ရုပ်ရှင်အသိုင်းအဝိုင်းမှ ရာသက်ပန် ဖယ်ရှားခြင်းခံလိုက်ရတဲ့ နေခြည်ဦး နှင့် ဆုပန်ထွာ

နေခြည်ဦး နှင့် ဆုပန်ထွာ အား မြန်မာ့ရုပ်ရှင် အသိုင်း အဝိုင်းမှ ရာသက်ပန် ဖယ်ရှားခြင်း

နေခြည်ဦး နှင့် ဆုပန်ထွာ အား မြန်မာ့ရုပ်ရှင် အသိုင်းအဝိုင်းမှ ရာသက်ပန် ဖယ်ရှားခြင်း အကြောင်းလေးပြောပါချင်ပတယ် … မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ ပြည်သူချစ် အနုပညာ နှစ်ဦး ဖြစ်တဲ့ နေခြည်ဦး နှင့် ဆုပန်ထွာ တို့အား မြန်မာ့ ရုပ်ရှင် အသိုင်းအဝိုင်းမှ တရားဝင် ပိတ်ပင် လိုက်ပါတယ်။

နေခြည်ဦး နှင့် ဆုပန်ထွာ ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ ပြည်သူတွေ ခံစားနေရတဲ့ မတရားမှုတွေကို ဆန့်ကျင်ရေးမှာ ပါဝင် လှုပ်ရှားမှု မရှိသလို မိမိရရှိထားတဲ့ အောင်မြင်မှု ကို အသုံးချခြင်း မပြုပဲ စံပြ ပုဂ္ဂိုလ် အနေနဲ့ မရှိနေ ခဲ့တဲ့ အတွက်ကြောင့် ပိတ်ပင်ခံလိုက်ရတာပါ။

“တရားဝင် ထပ်မံ ပိတ်ပင်တားမြစ်ခြင်း သရုပ်ဆောင် “‌နေခြည်ဦး” သည်နိုင်ငံရေး အကြပ် အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီ ‌ထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း ၊

သင် ရရှိထား​သော အောင်မြင်မှုအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိမနေခြင်း ၊ အခုလိုပြည်သူများ အသက်ချွေးပေး ဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်း လဲမရှိခြင်း နှင့်

အဆိုးဆုံးကတော့ မိမိတို့ပြည်သူလူထုကို လိမ်ညာပြီး ဟန်ပြလုပ် သွားခြင်းသည် ပုန်ကန်သည့် သဘောကို သက်ရောက်နေတာဖြစ်လို့ ယနေ့ ၊ ယခုမှ စတင်ကာ မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းမှ “နေခြည်ဦး” အား

ရာသက်ပန်တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပြီး သူနှင့်ပက်သက်သော Information များ အားလုံးကိုလည်း မိမိတို့ဖက်မှ ဖျက်သိမ်းမည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည်။” ဆိုပြီး ‌နေခြည်ဦးကို ဖယ်ရှားကြောင်း ကြေညာ ခဲ့ပြီး

ဆုပန်ထွား အား မြန်မာ့ရုပ်ရှင် အသိုင်းအဝိုင်းမှ ဖယ်ရှားကြောင်းကို ကြေညာခဲ့ပါသေးတယ်။ “တရားဝင် ထပ်မံ ပိတ်ပင်တားမြစ်ခြင်း သရုပ်ဆောင် “ဆုပန်ထွာ” သည်နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း၊

သင် ရရှိထား​သော အောင်မြင်မှုအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိမနေခြင်း ၊ အခုလိုပြည်သူများ အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်းလဲမရှိခြင်း နှင်

အဆိုးဆုံးကတော့ မိမိတို့ပြည်သူ လူထုကို ပုန်ကန်သည့် သဘောကို သက်ရောက်နေတာဖြစ်လို့ ယနေ့ ၊ ယခုမှ စတင်ကာ မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းမှ “ဆုပန်ထွာ” အား ရာသက်ပန်တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပြီး

သူနှင့်ပက်သက်သော Information များ အားလုံးကိုလည်း မိမိတို့ဖက်မှ ဖျက်သိမ်းမည်​ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည်။ ” ဆိုပြီး ကြေညာ ခဲ့ပြီ ပဲ ဖြစ်ပါတယ်။

အခြား ကျန်ရှိတဲ့ အနုပညာရှင် များကို လဲ ဆက်လက် ကြေညာ သွားမှာ ဖြစ်ပြီး လုပ်စရာ ရှိတာ ဆက်လုပ်သွား မယ် လို့လဲ ရေသားဖော်ပြ ထားခဲ့ပါသေးတယ်။

ပြည်သူတွေနဲ့ အတူ ရပ်တည် ပေးကြတဲ့ အသိုင်းအဝိုင်း အားလုံးကို ကျေးဇူး အများကြီး တင်ရှိပါတယ်။ ဒီမိုကရေစီ တိုက်ပွဲ ၀င်နေကြတဲ့ ပြည်သူ အားလုံး ဘေးအန္တရာယ် ကင်း ရှင်း ကြပါစေ။

ဖတ်ရှုအားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး သာယာသော နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက် ရပါတယ်။ Source ; The Myanmar Academy Awards / c r d : T T Pyaw Mal