ဒါရိုက်တာ ကိုပေါက်ရဲ့ ယနေ့ပြောကြာလိုက်သော ရင်တွင်းစကား
|ဒါရိုက်တာ ကိုပေါက်ရဲ့ ယနေ့ပြောကြာလိုက်သော ရင်တွင်းစကား
စာဖန်သူအပေါင်းတို့ ခင်ဗျာ … ဒါရိုက်တာ ကိုပေါက်ဟာ တော်လှန်းရေး စထဲက အားတက်သရော ပါဝင်ထားသူ တစ်ယောက်ဖြစ်ပါတယ်
တော်လှန်းရေးမှာ လူတချို့ပြောနေတဲ့ မြောက်ပေးနေတာပါဆိုတဲ့ ကိစ္စကို ကိုပေါက်က
” မြှောက်ပေးနေတာမဟုတ်ဘူး …တောင့်ပေးထားတာ
အခုလူငယ်G-Zတွေက အနာဂတ်အတွက် စနစ်တကျပြင်ဆင် တိုင်ပင်ပြီး လုပ်နေကြတာ။
အတွေးအခေါ် အယူအဆတွေ အရမ်းကောင်းတယ်။
ဒီတစ်ခါ ရှူံးလို့မဖြစ်ဘူးဆိုတာ သူတို့အားလုံး သိကြတယ်။
မသိကြသေးတာက မြှောက်ပေးနေကြတယ်၊ ကလေးတွေ သေနေပြီ၊ မြှောက်မပေးကြပါနဲ့လို့ ပြောတဲ့ လူတွေပဲ။
ဟုတ်ပြီ အခုလူတွေ တွေသေလို့ တော်လှန်ရေးကို ရပ်လိုက်မယ်ဆိုရင် မိတ်ဆွေတို့ ရပ်မလား?
ဘာဖြစ်လာမလဲ တွေးမိလား။
နောက် အနှစ်(၁၀၀) ကျွန်ခံစမ်းပဲ။
ဟောင်ကောင်လို ဖြစ်သွားမယ်။ တို့စိ တို့စိ လုပ်လို့ ဒုံရင်း ဒုံရင်း ပြန်ဖြစ်မဲ့ ဘဝကို ကလေးတွေက လိုချင်တာ မဟုတ်ဘူး။
စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းချင်နေတာ သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပဲ။
ကျွန်တော်တို့ မြှောက်ပေးစရာ မလိုပဲ သူတို့ အသိစိတ်နဲ့ သူတို့ဟာ သူတို့ လုပ်နေတာ။
G-Zတွေက မြှောက်ပေးတိုင်း ဘူမသိ ကိုးမသိ လုပ်တဲ့ ၅၀၀၀ စားတွေ မဟုတ်ဘူး။
ပညာတတ် လူငယ်တွေ အများကြီးက ဦးဆောင်နေတာ။
ကျွန်တော်တို့က မြှောက်ပေးနေတာ မဟုတ်ဘူး… တောင့်ပေးထားတာ။
ကျွန်တော်တို့တွေက တောင့်ပေးထားရမှာ။
ကလေးတွေက သေမှာမကြောက်ဘူး။
သူတို့တွေက အာဏာရှင် သက်ဆိုးရှည်မှာကိုပဲ ကြောက်တာ။
“စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံက ၈၈၈၈/၂၀၀၇/၂၀၂၁ ခေတ် သုံးခေတ်လုံးမှာ ပါခဲ့တယ်။
-၈၈၈၈ တုန်းက (မဆလ) စနစ်ကိုပဲ တိုက်ထုပ်နိုင်ခဲ့တာ။ တော်လှန်ရေး အပြီးသတ် မအောင်ဘူး။
-၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက ဒီမိုကရေစီ လမ်းပေါ်ကိုပဲတွန်းပေးနိုင်ခဲ့တာ။ တော်လှန်ရေးအပြီးသတ် မအောင်ဘူး။
-အခု၂၀၂၁နွေဦးတော်လှန်ရေးဟာ အပြီးသတ်တိုက်ပွဲ အဆုံသတ်နိုင်ပွဲဖြစ်ရမယ်။
အရေးကြီးဆုံးက ဉာဏ်နဲ့ယှဉ်ပြီးသတိထားပါ။ အရေးတော်ပုံအောင်ရမည်။ ” ဆိုပြီး ရင်တွင်းခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်
စာဖတ်သူအပေါင်း ဘေးဘယာ ကင်းရှင်းကြပါစေ …