဝင်တစား ကြည့်နေတာဟာ ရာဇဝတ်သား အာဏာရူးတွေကို တရားစီရင်တာဖြစ်ပါစေလို့ ကျမဆုတောင်းမိပါရဲ့…

ကျမတို့နေတာ လက်ယာတောင်ကျွန်းမို့ သြဘာနမိတ်ကို ကောင်းတာပဲယူမယ် သူသေ သူသေ ကျဆုံးပါစေရှင်…

(၄)လပိုင်း

ဘုရားစေတီကို ဆေးသုတ်နေတဲ့ ပျံနေတဲ့ ဦးဇင်းတွေ လူတွေကို မြင်ရတယ်…

အောက်မှာတော့ မိသားစုလေး တစ်စုဟာ ဘုရားဖူးပြီး ဝတ်ရွတ်နေကြတယ်…

သံဃာတွေသန့်စင်သွားမယ် တရားဓမ္မတွေ ပြန်လွှမ်းလာမယ် မင်းရော သံဃာရောဟာ သီလ သမာဓိ ညာဏ်ပညာနဲ့ပြည့်စုံတဲ့သူတွေ ပြန်လည်ဦးဆောင်လာမယ် ပြည်သူတွေဟာလည်း ဓမ္မကိုချစ်မြတ်နိုးလာမယ် သာသနာ သန့်စင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ယူချင်တယ်…

(၅)လပိုင်း

ဒါဟာ မြစ်ချောင်းတွေကို ပုံဖော်ထားတဲ့အတွက် ဧရာဝတီကအစ မြစ်ချောင်းတွေ ပြန်လည်ကောင်းမွန်သန့်စင်လာတယ်လို့ ယူဆချင်တယ်…

ရေနဲ့ပတ်သက်တဲ့ ကမ်းရိုးတမ်း လုပ်ငန်းအောင်မြင်လာမယ့် နမိတ်ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ…

မြစ်နား ချောင်းနား ပင်လယ်နား နီးတဲ့ မြို့တွေ ကြီးပွားကြပါစေ …

(၆)လပိုင်း

ကျမတူမက ဒေါက်တာ ဆာဆာနဲ့ တူတယ်တဲ့…

စာအုပ်တွေနဲ့ အေးဆေးနေတဲ့ ပုံရိပ်က ပညာကို ကိုယ်စားပြုပါစေ…ပညာရေးမြင့်မားလာတဲ့ အခြေအနေဖြစ်ပါစေ…

ဆရာ ဆရာမများအတွက်လည်း အေးချမ်းတဲ့ ပညာရေးစနစ် ဖော်ဆောင်နိုင်တဲ့ ဂုဏ်ယူဖွယ်ကိစ္စတွေရှိပါစေ…

(၇)လပိုင်း

ရွှေရောင်တွေ တောက်ပနေတဲ့ မန္တလေးနန်းတော်ကြီး…

ရွှေမန္တလေးဟာ အားယူပြီး ရွှေရောင်တွေပြန်လွှမ်းလာတဲ့ နမိတ်ဖြစ်ပါစေ…နန်းတော်ကြီးဟာ 2021ကအစ ဗိသုကာလက်ရာတွေနဲ့ ကမ္ဘာမှာဂုဏ်ယူနိုင်တဲ့ တစ်နေရာဖြစ်လာစေချင်ပါတယ်…

ရွှေရောင်တောက်ပတဲ့ရွှေမန္တလေး ဖြစ်လာပါစေ…

(၈)လပိုင်း

ပျော်ရွှင်နေတဲ့တိုင်းရင်းသားတွေရဲ့မျက်နှာတွေ…

ဖက်ဒရယ်ကိုဖော်ဆောင်နိုင်ပါစေ…တိုင်းရင်းသားဒေသတွေမှာ အေးချမ်းပြီး စီးပွားရေး လူမှုရေး ကျန်းမာရေး အစစအရာရာ တိုးတက်ပါစေ…

သီးနှံအထွက်ကောင်းမယ့်ပုံလည်းမြင်ရတာမို့ ကျေနပ်မိ…

(၉)လပိုင်း

ခမောက်ဆောင်းထားတဲ့အမျိုးသမီးတစ်ယောက် သူ့ရဲ့နောက်မှာ ရောင်စုံတောင်တန်း….

အမေစုဦးဆောင်တဲ့ တောင်တန်းမြေပြန့် စည်းလုံးမှုကို ဖော်ဆောင်နိုင်ပါစေ…ပြုံးနေတဲ့မျက်နှာနဲ့ သနပ်ခါးရယ် ဝတ်ထားတဲ့ပုံစံရယ် လွယ်အိတ်လေးရယ် ထုံးဖွဲ့ထားတဲ့ ဆံထုံးပုံစံရယ်…

နိုင်ငံတော်ကြီးဟာ ဖက်ဒရယ်အစစ်ကိုဦးတည်နိုင်ပါစေလို့ ဆုတောင်းပါတယ်…

(၁၀)လပိုင်း

ပွဲလမ်းသဘင်တွေ ပြန်လည်အသက်ဝင်လာမယ့်ပုံရိပ်တွေလိုပါပဲ…

ဘုရားသွား ကျောင်းတက် ပျော်ရွှင်စရာနေ့ရက်တွေ ရောက်ရပါစေ…

(၁၁)လပိုင်း

တောရော မြို့ပါ မကျန် ငြိမ်းချမ်းပျော်ရွှင်ရမယ့် နမိတ်လို့ ယူချင်ပါတယ်…

ယောင်ပေစူးလေးတွေဟာ ပျော်ရွှင်စွာ မြန်မာ့ရိုးရာနည်းအတိုင်း ကစားနေကြတယ်…မြန်မာ့ယဉ်ကျေးမှု ပြန်လည်ဦးမော့လာပါစေ…

(၁၂)လပိုင်း

ကျမတို့ နိုင်ငံသစ်ကြီးဟာ အရောင်အသွေးစုံ ကာလာစုံ ပြန်လည်ဦးမော့လာပြီး ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ဝင့်ကြွားနိုင်တဲ့နေ့ရက်တွေ ဖြစ်ပါစေ…

လက်သုံးချောင်းနဲ့ ကမ္ဘာကျော်မယ့် မြန်မာ့ မျိုးဆက်တွေ ဖြစ်ပါစေ… C R D – Jar Thaung