အလကားစားရတယ္ဆိုျပီး သျဖဲနျဖဲစားခဲ႕လို႕ ေဆးရံုပါေရာက္သြားတဲ႕ သာေကတမွ ရဲ၅၀ေက်ာ္

တပ္မေတာ္ ေထာက္ခံသူပါဟု လိမ္ညာပီး ေကြၽးေမြးေသာ မုန့္ဟင္းခါးမ်ား စားပီးေနာက္ ရဲ၅၀ေက်ာ္ ဝမ္းေလွ်ာ

ျဖစ္စဥ္မွာ ယေန႕မနက္ အေစာပိုင္းတြင္ ဇင္ကမာလမ္းႏွင့္ ထူပါ႐ုံလမ္းေထာင့္ စိန္သုံးလုံး မုန႔္ဟင္းခါးသည္ ဆိုင္ရွင္က မိမိကိုယ္ကိုတပ္မေတာ္ ေထာက္ခံသူဟု ဆိုကာ တာဝန္က် ရဲအရာရွိမ်ားအား ငါးမုန႔္ဟင္းခါး အိုးဘဲဉျဖင့္ လာေရာက္သုံးေဆာင္ဖို႔ ဖိတ္ကာ ေကြၽးေမြးခဲ့ပီးေနာက္၊

ဖိတ္ကာ ေကြၽးေမြးခဲ့ပီးေနာက္ ၊ေနာက္ထပ္ ရဲအေယာက္ ၅၀ေက်ာ္စာအတြက္ မုန႔္ဟင္းခါးမ်ား ပါဆယ္ထည့္ေပးလိုက္ရာ စားသုံးမိေသာ ရဲဝန္ထမ္းမ်ားမွာ ဝမ္းေလွ်ာ ဝမ္းပ်က္ ျဖစ္ကုန္သျဖင့္ ထိုဆိုင္သို႔ ျပန္လည္သြားေရာက္ ေမးျမန္းရာမွ

ဆိုင္ပိတ္ထားသည္ကို ေတြ႕ရွိရပီး ပိုင္ရွင္လည္း ထြက္ေျပးသိမ္းေရွာင္ေနေၾကာင္း သိရပါတယ္။ ထိုဆိုင္အား ရဲႏွင့္ စစ္သားမ်ားမွ ဖ်က္ဆီးလိုက္ၾကသည္ကို အနီးရွိရပ္ကြက္ေန ျပည္သူမ်ားက လႈမႈကြန္ယက္ေပၚတြင္ ေျပာဆို ေဝဖန္ခဲ့ၾကပီး။ တာဝန္က်ရဲမ်ား ေဝဒနာ ခံစားေနရသျဖင့္ သေကတသို႔ တပ္ကူမ်ား ေစလႊတ္ရသည္ဟု ၾကားသိရပါတယ္။ ဝမ္းေလွ်ာ ဝမ္းပ်က္ခံစားေနရေသာ ရဲမ်ားမွာ

အေရးေပၚ ေဆး႐ုံႀကီးသို႔ သြားရာ တာဝန္က် ဆရာဝန္မ်ား CDMလုပ္ေနသျဖင့္ စစ္ေဆး႐ုံသို႔ လႊဲေျပာင္း ကုသခဲ့ရပါတယ္လို႔ သာေကတဒုရဲအုပ္ ေက်ာ္ဇင္လတ္က ျပန္လည္ ေျဖရွင္းခဲ့ပါတယ္။ ဆက္လက္ပီး မုန႔္ဟင္းခါးဆိုင္ ပိုင္ရွင္အား ပုဒ္မ၅၀၅/ခ ျဖင့္သာေကတ ရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း ႀကားသိရပါတယ္။

uni – တပ်မတော် ထောက်ခံသူပါဟု လိမ်ညာပီး ကျွေးမွေးသော မုန့်ဟင်းခါးများ စားပီးနောက် ရဲ၅၀ကျော် ဝမ်းလျှော

ဖြစ်စဉ်မှာ ယနေ့မနက် အစောပိုင်းတွင် ဇင်ကမာလမ်းနှင့် ထူပါရုံလမ်းထောင့် စိန်သုံးလုံး မုန့်ဟင်းခါးသည် ဆိုင်ရှင်က မိမိကိုယ်ကိုတပ်မတော် ထောက်ခံသူဟု ဆိုကာ တာဝန်ကျ ရဲအရာရှိများအား ငါးမုန့်ဟင်းခါး အိုးဘဲဉဖြင့် လာရောက်သုံးဆောင်ဖို့ ဖိတ်ကာ ကျွေးမွေးခဲ့ပီးနောက်၊

ဖိတ်ကာ ကျွေးမွေးခဲ့ပီးနောက် ၊နောက်ထပ် ရဲအယောက် ၅၀ကျော်စာအတွက် မုန့်ဟင်းခါးများ ပါဆယ်ထည့်ပေးလိုက်ရာ စားသုံးမိသော ရဲဝန်ထမ်းများမှာ ဝမ်းလျှော ဝမ်းပျက် ဖြစ်ကုန်သဖြင့် ထိုဆိုင်သို့ ပြန်လည်သွားရောက် မေးမြန်းရာမှ

ဆိုင်ပိတ်ထားသည်ကို တွေ့ရှိရပီး ပိုင်ရှင်လည်း ထွက်ပြေးသိမ်းရှောင်နေကြောင်း သိရပါတယ်။ ထိုဆိုင်အား ရဲနှင့် စစ်သားများမှ ဖျက်ဆီးလိုက်ကြသည်ကို အနီးရှိရပ်ကွက်နေ ပြည်သူများက လှုမှုကွန်ယက်ပေါ်တွင် ပြောဆို ဝေဖန်ခဲ့ကြပီး။ တာဝန်ကျရဲများ ဝေဒနာ ခံစားနေရသဖြင့် သကေတသို့ တပ်ကူများ စေလွှတ်ရသည်ဟု ကြားသိရပါတယ်။ ဝမ်းလျှော ဝမ်းပျက်ခံစားနေရသော ရဲများမှာ

အရေးပေါ် ဆေးရုံကြီးသို့ သွားရာ တာဝန်ကျ ဆရာဝန်များ CDMလုပ်နေသဖြင့် စစ်ဆေးရုံသို့ လွှဲပြောင်း ကုသခဲ့ရပါတယ်လို့ သာကေတဒုရဲအုပ် ကျော်ဇင်လတ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ဆက်လက်ပီး မုန့်ဟင်းခါးဆိုင် ပိုင်ရှင်အား ပုဒ်မ၅၀၅/ခ ဖြင့်သာကေတ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ကြားသိရပါတယ်။

Tags: